ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ဆိုရင် တရုတ်အသင်း ဟယ်ရီပေါ်တာရဲ့မှော်တုတ်အစွမ်းနဲ့ဖန်ဆင်းမှပဲရတော့မယ်လို့ ကစားသမားဟောင်းဝေဖန်

တရုတ်လက်ရွေးစင်အသင်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဝမ်ရှောင်လုံက

တရုတ်အသင်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ဆိုရင်တော့ ဟယ်ရီပေါ်တာရဲ့

ပဉ္စလက်မှော်တုတ်အစွမ်းနဲ့ဖန်ဆင်းမှပဲဖြစ်နိုင်တော့မယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

တရုတ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်တတိယအဆင့်မှာ

(၄)ပွဲကစားအပြီး၊ (၃)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် ၂၀၀၂ ကမ္ဘာ့ဖလားနောက်ပိုင်း

နှစ်ပေါင်း(၂၀)ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရဖို့ ခက်ခဲသွားပြီဖြစ်ပါတယ်။

တရုတ်ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက်

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အီတလီအသင်းနဲ့အတူချန်ပီယံဆုဖလား

ရယူခဲ့တဲ့ နာမည်ကျော်နည်းပြကြီးမာဆယ်လိုလစ်ပီနဲ့လက်တွဲခဲ့ပေမယ့်

ရလဒ်တွေက တိုးတက်မှုမရှိလာတာကြောင့် လစ်ပီဟာ ဒုတိယအဆင့်

ခြေစစ်ပွဲကာလအတွင်းမှာပဲ အသင်းနည်းပြရာထူးကနေနုတ်ထွက်ခဲ့ပါတယ်။

အဲဒီနောက် တရုတ်အသင်းနည်းပြအဖြစ် အဲဗာတန်၊ ရှက်ဖီးယူနိုက်တက်

အသင်းတို့မှာကစားခဲ့ဖူးတဲ့ နာမည်ကျော်ကစားသမားဟောင်းလီတိုင်ကို

၂၀၁၉ ခုနှစ်မှာ ခန့်အပ်ခဲ့ပေမယ့် တတိယအဆင့်ခြေစစ်ပွဲမှာ ရုန်းကန်နေရပြီး

ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက်နည်းပါးနေပါပြီ။

အဲဒါကြောင့် ဝမ်ရှောင်လုံက “တရုတ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို

ဝင်ပြိုင်ချင်တယ်ဆိုရင်တော့ ကစားသမားတွေဟာ ဟယ်ရီပေါ်တာလိုမျိုး

မှော်တုတ်လေးကို ဝှေ့ယမ်းပြီးတော့ ဖန်ဆင်းမှပဲဖြစ်နိုင်ပါတော့မယ်။

အသင်းက,ကစားသမားတွေဟာလည်း နာမည်ကျော်ပြည်ပနည်းပြတွေရဲ့

နည်းဗျူဟာအမျိုးမျိုးကြားမှာ ပွဲကို ဘယ်လိုပုံစံနဲ့ကစားရမလဲဆိုတာ မသိတော့ပါဘူး။

လက်ရွေးစင်အသင်းကို နာမည်ကြီးပြည်ပနည်းပြတွေတစ်ယောက်ပြီး

တစ်ယောက်ကိုင်တွယ်ခဲ့ပေမယ့် အပေါင်းလက္ခဏာဆောင်တဲ့ပြောင်းလဲမှုတွေ

မလုပ်နိုင်ခဲ့ဘဲ စိတ်ပျက်လက်ပျက်နဲ့သာ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။

