ယူနိုက်တက်အသင်းဟာပေါ်တိုရဲ့ဒီယိုဂိုကော်စတာကို ဂိုးသမား
တစ်ဦးအတွက်စံချိန်တင်ပြောင်းရွှေ့ကြေးသုံးစွဲခေါ်ယူသွားဖို့ရှိနေပါတယ်။
လက်ရှိဂိုးသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအမြင့်ဆုံးက ချဲလ်ဆီးရဲ့
ကီပါဖြစ်ပြီး ၂၀၁၉ မှာ ဘီလ်ဘာအိုကနေ စတမ်းဖို့ဒ်ဘရစ်ချ်ကို
ပေါင် ၇၁ သန်းနဲ့ရောက်လာခဲ့တာဖြစ်တယ်။ ယူနိုက်တက်ဟာ
လက်ရှိဂိုးသမားဒီဂီယာနဲ့ နွေရာသီမှာစာချုပ်သက်တမ်း
ကုန်ဆုံးတော့မှာဖြစ်တယ်။ ဒင်းဟန်ဒါဆန်ကို နော်တင်ဟမ်ထံ
အငှားချထားသလို ဒူဘရက်ကာရဲ့အငှားစာချုပ်သက်တမ်းကလည်း
ပြည့်တော့မှာဖြစ်လို့ ယူနိုက်တက်ဘက်က ပေါ်တိုဂိုးသမားကို
အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားလာတာဖြစ်တယ်။
နည်းပြတန်ဟတ်ဟာ ဒီဂီယာနေရာမှာ ဘောလုံးဖြန့်ဝေမှုပိုကောင်းတဲ့
ဂိုးသမားတစ်ယောက်ကိုရှာဖွေနေတာဖြစ်တယ်။ “သူ့ရဲ့ခြေထောက်မှာ
စွမ်းဆောင်ရည်ကောင်းတွေရှိနေတယ်။ ဒီရာသီမှာ သူကတစ်ပွဲပြီးတစ်ပွဲ
တိုးတက်လာတာကိုမြင်နေရတယ်” လို့ တန်ဟတ်က ဆိုထားပါတယ်။
စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်အရတော့ သရဲနီတွေဟာ
ကော်စတာအတွက်စံချိန်တင်ပြောင်းရွှေ့ကြေးသုံးစွဲဖို့ရှိနေတယ်လို့
သိရပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်
ပေါင် ၃၅၀၀၀၀ အထိခံစားခွင့်ရရှိနေသူဖြစ်ပြီး ကော်စတာအနေနဲ့ကတော့
ပြောင်းရွှေ့ကြေးများပေမဲ့ လစာခံစားခွင့်မှာတော့ ဒီဂီယာလောက်ရဖို့မရှိပါဘူး။
zawgyi
ကမ္ဘာ့ဖလားကြယ်ပွင့်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးသုံးစွဲသွားမယ့် ယူနိုက်တက်
ကီပါဖြစ်ပြီး ၂၀၁၉ မှာ ဘီလ်ဘာအိုကနေ စတမ်းဖို့ဒ်ဘရစ်ခ်ျကို