
အိုးလ်ထရက်ဖို့ဒ်ကို ကမ္ဘာ့ဖလားဆုတံဆိပ်နဲ့ပြန်လာခဲ့တဲ့ နောက်ခံလူ





မာတီနက်ဇ်ကို သရဲနီပရိသတ်တွေက သြဘာအပြည့်ပေးခဲ့ကြပါတယ်။
မာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်း ၃ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံ





ဖြစ်ခွင့်အတွက် တစ်စိတ်တစ်ပိုင်းပါဝင်ပေးခဲ့ပြီး ကာတာကမ္ဘာ့ဖလားမှာ
၅ ပွဲ ဝင်ရောက်ကစားခဲ့သူဖြစ်တယ်။ သြစတြေးလျနဲ့ရင်ဆိုင်ခဲ့တဲ့
၁၆ သင်းအဆင့်ပွဲစဉ်မှာ ပြိုင်ဘက်ရဲ့အပိုင်ကန်ချက်ကို





တားဆီးနိုင်ခဲ့ခြင်းနဲ့အတူ အာဂျင်တီးနားကိုအကူအညီ
ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ တန်ဟတ်ကတော့





ကမ္ဘာ့ဖလားအောင်ပွဲအပြီးမှာ မာတီနက်ဇ်ကိုမိသားစုနဲ့
အချိန်ဖြုန်းဖို့ အချိန်ပိုပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ
သရဲနီတွေနဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းခဲ့သလို ဘုန်းမောက်ကို





၃-၀ နဲ့အနိုင်ရခဲ့ပွဲမှာတော့ မာတီနက်ဇ်ဟာ သူရရှိခဲ့တဲ့ကမ္ဘာ့ဖလား
ဆုတံဆိပ်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ ချပြသွားခဲ့တာဖြစ်တယ်။





အေဂျက်နောက်ခံလူဟောင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာရှိတဲ့
ပရိသတ် ၇၅၀၀၀ ရဲ့အားပေးချီးကျုးသံတွေက မိုးထိညံခဲ့ပါတယ်။
မာတီနက်ဇ်ကိုယ်တိုင်က ဝမ်းသာအားရဖြစ်ခဲ့ပြီး





အထူးအခိုက်အတန့်အတွက် ပရိသတ်တွေကိုကျေးဇူးတင်တယ်လို့
တွစ်တာစာမျက်နှာမှာ ရေးသားသွားခဲ့ပါတယ်။ “ပြောစရာစကားတောင်





မရှိပါဘူး…အိုးလ်ထရက်ဖို့ဒ်၊ ကျွန်တော်ရဲ့အသင်းဖော်တွေနဲ့
အံ့အားသင့်ဖို့ကောင်းတဲ့ ဧည့်ခံပွဲအတွက် ကျေးဇူးတင်ပါတယ်။
အနိုင်ရပြီးပြန်လာတာက ခံစားလို့ကောင်းလိုက်တာ” လို့





မာတီနက်ဇ်က တွစ်တာမှာရေးသားသွားခဲ့ပါတယ်။
ဘုန်းမောက်နဲ့ပွဲမှာတော့ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်အတွက်





မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ပွဲထွက်ခဲ့ပြီး မာတီနက်ဇ်ကတော့
လူစားဝင်အဖြစ် ၂ မိနစ်သာကစားခွင့်ရခဲ့ပါတယ်။
zawgyi





ကမာၻ႔ဖလားဆုတံဆိပ္နဲ႔ အိုးလ္ထရက္ဖို႔ဒ္ျပန္လာခဲ့တဲ့ မာတီနက္ဇ္ကို သရဲနီပရိသတ္ေတြရဲ႕အားေပးသံက မိုးထိညံခဲ့တယ္
အိုးလ္ထရက္ဖို႔ဒ္ကို ကမာၻ႔ဖလားဆုတံဆိပ္နဲ႔ျပန္လာခဲ့တဲ့ ေနာက္ခံလူ





မာတီနက္ဇ္ကို သရဲနီပရိသတ္ေတြက ၾသဘာအျပည့္ေပးခဲ့ၾကပါတယ္။
မာတီနက္ဇ္ဟာ အာဂ်င္တီးနားအသင္း ၃ႀကိမ္ေျမာက္ ကမာၻ႔ခ်န္ပီယံ
ျဖစ္ခြင့္အတြက္ တစ္စိတ္တစ္ပိုင္းပါဝင္ေပးခဲ့ၿပီး ကာတာကမာၻ႔ဖလားမွာ





၅ ပြဲ ဝင္ေရာက္ကစားခဲ့သူျဖစ္တယ္။ ၾသစေၾတးလ်နဲ႔ရင္ဆိုင္ခဲ့တဲ့
၁၆ သင္းအဆင့္ပြဲစဥ္မွာ ၿပိဳင္ဘက္ရဲ႕အပိုင္ကန္ခ်က္ကို





တားဆီးႏိုင္ခဲ့ျခင္းနဲ႔အတူ အာဂ်င္တီးနားကိုအကူအညီ
ေပးႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္နည္းျပ တန္ဟတ္ကေတာ့
ကမာၻ႔ဖလားေအာင္ပြဲအၿပီးမွာ မာတီနက္ဇ္ကိုမိသားစုနဲ႔





အခ်ိန္ျဖဳန္းဖို႔ အခ်ိန္ပိုေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္မွာ
သရဲနီေတြနဲ႔အတူ ေလ့က်င့္ေရးျပန္ဆင္းခဲ့သလို ဘုန္းေမာက္ကို





၃-၀ နဲ႔အႏိုင္ရခဲ့ပြဲမွာေတာ့ မာတီနက္ဇ္ဟာ သူရရွိခဲ့တဲ့ကမာၻ႔ဖလား
ဆုတံဆိပ္ကို အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲမွာ ခ်ျပသြားခဲ့တာျဖစ္တယ္။
ေအဂ်က္ေနာက္ခံလူေဟာင္းကို အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲမွာရွိတဲ့





ပရိသတ္ ၇၅၀၀၀ ရဲ႕အားေပးခ်ီးက်ဳးသံေတြက မိုးထိညံခဲ့ပါတယ္။
မာတီနက္ဇ္ကိုယ္တိုင္က ဝမ္းသာအားရျဖစ္ခဲ့ၿပီး





အထူးအခိုက္အတန႔္အတြက္ ပရိသတ္ေတြကိုေက်းဇူးတင္တယ္လို႔
တြစ္တာစာမ်က္ႏွာမွာ ေရးသားသြားခဲ့ပါတယ္။ “ေျပာစရာစကားေတာင္
မရွိပါဘူး…အိုးလ္ထရက္ဖို႔ဒ္၊ ကြၽန္ေတာ္ရဲ႕အသင္းေဖာ္ေတြနဲ႔





အံ့အားသင့္ဖို႔ေကာင္းတဲ့ ဧည့္ခံပြဲအတြက္ ေက်းဇူးတင္ပါတယ္။
အႏိုင္ရၿပီးျပန္လာတာက ခံစားလို႔ေကာင္းလိုက္တာ” လို႔





မာတီနက္ဇ္က တြစ္တာမွာေရးသားသြားခဲ့ပါတယ္။
ဘုန္းေမာက္နဲ႔ပြဲမွာေတာ့ ယူႏိုက္တက္ရဲ႕ ဗဟိုခံစစ္အတြက္
မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ပြဲထြက္ခဲ့ၿပီး မာတီနက္ဇ္ကေတာ့





လူစားဝင္အျဖစ္ ၂ မိနစ္သာကစားခြင့္ရခဲ့ပါတယ္။