တရုတ်စူပါလိဂ်ပြိုင်ပွဲမှာ ထိပ်တန်းအဆင့်ရှိတဲ့ပြည်ပဘောလုံးသမားတွေ

လာရောက်ကစားနေကြပြီး သူတို့တွေက တရုတ်ဘောလုံးသမားတွေဟာ

နည်းဗျူးဟာပိုင်း၊ နည်းစနစ်ပိုင်းမှာ ကောင်းကောင်းကျေညက်မှုမရှိဘူးလို့

ဝေဖန်ခဲ့ဖူးပါတယ်။ နိုင်ငံခြားသားနည်းပြတွေဆိုတာက နည်းဗျူဟာပိုင်းကို

ဦးစားပေးလေ့ရှိတာကြောင့် တရုတ်လက်ရွေးစင်ဘောလုံးသမားတွေရဲ့

စွမ်းဆောင်ရည်ကိုကြည့်ပြီး မချိပြုံး ပြုံးနေရတာပဲများပါတယ်”လို့ပြောကြားခဲ့ပါတယ်။

တရုတ်အသင်းဟာ အာရှဘောလုံးလောကရဲ့ထိပ်သီးစာရင်းဝင်အသင်း

တစ်သင်းအဖြစ် သတ်မှတ်ခံထားရပေမယ့် အောင်မြင်မှုကြီးကြီးမားမား

မရယူနိုင်သေးဘဲ အာရှဖလားပြိုင်ပွဲတစ်လျှောက် ၁၉၈၄၊ ၂၀၀၄ ခုနှစ်တွေမှာ

ဒုတိယရခဲ့တာသာရှိခဲ့ပြီး ၂၀၀၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာက

သူတို့အတွက်အကြီးမားဆုံးအောင်မြင်မှုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

zawgyi

ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ဖို႔ဆိုရင္ တ႐ုတ္အသင္း ဟယ္ရီေပၚတာရဲ႕ေမွာ္တုတ္အစြမ္းနဲ႔ဖန္ဆင္းမွပဲရေတာ့မယ္လို႔ ကစားသမားေဟာင္းေဝဖန္

တ႐ုတ္လက္ေ႐ြးစင္အသင္းကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဝမ္ေရွာင္လုံက

တ႐ုတ္အသင္း ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ဖို႔ဆိုရင္ေတာ့ ဟယ္ရီေပၚတာရဲ႕

ပၪၥလက္ေမွာ္တုတ္အစြမ္းနဲ႔ဖန္ဆင္းမွပဲျဖစ္ႏိုင္ေတာ့မယ္လို႔ ေဝဖန္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ အာရွဇုန္တတိယအဆင့္မွာ

(၄)ပြဲကစားအၿပီး၊ (၃)ပြဲအထိရႈံးနိမ့္ခဲ့တာေၾကာင့္ ၂၀၀၂ ကမာၻ႔ဖလားေနာက္ပိုင္း

ႏွစ္ေပါင္း(၂၀)ၾကာေဝးကြာေနတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ခြင့္ရဖို႔ ခက္ခဲသြားၿပီျဖစ္ပါတယ္။

တ႐ုတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ဖို႔အတြက္

၂၀၀၆ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အီတလီအသင္းနဲ႔အတူခ်န္ပီယံဆုဖလား

