ကမ္ဘာ့ဖလားဆုတံဆိပ် ထည့်ဖို့အတွက် အိတ်တစ်လုံးအပိုဆောင်လာတဲ့ ဒီကလန်ရိုက်စ်

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူပြီး အင်္ဂလန်မြေဆီ ပြန်သယ်လာနိုင် ဖို့အတွက် အိတ်ခွံအလွတ်တစ်လုံး အပိုဆောင်လာခဲ့တယ်လို့ အင်္ဂလန်ကွင်း လယ်လူ ဒီကလန်ရိုက်စ်က ပြောဆိုလိုက်ပါတယ်။

ယုံကြည်မှု အပြည့်ရှိနေတဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ နည်းပြဆောက်ဂိတ်ရဲ့ အသင်းရှိရာ စုရပ်ဖြစ်တဲ့ စိန့်ဂျော့ပါ့ခ်ကို သွားရောက်ခဲ့ပြီး

အင်္ဂလန်နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ အဲဒီကို လာရာလမ်းခရီးမှာတော့ ရိုက်စ်ဟာ သူ့ရဲ့ ယာဉ်မောင်းကို အခုလိုမျိုး ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ‘’အဲဒီအိတ်က ဘာမှ ထည့်မထားဘူး။

အလွတ်ကြီး။ အပို ဆောင်လာတာ။ ကမ္ဘာ့ဖလားကို အဲဒီအထဲမှာ ထည့်ပြီး အိမ်ကို ပြန်ယူလာနိုင်ဖို့ ကျွန်တော် မျှော်လင့်နေလို့ပါ’’ လို့ ဒီကလန်ရိုက်စ်က ပြောဆိုခဲ့တဲ့အကြောင်း

The Sun သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်သာ ရှိသေး ပေမဲ့ နည်းပြဆောက်ဂိတ်ရဲ့ အချစ်တော် ကစားသမားတစ်ယောက်ဖြစ်သလို

ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ဒီကလန်ရိုက်စ်ဟာ အင်္ဂလန်နဲ့အတူ ၃၄ ပွဲ အထိ ပွဲ ထွက်ခွင့်ရထားပြီဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာ့ဖလားဆိုတဲ့ပြိုင်ပွဲဟာ ကစားသမားတိုင်းအတွက်

မယုံနိုင်စရာ ကောင်းလွန်းတဲ့ ပြိုင်ပွဲမျိုးဖြစ်ပြီး ကိုယ်စား ပြုခွင့်ရသူတွေအတွက် ထူးခြားမှုတွေ ပေးစွမ်းတယ်လို့ ရိုက်စ်က အင်္ဂလန် ယူကျုချန်နယ်ကို ပြောဆိုခဲ့ပါတယ်။

‘’ဒါက တကယ့်ကို မယုံနိုင်စရာပါ။ ရူး သွားလောက်တယ်။ ရူးနေပြီ။ ထူးခြားတာပေါ့ဗျာ။ မတူညီတဲ့ ခံစားမှုမျိုး ရတာ။ ကမ္ဘာ့ဖလားလေဗျာ’’ လို့ ဒီကလန်ရိုက်စ်က ပြောဆိုခဲ့တာပါ။

ဒီကလန် ရိုက်စ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်နေပြီး

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီကိုယ်တိုင်ကလည်း အင်္ဂလန်ဟာ ချန်ပီယံခြေစွမ်းမျိုး ရှိနေတယ်လို့ ချီးမွမ်းထားတာမျိုး ရှိပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်းဟာ

အုပ်စု အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၁ရက်မှာ အီရန်နဲ့ စတင်ကစားရမှာ ဖြစ်ပြီး အဲဒီနောက် နိုဝင်ဘာ ၂၅ မှာတော့ အမေရိကန်နဲ့ ကစားရမှာဖြစ်ပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၂၉ ရက်မှာတော့ ဗြိတိန် အင်ပါယာတွင်းက ပြိုင်ဘက်ဖြစ်တဲ့ ဝေးလ်နဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားဆုတံဆိပ္ ထည့္ဖို႔အတြက္ အိတ္တစ္လုံးအပိုေဆာင္လာတဲ့ ဒီကလန္႐ိုက္စ္

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကို ရယူၿပီး အဂၤလန္ေျမဆီ ျပန္သယ္လာႏိုင္ ဖို႔အတြက္ အိတ္ခြံအလြတ္တစ္လုံး အပိုေဆာင္လာခဲ့တယ္လို႔ အဂၤလန္ကြင္း လယ္လူ ဒီကလန္႐ိုက္စ္က ေျပာဆိုလိုက္ပါတယ္။

