ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် ပြင်သစ်နဲ့ အင်္ဂလန်ကိုကျော်ပြီး ဘရာဇီးကို ရွေးတဲ့ ဂယ်ရီနဗီးလ်

အခုလက်ရှိ ယှဉ်ပြိုင်ကစားနေတဲ့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးဟာ ပြင်သစ်၊ စပိန်၊ အင်္ဂလန် စတဲ့အသင်းကြီးတွေကို ဖြတ်ကျော်ပြီး ကမ္ဘာ့ဖလား ကို ရယူနိုင်တဲ့ အဆင့်တစ်ခုမှာ ရှိနေတယ်လို့

မန်ယူနောက်ခံလူဟောင်း ဂယ် ရီနဗီးလ်က သုံးသပ်လိုက်ပါတယ်။ ဆွစ်ဇာလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး တဲ့ နောက် ဘရာဇီးဟာ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင် ခဲ့ပြီဖြစ်သလို

ပေးဂိုးလည်း လုံး၀ မရှိသေးတဲ့ အသင်းဖြစ်နေပါတယ်။ ဒါ ကြောင့် နည်းပြတစ်တီရဲ့ အသင်းဟာ ခံစစ်ပိုင်းမှာလည်း စိတ်ချရတဲ့ အနေ အထားရှိနေတဲ့အတွက် ကမ္ဘာ့ဖလားကို ရသွားနိုင်တယ်လို့

အင်္ဂလန်ကစား သမားဟောင်းက ပြောဆိုလိုက်ပါတယ်။ ‘’သူတို့ ရနိုင်တယ်။ စပိန်နဲ့ ဂျာမနီပွဲ ကတော့ လက်ရှိအချိန်အထိ အကောင်းဆုံးပွဲဖြစ်နေတယ်လို့ ကျွန်တော် ထင် တယ်။ ဘရာဇီးသာ

အဲဒီလို အုပ်စုထဲမှာ ကစားရမယ်ဆိုရင် သူတို့ အဆင့် တစ်ခုအထိ ပိုရောက်မယ်လို့ ကျွန်တော်ထင်တယ်။ သူတို့က အဲ့လိုမျိုးတော့ မကစားရသေးပါဘူး။ ဒါပေမဲ့ သူတို့က ကောင်းမွန်တဲ့ အနေအထားတစ်ခု မှာတော့ ရှိနေပြီ။

သူတို့ ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့တယ်ဆိုတာကို ပြသခဲ့ပြီးပြီ။ ဒီကနေ့အထိ သူတို့အသင်းဘက်ကို ဂိုးပေါက်တည့်တဲ့ ကန်ချက် မျိုး မပေးရသေးဘူး။ နောက်ပြီး ပွဲကို ပြောင်းလဲပစ်နိုင်စွမ်းရှိတယ်ဆိုတာကို လည်း

သူတို့ ပြသနေတယ်။ အရေးကြုံရင် အရန်ခုံမှာလည်း ထည့်သုံးလို့ရတဲ့ ကစားသမားတွေက ရှိနေသေးတယ်။ သူတို့ တော်တော်လေးကို မိုက်တဲ့ အနေအထားကို ရောက်နေပြီလို့ ကျွန်တော် မြင်တယ်’’ လို့ ဂယ်ရီနဗီးလ်က

ITV နဲ့ အားကစားအစီအစဉ် ကဏ္ဍ တစ်ခုမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဘရာ ဇီးဟာ အုပ်စုနောက်ဆုံးပွဲစဉ်ကို ကင်မရွန်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာဟာ ဒီဇင်ဘာ ၂ ရက်နေ့မှာ

ကစားမယ့် အဲဒီပွဲစဉ် ကို သေချာပေါက် လွဲချော်ဖို့ ရှိနေပါတယ်။ ဒီပြိုင်ပွဲမှာသာ ဘရာဇီးတို့ ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် ၂၀၀၂ ခုနှစ် ဂျပန် ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်း ကမ္ဘာ့ဖလား ကို ပထမဆုံး ပြန်လည်ရယူနိုင်တဲ့

ဥရောပတိုက် အပြင်ဘက်က အသင်းဖြစ် လာမှာ ဖြစ်ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားခ်န္ပီယံဆုအတြက္ ျပင္သစ္နဲ႔ အဂၤလန္ကိုေက်ာ္ၿပီး ဘရာဇီးကို ေ႐ြးတဲ့ ဂယ္ရီနဗီးလ္

