ကမ္ဘာ့ဖလားဆွတ်ခူးလိုက်တာကြောင့် ပီအက်စ်ဂျီနဲ့စာချုပ်သစ်ကိစ္စအတွက် မက်ဆီ တုံ့ဆိုင်းသွားတာဖြစ်တယ်လို့ သတင်းထွက်လာ

မက်ဆီဟာ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့စာချုပ်ပြည့်တော့မှာဖြစ်ပြီး

စာချုပ်သစ်အတွက်နှုတ်အားဖြင့်သဘောတူထားတယ်လို့

သတင်းထွက်ထားပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့

အချက်အလက်တွေအရတော့ အာဂျင်တီးနားကြယ်ပွင့်ဟာ

ပါရီကလပ်နဲ့သက်တမ်းတိုးဖို့ဆန္ဒမရှိဘူးလို့ သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့အပြောင်းအရွှေ့မာစတာတစ်ယောက်ဖြစ်တဲ့

ဂျရတ်ရိုမီယိုကတော့ မက်ဆီဟာ ပီအက်စ်ဂျီနဲ့စာချုပ်သစ်

ချုပ်ဆိုဖို့အတွက် ရည်ရွက်ချက်မရှိဘူးလို့အသိပေးလိုက်တာဖြစ်တယ်။

အသက် ၃၅နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့် မက်ဆီဟာ

နောက်ထပ်ခြေလှမ်းအတွက်အကဲဖြတ်ဖို့ဆန္ဒရှိနေသေးတာကြောင့်

စာချုပ်သစ်အတွက်တွန့်ဆုတ်နေတာဖြစ်တယ်လို့ ဂျရတ်ရိုမီယိုက

ဆိုခဲ့ပါတယ်။ Barça Universal ဝက်ဘ်ဆိုက်ကတစ်ဆင့်

ဂျရတ်ရိုမီယိုရဲ့ဖော်ပြချက်မှာတော့ “ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တာကြောင့်

ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းတိုးဖို့ မက်ဆီဘက်က တုံ့ဆိုင်းသွားပါတယ်။

သူ သက်တမ်းတိုးချင်စိတ်မရှိတော့ပါဘူး။ အနာဂတ်အတွက်

တခြားအရာတွေကိုတန်ဖိုးထားချင်စိတ်ရှိလာပါတယ်” လို့

ပါရှိခဲ့တာဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်အတွင်း

စပိန်သတင်းစာ Mundo Deportivo ရဲ့ဖော်ပြချက်မှာတော့

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဟာ မက်ဆီကို တစ်နှစ်လုပ်ခ

ဒေါ်လာသန်း ၃၅၀ ပေးချေကမ်းလှမ်းဖို့အဆင်သင့်ဖြစ်နေပြီလို့ သိခဲ့ရတာဖြစ်တယ်။

zawgyi

ကမာၻ႔ဖလားဆြတ္ခူးလိုက္တာေၾကာင့္ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သစ္ကိစၥအတြက္ မက္ဆီ တုံ႔ဆိုင္းသြားတာျဖစ္တယ္လို႔ သတင္းထြက္လာ

မက္ဆီဟာ ရာသီကုန္မွာ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္ျပည့္ေတာ့မွာျဖစ္ၿပီး

စာခ်ဳပ္သစ္အတြက္ႏႈတ္အားျဖင့္သေဘာတူထားတယ္လို႔

သတင္းထြက္ထားပါတယ္။ ေနာက္ဆုံးထြက္ေပၚလာတဲ့

အခ်က္အလက္ေတြအရေတာ့ အာဂ်င္တီးနားၾကယ္ပြင့္ဟာ

ပါရီကလပ္နဲ႔သက္တမ္းတိုးဖို႔ဆႏၵမရွိဘူးလို႔ သိရပါတယ္။

ဘာစီလိုနာအသင္းရဲ႕အေျပာင္းအေ႐ႊ႕မာစတာတစ္ေယာက္ျဖစ္တဲ့

ဂ်ရတ္႐ိုမီယိုကေတာ့ မက္ဆီဟာ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သစ္

ခ်ဳပ္ဆိုဖို႔အတြက္ ရည္႐ြက္ခ်က္မရွိဘူးလို႔အသိေပးလိုက္တာျဖစ္တယ္။

အသက္ ၃၅ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တာေၾကာင့္ မက္ဆီဟာ

ေနာက္ထပ္ေျခလွမ္းအတြက္အကဲျဖတ္ဖို႔ဆႏၵရွိေနေသးတာေၾကာင့္

စာခ်ဳပ္သစ္အတြက္တြန႔္ဆုတ္ေနတာျဖစ္တယ္လို႔ ဂ်ရတ္႐ိုမီယိုက

ဆိုခဲ့ပါတယ္။ Barça Universal ဝက္ဘ္ဆိုက္ကတစ္ဆင့္

ဂ်ရတ္႐ိုမီယိုရဲ႕ေဖာ္ျပခ်က္မွာေတာ့ “ကမာၻ႔ဖလားဆြတ္ခူးခဲ့တာေၾကာင့္

ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ မက္ဆီဘက္က တုံ႔ဆိုင္းသြားပါတယ္။

သူ သက္တမ္းတိုးခ်င္စိတ္မရွိေတာ့ပါဘူး။ အနာဂတ္အတြက္

တျခားအရာေတြကိုတန္ဖိုးထားခ်င္စိတ္ရွိလာပါတယ္” လို႔

ပါရွိခဲ့တာျဖစ္တယ္။ လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္အတြင္း

စပိန္သတင္းစာ Mundo Deportivo ရဲ႕ေဖာ္ျပခ်က္မွာေတာ့

ေဆာ္ဒီကလပ္ အယ္လ္ဟီလာအသင္းဟာ မက္ဆီကို တစ္ႏွစ္လုပ္ခ

ေဒၚလာသန္း ၃၅၀ ေပးေခ်ကမ္းလွမ္းဖို႔အဆင္သင့္ျဖစ္ေနၿပီလို႔ သိခဲ့ရတာျဖစ္တယ္။