ကမ္ဘာ့ဖလားကြည့်ရင်း ဂျပန်ကွန်တိန်နာကျနဲ့ ညားမယ့် ပရိသတ်တွေ

ကာတာနိုင်ငံဆီကို ကမ္ဘာ့ဖလားဘောလုံးပွဲ လာရောက်ကြည့်ရှုကြမယ့် ရွှေပွဲလာ ပရိသတ်တွေအတွက် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေ စီစဉ်ပေးတဲ့ အကွက်ကတော့ ဂျပန်ကွန်တိန်နာတွေနဲ့ နှစ်ပါးသွားရတော့ကိန်း

ဆိုက်သွားပါပြီ။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်တဲ့ အရှေ့အလယ်ပိုင်း နိုင်ငံငယ်လေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လာရောက်မယ့် ပရိသတ် ၆၀၀၀၀ အတွက်

အဆင့်မီမီ နေရာထိုင်ခင်း စီစဉ်ပေးနိုင်ဖို့အတွက် နေရာအခက်အခဲ ရှိနေခဲ့တာ အားလုံးသိကြပြီးသားပါ။ ဒါကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလိုပဲ

တာဝန်ရှိသူတွေဟာ ပရိသတ်ရွာတွေကို အကွက်ကျကျ စီစဉ်ဖန်တီးပေးလိုက်ပြီး ကုန်တင်သင်္ဘောတွေမှာ သုံးတဲ့ ကွန်တိန်နာပုံစံ အခန်းငယ်လေးတွေကို အလွယ်နည်းနဲ့ စီစဉ်ပေးလိုက်သလို

ဈေးနှုန်းသက်သက်သာသာနဲ့ ဆောင်ရွက်ပေးလိုက်ပါတယ်။ ကာတာနိုင်ငံမှာရှိနေတဲ့ နေရာလွတ် သဲသောင်ပြင် နေရာတချို့မှာ ပရိသတ်တွေစုဝေးနိုင်ဖို့ ပရိသတ် ရွာငယ်လေးတွေ

ဖန်တီးပေးလိုက်ပြီး အဲဒီမှာ ဧရာမ LED ဖန်သားပြင်ကြီးတွေ စိုက်ထူပေးထားသလို ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဘောလုံးပွဲကြည့်ပြီး အပန်းဖြေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘောလုံးပွဲ ကစားနေတဲ့အချိန်မှာ ပရိသတ်တွေဟာ သတ်မှတ်ထားတဲ့နေရာမှာ ကြည့်ရှု နိုင်ပြီး အနားယူတဲ့အချိန်မှာတော့ ကွန်တိန်နာပုံစံ အခန်းငယ်လေးတွေထဲကို ဝင်ရောက်ပြီး

အနားယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်က တစ်ညတာကို ပေါင် ၂၀၀ သာရှိပြီး အပေါ့ အလေး စွန့်နိုင်ဖို့နဲ့ ရေချိုးဖို့ အတွက်လည်း ရွှေ့ပြောင်းနိုင်တဲ့ အိမ်သာ၊ ရေချိုးခန်းတွေကို

တည်ဆောက်ပေးထားတယ်လို့ သိရပါတယ်။ ကွန်တိန်နာ ပုံစံ အခန်းငယ်လေးတွေထဲမှာတော့ လူနှစ်ယောက် အိပ်စက် အနားယူနိုင်ဖို့ ခုတင် ၂ လုံး စီစဉ်ပေးထား တာကိုလည်း ထွက်ပေါ်လာတဲ့

ဓာတ်ပုံတွေအရ သိရပါတယ်။ အဲဒီ ပရိသတ် ရွာ ဝန်းကျင်တွေအနီးနားမှာလည်း ကော်ဖီဆိုင်တွေနဲ့ အစားအသောက် ရောင်းချတဲ့ဆိုင်ခန်းငယ်တွေ ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဖျော်ယမကာသောက်စားမှုကိုတော့ တင်းကျပ်ထားတဲ့ ကာတာနိုင်ငံဟာ ပရိသတ်တွေအတွက် လွယ်လွယ်ကူကူနဲ့ ရောင်းချမှာ မဟုတ်ဘဲ သတ်မှတ်ထားတဲ့ နေရာနဲ့ သတ်မှတ်ထားတဲ့ အချိန်မှာသာ

ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားၾကည့္ရင္း ဂ်ပန္ကြန္တိန္နာက်နဲ႔ ညားမယ့္ ပရိသတ္ေတြ

ကာတာႏိုင္ငံဆီကို ကမာၻ႔ဖလားေဘာလုံးပြဲ လာေရာက္ၾကည့္ရႈၾကမယ့္ ေ႐ႊပြဲ လာ ပရိသတ္ေတြအတြက္ ၿပိဳင္ပြဲက်င္းပေရး တာဝန္ရွိသူေတြ စီစဥ္ေပးတဲ့

