





ယူနိုက်တက်နည်းပြတန်ဟတ်ဟာ အင်္ဂလန်အသင်းနဲ့အတူကမ္ဘာ့ဖလား
ကွာတားဖိုင်နယ်တက်ရောက်ခဲ့တဲ့ နောက်ခံလူမက်ဂွိုင်းယားကို





ဂုဏ်ပြုမက်ဆေ့ချ်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ကစားသမားဘက်က
ဒီလိုအထောက်အပံ့မျိုးရတာဟာ ကောင်းမွန်တဲ့ခံစားချက်ပဲလို့
ဖွင့်ဟလိုက်တာပါ။ မက်ဂွိုင်းယားဟာ ကမ္ဘာ့ဖလားကာလအတွင်း





ယူနိုက်တက်နည်းပြတန်ဟတ်နဲ့အဆက်မပြတ်ကြောင်းကို
အသိပေးလိုက်တာဖြစ်တယ်။ အသက် ၂၉နှစ်အရွယ် အင်္ဂလန်နောက်ခံလူဟာ





ဒီရာသီပရီးမီးယားလိဂ်မှာ ၃ပွဲသာ ပွဲထွက်ခွင့်ရပြီးနောက် အိုးလ်ထရက်ဖို့ဒ်ကို
ကျောခိုင်းတော့မယ်လို့ သတင်းပြေးနေသူဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလား
ခြေစွမ်းကြောင့် သူနဲ့ပတ်သတ်တဲ့အယူအဆတွေကို ယူနိုက်တက်ဘက်က





ပြောင်းလဲလာဖို့ရှိနေပါတယ်။ “ကျွန်တော်အဝေးရောက်နေချိန်မှာ
ယူနိုက်တက်ဘက်က ကျွန်တော့်ကိုအင်္ဂလန်အတွက်





အာရုံအပြည့်စိုက်စေချင်တယ်။ ကျွန်တော်ဘယ်လောက်အထိ
ကောင်းအောင်စွမ်းဆောင်နိုင်သလဲဆိုတာနဲ့ ကွာတားဖိုင်နယ်တက်ရောက်လို့
ဂုဏ်ယူကြောင်းမက်ဆေ့ချ်တွေလက်ခံရရှိထားပါတယ်။





သူတို့ ကမ္ဘာ့ဖလားပွဲစဉ်တွေကိုစောင့်ကြည့်နေမှာအသေအချာပါပဲ။
တန်ဟတ်ကတော့ လိမ္မော်ရောင်စစ်တပ်(နယ်သာလန်) ကို





အားပေးနေပါလိမ့်မယ်။ သူတို့တွေရဲ့အထောက်အပံ့တွေက
ခံစားချက်ကောင်းဖြစ်ပေါ်စေတယ်” လို့ မက်ဂွိုင်းယားက
ပြောဆိုထားပါတယ်။ မက်ဂွိုင်းယားရဲ့ အင်္ဂလန်အသင်းဟာ





ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံပြင်သစ်နဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။





zawgyi
ကမာၻ႔ဖလားေျခစြမ္းေၾကာင့္ တန္ဟတ္ဆီကဂုဏ္ျပဳမက္ေဆ့ခ်္ရခဲ့တယ္လို႔ မက္ဂြိဳင္းယား ဖြင့္ဟလာ
ယူႏိုက္တက္နည္းျပတန္ဟတ္ဟာ အဂၤလန္အသင္းနဲ႔အတူကမာၻ႔ဖလား





ကြာတားဖိုင္နယ္တက္ေရာက္ခဲ့တဲ့ ေနာက္ခံလူမက္ဂြိဳင္းယားကို
ဂုဏ္ျပဳမက္ေဆ့ခ်္ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။ ကစားသမားဘက္က





ဒီလိုအေထာက္အပံ့မ်ိဳးရတာဟာ ေကာင္းမြန္တဲ့ခံစားခ်က္ပဲလို႔
ဖြင့္ဟလိုက္တာပါ။ မက္ဂြိဳင္းယားဟာ ကမာၻ႔ဖလားကာလအတြင္း
ယူႏိုက္တက္နည္းျပတန္ဟတ္နဲ႔အဆက္မျပတ္ေၾကာင္းကို





အသိေပးလိုက္တာျဖစ္တယ္။ အသက္ ၂၉ႏွစ္အ႐ြယ္ အဂၤလန္ေနာက္ခံလူဟာ
ဒီရာသီပရီးမီးယားလိဂ္မွာ ၃ပြဲသာ ပြဲထြက္ခြင့္ရၿပီးေနာက္ အိုးလ္ထရက္ဖို႔ဒ္ကို





ေက်ာခိုင္းေတာ့မယ္လို႔ သတင္းေျပးေနသူျဖစ္ပါတယ္။ ဒါေပမဲ့ ကမာၻ႔ဖလား
ေျခစြမ္းေၾကာင့္ သူနဲ႔ပတ္သတ္တဲ့အယူအဆေတြကို ယူႏိုက္တက္ဘက္က
ေျပာင္းလဲလာဖို႔ရွိေနပါတယ္။ “ကြၽန္ေတာ္အေဝးေရာက္ေနခ်ိန္မွာ





ယူႏိုက္တက္ဘက္က ကြၽန္ေတာ့္ကိုအဂၤလန္အတြက္
အာ႐ုံအျပည့္စိုက္ေစခ်င္တယ္။ ကြၽန္ေတာ္ဘယ္ေလာက္အထိ





ေကာင္းေအာင္စြမ္းေဆာင္ႏိုင္သလဲဆိုတာနဲ႔ ကြာတားဖိုင္နယ္တက္ေရာက္လို႔
ဂုဏ္ယူေၾကာင္းမက္ေဆ့ခ်္ေတြလက္ခံရရွိထားပါတယ္။
သူတို႔ ကမာၻ႔ဖလားပြဲစဥ္ေတြကိုေစာင့္ၾကည့္ေနမွာအေသအခ်ာပါပဲ။





တန္ဟတ္ကေတာ့ လိေမၼာ္ေရာင္စစ္တပ္(နယ္သာလန္) ကို
အားေပးေနပါလိမ့္မယ္။ သူတို႔ေတြရဲ႕အေထာက္အပံ့ေတြက





ခံစားခ်က္ေကာင္းျဖစ္ေပၚေစတယ္” လို႔ မက္ဂြိဳင္းယားက
ေျပာဆိုထားပါတယ္။ မက္ဂြိဳင္းယားရဲ႕ အဂၤလန္အသင္းဟာ
ကြာတားဖိုင္နယ္မွာ လက္ရွိခ်န္ပီယံျပင္သစ္နဲ႔ ရင္ဆိုင္ရဖို႔ရွိေနပါတယ္။




