ပေါ်တူဂီကို ၁-ဝဂိုးနဲ့အနိုင်ရခဲ့တဲ့ မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလား
ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်တဲ့ ပထမဆုံးအာဖရိကအသင်းအဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်။ နည်းပြရက်ရာဂီရဲ့အသင်းဟာ ပြတ်သားတဲ့
အနိုင်ရလဒ်မျိုးပုံဖော်နိုင်တာမဟုတ်ပေမယ့် ပွဲချိန် ၄၃ မိနစ်မှာသွင်းယူခဲ့တဲ့
တိုက်စစ်မှူးအန်နက်ဆရီရဲ့ခေါင်းတိုက်ဂိုးက ဆီမီးဖိုင်နယ်ရောက်ဖို့
ပြီးပြည့်စုံခဲ့ပါတယ်။ ဆီဗီလာတိုက်စစ်မှူးဟာ ဂိုသမားကော်စတာနဲ့
နောက်ခံလူရူဘင်ဒီယက်ဇ်တို့တားဆီးနေတဲ့ကြားက အားရှိသလောက်
အမြင့်ဆုံးခုန်ပြီး ခေါင်းတိုက်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ပိုပြီးထူးခြားတာကတော့ ကာတာကမ္ဘာ့ဖလားတစ်လျှောက်
တစ်ဂိုးသာခွင့်ပြုထားတဲ့ မော်ရိုကိုခံစစ်ဖြစ်ပြီး အဲ့ဒီဂိုးကလည်း
ကနေဒါနဲ့ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာပါ။
မော်ရိုကိုဂိုးသမားဘိုနိုရဲ့ ဂိုးပေါက်ထဲကိုဂိုးသွင်းယူနိုင်တဲ့
ပြိုင်ဘက်ကစားသမားတစ်ယောက်မျှ မရှိသေးပါဘူး။
ပေါ်တူဂီနည်းပြဆန်းတို့စ်ဟာ ဆွစ်ဇာလန်ကို ၆ ဂိုးသွင်းခဲ့တဲ့
တိုက်စစ်အစုအဖွဲ့နဲ့ချဉ်းကပ်ခဲ့ပေမယ့် မာကျောတဲ့မော်ရိုကိုခံစစ်ကို
ဂိုးရအောင်မရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်းတို့စ်ဟာ ဒုတိယပိုင်းရဲ့
အစောဆုံးအချိန်မှာ ရော်နယ်ဒိုကိုထည့်သွင်းပြီး တိုက်စစ်မြှင့်တင်
ခဲ့ပေမဲ့လည်း လိုရာမရောက်ခဲ့ပါဘူး။ ကင်မရွန်း၊ ဂါနာနဲ့ ဆီနီဂေါတို့လို
အသင်းတွေဟာ အတိတ်နေ့ရက်တွေမှာ ကွာတားဖိုင်နယ်ရောက်အောင်
ချဉ်းကပ်နိုင်ခဲ့ပေမဲ့ အာဖရိကသားတွေရဲ့အိပ်မက်က အစဉ်အဆက်
ကျကွဲခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ မော်ရိုကိုကတော့ ထူးခြားတဲ့ပုံစံနဲ့
ပြိုင်ပွဲရဲ့အောက်အသင်းအဖြစ်ကနေ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို
တက်ရောက်နိုင်တဲ့ အာဖရိကအသင်းဖြစ်အောင်စွမ်းဆောင်ပြနိုင်ခဲ့ပါပြီ။
zawgyi
ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပထမဆုံး တက်ရောက်နိုင်တဲ့အသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ အာဖရိက