အကြက္ကေတာ့ ဂ်ပန္ကြန္တိန္နာေတြနဲ႔ ႏွစ္ပါးသြားရေတာ့ကိန္း ဆိုက္သြား ပါၿပီ။ ခရီးသြားလုပ္ငန္းနဲ႔ ပတ္သက္ၿပီး ကမာၻေက်ာ္တဲ့ အေရွ႕အလယ္ပိုင္း ႏိုင္ငံငယ္ေလးဟာ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးကို

လာေရာက္မယ့္ ပရိသတ္ ၆၀၀၀၀ အတြက္ အဆင့္မီမီ ေနရာထိုင္ခင္း စီစဥ္ေပးႏိုင္ဖို႔အတြက္ ေနရာအ ခက္အခဲ ရွိေနခဲ့တာ အားလုံးသိၾကၿပီးသားပါ။ ဒါေၾကာင့္

တစ္ခ်က္ခုတ္ ႏွစ္ ခ်က္ျပတ္ဆိုသလိုပဲ တာဝန္ရွိသူေတြဟာ ပရိသတ္႐ြာေတြကို အကြက္က်က် စီစဥ္ဖန္တီးေပးလိုက္ၿပီး ကုန္တင္သေဘၤာေတြမွာ သုံးတဲ့ ကြန္တိန္နာပုံစံ အခန္းငယ္ေလးေတြကို

အလြယ္နည္းနဲ႔ စီစဥ္ေပးလိုက္သလို ေဈးႏႈန္းသက္ သက္ သာသာနဲ႔ ေဆာင္႐ြက္ေပးလိုက္ပါတယ္။ ကာတာႏိုင္ငံမွာရွိေနတဲ့ ေနရာလြတ္ သဲေသာင္ျပင္ ေနရာတခ်ိဳ႕မွာ

ပရိသတ္ေတြစုေဝးႏိုင္ဖို႔ ပရိသတ္ ႐ြာငယ္ေလးေတြ ဖန္တီးေပးလိုက္ၿပီး အဲဒီမွာ ဧရာမ LED ဖန္သားျပင္ႀကီးေတြ စိုက္ထူေပးထားသလို ကုန္က်စရိတ္ သက္သက္သာသာနဲ႔ ေဘာလုံးပြဲၾကည့္ၿပီး

အပန္းေျဖႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေဘာလုံးပြဲ ကစားေနတဲ့အခ်ိန္မွာ ပရိသတ္ေတြဟာ သတ္မွတ္ထားတဲ့ေနရာမွာ ၾကည့္ရႈ ႏိုင္ၿပီး အနားယူတဲ့အခ်ိန္မွာေတာ့ ကြန္တိန္နာပုံစံ

အခန္းငယ္ေလးေတြထဲကို ဝင္ေရာက္ၿပီး အနားယူႏိုင္မွာ ျဖစ္ပါတယ္။ အဲဒီအတြက္ ကုန္က်စရိတ္က တစ္ညတာကို ေပါင္ ၂၀၀ သာရွိၿပီး က်င္ႀကီးက်င္ငယ္ စြန႔္ႏိုင္ဖို႔နဲ႔ ေရခ်ိဳးဖို႔

အတြက္လည္း ေ႐ႊ႕ေျပာင္းႏိုင္တဲ့ အိမ္သာ၊ ေရခ်ိဳးခန္းေတြကို တည္ေဆာက္ ေပးထားတယ္လို႔ သိရပါတယ္။ ကြန္တိန္နာ ပုံစံ အခန္းငယ္ေလးေတြထဲမွာ ေတာ့ လူႏွစ္ေယာက္ အိပ္စက္

အနားယူႏိုင္ဖို႔ ခုတင္ ၂ လုံး စီစဥ္ေပးထား တာကိုလည္း ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြအရ သိရပါတယ္။ အဲဒီ ပရိသတ္ ႐ြာ ဝန္းက်င္ေတြအနီးနားမွာလည္း ေကာ္ဖီဆိုင္ေတြနဲ႔

အစားအေသာက္ ေရာင္းခ်တဲ့ဆိုင္ခန္းငယ္ေတြ ရွိေနမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အေဖ်ာ္ယမ ကာေသာက္စားမႈကိုေတာ့ တင္းက်ပ္ထားတဲ့ ကာတာႏိုင္ငံဟာ ပရိသတ္ ေတြအတြက္ လြယ္လြယ္ကူကူနဲ႔

ေရာင္းခ်မွာ မဟုတ္ဘဲ သတ္မွတ္ထားတဲ့ ေနရာနဲ႔ သတ္မွတ္ထားတဲ့ အခ်ိန္မွာသာ ေရာင္းခ်ေပးမွာ ျဖစ္တယ္လို႔ သိရ ပါတယ္။