ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်လုပ်ပေးခဲ့တဲ့ နည်းပြနဲ့ မော်ရိုကိုအသင်းလမ်းခွဲ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို (၃)လသာလိုတော့ချိန်မှာ လက်ရွေးစင်အသင်းနည်းပြ ဟာလီဟော့ဇစ်နဲ့ လမ်းခွဲလိုက်ကြောင်း မော်ရိုကိုဘောလုံးအဖွဲချုပ်က ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်

ပြင်ဆင်မှု လုပ်ဖို ဆွေးနွေးရာမှာ အမြင်မတူတာခဲ့ကြောင့် အခုလိုလမ်းခွဲဖိုဆုံးဖြတ်လိုက်တာလို မော်ရိုကိုဘောလုံးအဖွဲချုပ် ကဆိုပါတယ်။ မော်ရိုကိုအသင်းကို ၂၀၁၉ ဩဂုတ်လမှာ စတင်တာဝန်ယူခဲ့တဲ့ အသက် ၆၉ နှစ်အရွယ်

ဘော့စနီး ယားလူမျိုး ဟာလီဟော့ဇစ် မော်ကိုရိုအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲကိုအောင်မြင်အောင် စွမ်းဆောင်ပေးထား နိုင်ခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ထိ

တက်ရောက် နိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရိုကိုဘောလုံးအဖွဲချုပ်နဲ့ နည်းပြဟလီဟော့ဇစ်တို အဓိကသဘောထားကွဲလွဲခဲ့တာက တော့ ချဲလ်ဆီးကစားသမား ဇီယက်နဲ့ ပတ်သက်ပြီးဖြစ်ပါတယ်။ DR ကွန်ဂိုနဲ့ကစားမယ့်

ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်အတွက်ခေါ်ယူရာမှာငြင်းဆန်ခဲ့တဲ့ ဇီယက်ကို မော်ရိုကိုဘောလုံးအဖွဲက သူ့အတွက်အမြဲတမ်း တံခါးဖွင့်ပေးထားတယ်ဆိုပြီး တရားဝင်ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို အငြင်းပွားခဲ့တာဖြစ်ပါတယ်။

ဟာလီ ဟော့ဇစ်ရဲ့ နည်းပြဘဝမှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် (၆)လအလိုမှာ အိုင်ဗရီကိုစ်လက်ရွေးစင်အသင်းနည်းပြအဖြစ် ကနေထုတ်ပယ်ခံခဲ့ရသလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို (၂)လအလိုမှာလည်း

ဂျပန်လက်ရွေးစင်အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရဖူးတဲ့ မှတ်တမ်းတွေရှိထား တာဖြစ်ပါတယ်။ မော်ရိုကိုအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှား၊ ဘယ်လ်ဂျီယံနဲ့ ကနေဒါတို ပါဝင်တဲ့ အုပ်စု(F)မှာ ပါဝင်နေတာဖြစ်ပါတယ်။

(zawgyi)

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပဖို (၃)လသာလိုေတာ့ခ်ိန္မွာ လက္ေ႐ြးစင္အသင္းနည္းျပ ဟာလီေဟာ့ဇစ္နဲ႔ လမ္းခြဲလိုက္ေၾကာင္း ေမာ္႐ိုကိုေဘာလုံးအဖြဲခ်ဳပ္က ထုတ္ျပန္လိုက္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ျပင္ဆင္မႈ လုပ္ဖို ေဆြးေႏြးရာမွာ အျမင္မတူတာခဲ့ေၾကာင့္ အခုလိုလမ္းခြဲဖိုဆုံးျဖတ္လိုက္တာလို ေမာ္႐ိုကိုေဘာလုံးအဖြဲခ်ဳပ္ ကဆိုပါတယ္။ ေမာ္႐ိုကိုအသင္းကို ၂၀၁၉ ဩဂုတ္လမွာ စတင္တာဝန္ယူခဲ့တဲ့

အသက္ ၆၉ ႏွစ္အ႐ြယ္ ေဘာ့စနီး ယားလူမ်ိဳး ဟာလီေဟာ့ဇစ္ ေမာ္ကို႐ိုအသင္းကို ကမာၻ႔ဖလားေျခစစ္ပြဲကိုေအာင္ျမင္ေအာင္ စြမ္းေဆာင္ေပးထား ႏိုင္ခဲ့တာပါ။ ဒါ့အျပင္ ၿပီးခဲ့တဲ့ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာလည္း

ကြာတားဖိုင္နယ္အဆင့္ထိတက္ေရာက္ ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေမာ္႐ိုကိုေဘာလုံးအဖြဲခ်ဳပ္နဲ႔ နည္းျပဟလီေဟာ့ဇစ္တို အဓိကသေဘာထားကြဲလြဲခဲ့တာက ေတာ့ ခ်ဲလ္ဆီးကစားသမား ဇီယက္နဲ႔ ပတ္သက္ၿပီးျဖစ္ပါတယ္။

DR ကြန္ဂိုနဲ႔ကစားမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲ ပေလးေအာ့ဖ္ပြဲစဥ္အတြက္ေခၚယူရာမွာျငင္းဆန္ခဲ့တဲ့ ဇီယက္ကို ေမာ္႐ိုကိုေဘာလုံးအဖြဲက သူ႔အတြက္အၿမဲတမ္း တံခါးဖြင့္ေပးထားတယ္ဆိုၿပီး တရားဝင္ထုတ္ျပန္ခဲ့တာနဲ႔ပတ္သက္လို

အျငင္းပြားခဲ့တာျဖစ္ပါတယ္။ ဟာလီ ေဟာ့ဇစ္ရဲ႕ နည္းျပဘဝမွတ္တမ္းကို ျပန္ၾကည့္မယ္ဆိုရင္လည္း ၂၀၁၀ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ (၆)လအလိုမွာ အိုင္ဗရီကိုစ္လက္ေ႐ြးစင္အသင္းနည္းျပအျဖစ္ ကေနထုတ္ပယ္ခံခဲ့ရသလို

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပဖို (၂)လအလိုမွာလည္း ဂ်ပန္လက္ေ႐ြးစင္အသင္းနည္းျပအျဖစ္ကေန ထုတ္ပယ္ခံခဲ့ရဖူးတဲ့ မွတ္တမ္းေတြရွိထား တာျဖစ္ပါတယ္။ ေမာ္႐ိုကိုအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ႐ိုေအးရွား၊ ဘယ္လ္ဂ်ီယံနဲ႔ ကေနဒါတို ပါဝင္တဲ့ အုပ္စု(F)မွာ ပါဝင္ေနတာျဖစ္ပါတယ္။