ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့အထိ ရည်မှန်းထားတဲ့ ပေါ်တူဂီနည်းပြ ဆန်းတို့စ်

ပလေးအော့ဖ် ဖိုင်နယ်မှာ မြေက်မက်ဆီဒိုးနီးယားကို

၂-၀ ဂိုးနဲ့အနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက်
ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က
၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့အထိ ရည်မှန်းထားတယ်လို့ ကြုံးဝါးလိုက်ပါတယ်။
ပေါ်တူဂီဟာ ဆီမီးဖိုင်နယ်မှာ တူရကီကို ၃-၁ ဂိုးနဲ့
အနိုင်ရခဲ့သလို အခုလည်း ယူနိုက်တက်ကွင်းလယ်လူ

ဘရူနိုဖာနန်ဒက်စ်ရဲ့သွင်းဂိုးတွေကြောင့် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။
”ကျွန်တော်ဟာ ပြိုင်ပွဲ ၂ရပ်မှာ ချန်ပီယံဖြစ်ပြီးသားပါ(ယူရိုနဲ့ နေးရှင်းလိဂ်တို့ကို ရည်မှန်းခြင်းဖြစ်)။
အခု တတိယမြောက်ဖလားရယူဖို့ အိပ်မက်မက်နေပါတယ်။
အံ့အားသင့်ဖွယ်ကြိုးစားအားထုတ်ခဲ့ကြတဲ့
အသင်းသားတွေကို ဂုဏ်ပြုလိုပါတယ်။

ပွဲအစ ၁၀ မိနစ်လောက်မှာ ကျွန်တော်တို့အသင်း
ပုံမှန်ခြေစွမ်းမရခဲ့တာ မှန်ပေမယ့် တစ်သင်းလုံးကြိးစားကစားနိုင်ခဲ့ပါတယ်။
မြောက်မက်ဆီဒိုးနီးယားကလည်း အသင်းကြီးတွေကို
ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိပါတယ်”လို့ ဆန်းတို့စ်က ပြောပါတယ်။
ဒါ့အပြင် ဆန်းတို့စ်က ပရိသတ်တွေကိုလည်း ချီးကျူးပါတယ်။

”စိတ်ဓာတ်ပိုင်းအရ အပြန်အလှန်ကူညီမှုတွေလည်းရှိပါတယ်။
ပရိသတ်တွေရဲ့အားပေးထောက်ခံမှုက တကယ့်အံ့မခန်းပါပဲ”လို့ ဆန်းတို့စ်က ပြောပါတယ်။

Zawgyi

ကမၻာ့ဖလားခ်န္ပီယံျဖစ္ဖုိ႔အထိ ရည္မွန္းထားတဲ့ ေပၚတူဂီနည္းျပ ဆန္းတို႔စ္
ပေလးေအာ့ဖ္ ဖုိင္နယ္မွာ ေျမက္မက္ဆီဒိုးနီးယားကို
၂-၀ ဂိုးနဲ႔အႏိုင္ရကာ ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီးေနာက္
ေပၚတူဂီအသင္းနည္းျပ ဖာနန္ဒိုဆန္းတုိ႔စ္က
၂၀၂၂ ကာတာကမၻာ့ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ဖုိ႔အထိ ရည္မွန္းထားတယ္လုိ႔ ႀကံဳး၀ါးလုိက္ပါတယ္။

ေပၚတူဂီဟာ ဆီမီးဖုိင္နယ္မွာ တူရကီကို ၃-၁ ဂိုးနဲ႔
အႏိုင္ရခဲ့သလုိ အခုလည္း ယူႏုိက္တက္ကြင္းလယ္လူ
ဘရူႏိုဖာနန္ဒက္စ္ရဲ႕သြင္းဂိုးေတြေၾကာင့္ ေျခစစ္ပြဲေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။
”ကၽြန္ေတာ္ဟာ ၿပိဳင္ပြဲ ၂ရပ္မွာ ခ်န္ပီယံျဖစ္ၿပီးသားပါ(ယူရိုနဲ႔ ေနးရွင္းလိဂ္တုိ႔ကို ရည္မွန္းျခင္းျဖစ္)။
အခု တတိယေျမာက္ဖလားရယူဖို႔ အိပ္မက္မက္ေနပါတယ္။

အံ့အားသင့္ဖြယ္ႀကိဳးစားအားထုတ္ခဲ့ၾကတဲ့
အသင္းသားေတြကို ဂုဏ္ျပဳလိုပါတယ္။
ပြဲအစ ၁၀ မိနစ္ေလာက္မွာ ကၽြန္ေတာ္တုိ႔အသင္း
ပုံမွန္ေျခစြမ္းမရခဲ့တာ မွန္ေပမယ့္ တစ္သင္းလုံးႀကိးစားကစားႏိုင္ခဲ့ပါတယ္။
ေျမာက္မက္ဆီဒိုးနီးယားကလည္း အသင္းႀကီးေတြကို

ဘယ္လုိကစားရမလဲဆုိတာ ေကာင္းေကာင္းသိပါတယ္”လုိ႔ ဆန္းတို႔စ္က ေျပာပါတယ္။
ဒါ့အျပင္ ဆန္းတုိ႔စ္က ပရိသတ္ေတြကိုလည္း ခ်ီးက်ဴးပါတယ္။
”စိတ္ဓာတ္ပိုင္းအရ အျပန္အလွန္ကူညီမႈေတြလည္းရွိပါတယ္။
ပရိသတ္ေတြရဲ႕အားေပးေထာက္ခံမႈက တကယ့္အံ့မခန္းပါပဲ”လုိ႔ ဆန္းတို႔စ္က ေျပာပါတယ္။