ယုံၾကည္မႈ အျပည့္ရွိေနတဲ့ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ ဒီကလန္႐ိုက္စ္ဟာ ၿပီးခဲ့တဲ့ တနလၤာေန႔မွာ နည္းျပေဆာက္ဂိတ္ရဲ႕ အသင္းရွိရာ စုရပ္ျဖစ္တဲ့ စိန႔္ေဂ်ာ့ပါ့ခ္ကို သြားေရာက္

ခဲ့ၿပီး အဂၤလန္နဲ႔ ပူးေပါင္းခဲ့တာျဖစ္ပါတယ္။ အဲဒီကို လာရာလမ္းခရီးမွာေတာ့ ႐ိုက္စ္ဟာ သူ႔ရဲ႕ ယာဥ္ေမာင္းကို အခုလိုမ်ိဳး ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

‘’အဲဒီအိတ္က ဘာမွ ထည့္မထားဘူး။ အလြတ္ႀကီး။ အပို ေဆာင္လာတာ။ ကမာၻ႔ဖလားကို အဲဒီအထဲမွာ ထည့္ၿပီး အိမ္ကို ျပန္ယူလာႏိုင္ဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ေနလို႔ပါ’’ လို႔

ဒီကလန္႐ိုက္စ္က ေျပာဆိုခဲ့တဲ့အေၾကာင္း The Sun သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္သာ ရွိေသး ေပမဲ့ နည္းျပေဆာက္ဂိတ္ရဲ႕

အခ်စ္ေတာ္ ကစားသမားတစ္ေယာက္ျဖစ္သလို ပုံမွန္ပြဲထြက္ခြင့္ရေနတဲ့ ဒီကလန္႐ိုက္စ္ဟာ အဂၤလန္နဲ႔အတူ ၃၄ ပြဲ အထိ ပြဲ ထြက္ခြင့္ရထားၿပီျဖစ္ပါတယ္။

ေနာက္ၿပီး ကမာၻ႔ဖလားဆိုတဲ့ၿပိဳင္ပြဲဟာ ကစား သမားတိုင္းအတြက္ မယုံႏိုင္စရာ ေကာင္းလြန္းတဲ့ ၿပိဳင္ပြဲမ်ိဳးျဖစ္ၿပီး ကိုယ္စား ျပဳခြင့္ရသူေတြအတြက္

ထူးျခားမႈေတြ ေပးစြမ္းတယ္လို႔ ႐ိုက္စ္က အဂၤလန္ ယူက်ဳခ်န္နယ္ကို ေျပာဆိုခဲ့ပါတယ္။ ‘’ဒါက တကယ့္ကို မယုံႏိုင္စရာပါ။ ႐ူး သြားေလာက္တယ္။ ႐ူးေနၿပီ။ ထူးျခားတာေပါ့ဗ်ာ။

မတူညီတဲ့ ခံစားမႈမ်ိဳး ရတာ။ ကမာၻ႔ဖလားေလဗ်ာ’’ လို႔ ဒီကလန္႐ိုက္စ္က ေျပာဆိုခဲ့တာပါ။ ဒီကလန္ ႐ိုက္စ္ရဲ႕ အဂၤလန္လက္ေ႐ြးစင္အသင္းဟာ ၂၀၂၂ ကာတာ ကမာၻ႔ဖလား

ၿပိဳင္ပြဲရဲ႕ ခ်န္ပီယံဆုကို ရဖို႔ ေရပန္းစားေနတဲ့အသင္းေတြထဲက တစ္သင္းျဖစ္ ေနၿပီး အာဂ်င္တီးနား တိုက္စစ္မႉး မက္ဆီကိုယ္တိုင္ကလည္း အဂၤလန္ဟာ ခ်န္ပီယံေျခစြမ္းမ်ိဳး ရွိေနတယ္လို႔

ခ်ီးမြမ္းထားတာမ်ိဳး ရွိပါတယ္။ အဂၤလန္ လက္ေ႐ြးစင္အသင္းဟာ အုပ္စု အဖြင့္ပြဲစဥ္အျဖစ္ ႏိုဝင္ဘာ ၂၁ရက္မွာ အီရန္နဲ႔ စတင္ ကစားရမွာ ျဖစ္ၿပီး အဲဒီေနာက္ ႏိုဝင္ဘာ ၂၅ မွာေတာ့

အေမရိ ကန္နဲ႔ ကစားရမွာျဖစ္ပါတယ္။ အဲဒီေနာက္ ႏိုဝင္ဘာ ၂၉ ရက္မွာေတာ့ ၿဗိတိန္ အင္ပါယာတြင္းက ၿပိဳင္ဘက္ျဖစ္တဲ့ ေဝးလ္နဲ႔ ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။