အခုလက္ရွိ ယွဥ္ၿပိဳင္ကစားေနတဲ့ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးဟာ ျပင္သစ္၊ စပိန္၊ အဂၤလန္ စတဲ့အသင္းႀကီးေတြကို ျဖတ္ေက်ာ္ၿပီး ကမာၻ႔ဖလား ကို ရယူႏိုင္တဲ့ အဆင့္တစ္ခုမွာ ရွိေနတယ္လို႔

မန္ယူေနာက္ခံလူေဟာင္း ဂယ္ ရီနဗီးလ္က သုံးသပ္လိုက္ပါတယ္။ ဆြစ္ဇာလန္ကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး တဲ့ ေနာက္ ဘရာဇီးဟာ ကမာၻ႔ဖလား ၁၆ သင္းအဆင့္ကို တက္ေရာက္ထားႏိုင္ ခဲ့ၿပီျဖစ္သလို ေပးဂိုးလည္း လုံး၀

မရွိေသးတဲ့ အသင္းျဖစ္ေနပါတယ္။ ဒါ ေၾကာင့္ နည္းျပ တစ္တီရဲ႕ အသင္းဟာ ခံစစ္ပိုင္းမွာလည္း စိတ္ခ်ရတဲ့ အေန အထားရွိေနတဲ့အတြက္ ကမာၻ႔ဖလားကို ရသြားႏိုင္တယ္လို႔ အဂၤလန္ကစား

သမားေဟာင္းက ေျပာဆိုလိုက္ပါတယ္။ ‘’သူတို႔ ရႏိုင္တယ္။ စပိန္နဲ႔ ဂ်ာမနီပြဲ ကေတာ့ လက္ရွိအခ်ိန္အထိ အေကာင္းဆုံးပြဲျဖစ္ေနတယ္လို႔ ကြၽန္ေတာ္ ထင္ တယ္။ ဘရာဇီးသာ အဲဒီလို အုပ္စုထဲမွာ

ကစားရမယ္ဆိုရင္ သူတို႔ အဆင့္ တစ္ခုအထိ ပိုေရာက္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔က အဲ့လိုမ်ိဳးေတာ့ မကစားရေသးပါဘူး။ ဒါေပမဲ့ သူတို႔က ေကာင္းမြန္တဲ့ အေနအထားတစ္ခု မွာေတာ့ ရွိေနၿပီ။

သူတို႔ ခံစစ္ကို ေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္ဆိုတာကို ျပသခဲ့ၿပီးၿပီ။ ဒီကေန႔အထိ သူတို႔အသင္းဘက္ကို ဂိုးေပါက္တည့္တဲ့ ကန္ခ်က္ မ်ိဳး မေပးရေသးဘူး။ ေနာက္ၿပီး ပြဲကို ေျပာင္းလဲပစ္ႏိုင္စြမ္းရွိတယ္ဆိုတာကို

လည္း သူတို႔ ျပသေနတယ္။ အေရးႀကဳံရင္ အရန္ခုံမွာလည္း ထည့္သုံးလို႔ရတဲ့ ကစားသမားေတြက ရွိေနေသးတယ္။ သူတို႔ ေတာ္ေတာ္ေလးကို မိုက္တဲ့ အေနအထားကို ေရာက္ေနၿပီလို႔

ကြၽန္ေတာ္ ျမင္တယ္’’ လို႔ ဂယ္ရီနဗီးလ္က ITV နဲ႔ အားကစားအစီအစဥ္ က႑ တစ္ခုမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဘရာ ဇီးဟာ အုပ္စုေနာက္ဆုံးပြဲစဥ္ကို ကင္မ႐ြန္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး အသင္းရဲ႕ အဓိက

တိုက္စစ္မႉး ေနမာဟာ ဒီဇင္ဘာ ၂ ရက္ေန႔မွာ ကစားမယ့္ အဲဒီပြဲစဥ္ ကို ေသခ်ာေပါက္ လြဲေခ်ာ္ဖို႔ ရွိေနပါတယ္။ ဒီၿပိဳင္ပြဲမွာသာ ဘရာဇီးတို႔ ခ်န္ပီယံ ျဖစ္ခဲ့မယ္ဆိုရင္ ၂၀၀၂ ခုႏွစ္ ဂ်ပန္ ကမာၻ႔

ဖလားၿပိဳင္ပြဲ ေနာက္ပိုင္း ကမာၻ႔ဖလား ကို ပထမဆုံး ျပန္လည္ရယူႏိုင္တဲ့ ဥေရာပတိုက္ အျပင္ဘက္က အသင္းျဖစ္ လာမွာ ျဖစ္ပါတယ္။