ရယူခဲ့တဲ့ နာမည္ေက်ာ္နည္းျပႀကီးမာဆယ္လိုလစ္ပီနဲ႔လက္တြဲခဲ့ေပမယ့္

ရလဒ္ေတြက တိုးတက္မႈမရွိလာတာေၾကာင့္ လစ္ပီဟာ ဒုတိယအဆင့္

ေျခစစ္ပြဲကာလအတြင္းမွာပဲ အသင္းနည္းျပရာထူးကေနႏုတ္ထြက္ခဲ့ပါတယ္။

အဲဒီေနာက္ တ႐ုတ္အသင္းနည္းျပအျဖစ္ အဲဗာတန္၊ ရွက္ဖီးယူႏိုက္တက္

အသင္းတို႔မွာကစားခဲ့ဖူးတဲ့ နာမည္ေက်ာ္ကစားသမားေဟာင္းလီတိုင္ကို

၂၀၁၉ ခုႏွစ္မွာ ခန႔္အပ္ခဲ့ေပမယ့္ တတိယအဆင့္ေျခစစ္ပြဲမွာ ႐ုန္းကန္ေနရၿပီး

ေျခစစ္ပြဲေအာင္ဖို႔ေမွ်ာ္လင့္ခ်က္နည္းပါးေနပါၿပီ။

အဲဒါေၾကာင့္ ဝမ္ေရွာင္လုံက “တ႐ုတ္အသင္း ကမာၻ႔ဖလားၿပိဳင္ပြဲကို

ဝင္ၿပိဳင္ခ်င္တယ္ဆိုရင္ေတာ့ ကစားသမားေတြဟာ ဟယ္ရီေပၚတာလိုမ်ိဳး

ေမွာ္တုတ္ေလးကို ေဝွ႔ယမ္းၿပီးေတာ့ ဖန္ဆင္းမွပဲျဖစ္ႏိုင္ပါေတာ့မယ္။

အသင္းက,ကစားသမားေတြဟာလည္း နာမည္ေက်ာ္ျပည္ပနည္းျပေတြရဲ႕

နည္းဗ်ဴဟာအမ်ိဳးမ်ိဳးၾကားမွာ ပြဲကို ဘယ္လိုပုံစံနဲ႔ကစားရမလဲဆိုတာ မသိေတာ့ပါဘူး။

လက္ေ႐ြးစင္အသင္းကို နာမည္ႀကီးျပည္ပနည္းျပေတြတစ္ေယာက္ၿပီး

တစ္ေယာက္ကိုင္တြယ္ခဲ့ေပမယ့္ အေပါင္းလကၡဏာေဆာင္တဲ့ေျပာင္းလဲမႈေတြ

မလုပ္ႏိုင္ခဲ့ဘဲ စိတ္ပ်က္လက္ပ်က္နဲ႔သာ လမ္းခြဲခဲ့ရတာျဖစ္ပါတယ္။

တ႐ုတ္စူပါလိဂ္ၿပိဳင္ပြဲမွာ ထိပ္တန္းအဆင့္ရွိတဲ့ျပည္ပေဘာလုံးသမားေတြ

လာေရာက္ကစားေနၾကၿပီး သူတို႔ေတြက တ႐ုတ္ေဘာလုံးသမားေတြဟာ

နည္းဗ်ဴးဟာပိုင္း၊ နည္းစနစ္ပိုင္းမွာ ေကာင္းေကာင္းေက်ညက္မႈမရွိဘူးလို႔

ေဝဖန္ခဲ့ဖူးပါတယ္။ ႏိုင္ငံျခားသားနည္းျပေတြဆိုတာက နည္းဗ်ဴဟာပိုင္းကို

ဦးစားေပးေလ့ရွိတာေၾကာင့္ တ႐ုတ္လက္ေ႐ြးစင္ေဘာလုံးသမားေတြရဲ႕

စြမ္းေဆာင္ရည္ကိုၾကည့္ၿပီး မခ်ိၿပဳံး ၿပဳံးေနရတာပဲမ်ားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္အသင္းဟာ အာရွေဘာလုံးေလာကရဲ႕ထိပ္သီးစာရင္းဝင္အသင္း

တစ္သင္းအျဖစ္ သတ္မွတ္ခံထားရေပမယ့္ ေအာင္ျမင္မႈႀကီးႀကီးမားမား

မရယူႏိုင္ေသးဘဲ အာရွဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ၁၉၈၄၊ ၂၀၀၄ ခုႏွစ္ေတြမွာ

ဒုတိယရခဲ့တာသာရွိခဲ့ၿပီး ၂၀၀၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့တာက

သူတို႔အတြက္အႀကီးမားဆုံးေအာင္ျမင္မႈလို႔ သတ္မွတ္ရမွာျဖစ္ပါတယ္။