ကမ္ဘာ့ဖလားကာလအတွင်း ဟာလန်းကို ၂၈ ရက်အငှားခေါ်ယူဖို့ ကမ်းလှမ်းချက်တစ်ခု မန်စီးတီးအသင်းလက်ခံရရှိထား

ကမ္ဘာ့ဖလားကာလအတွင်း မန်စီးတီးတိုက်စစ်မှူးဟာလန်းကို ၂၈ရက်အငှားနဲ့ခေါ်ယူဖို့ကမ်းလှမ်းထားတဲ့အသင်းရှိတယ်လို့ သတင်းထွက်လာပါတယ်။

အသက် ၂၂နှစ်အရွယ် နော်ဝေကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေဈေးကွက်မှာ ဒေါ့တ်မန်ကနေ မန်စီးတီးကိုပြောင်းရွှေ့လာခဲ့ပြီးအမြင့်ဆုံးခြေစွမ်းပြသထားနိုင်ပါတယ်။

ဒါပေမဲ့ နော်ဝေအသင်းကမ္ဘာ့ဖလားခြေစစ်ပွဲကျရှုံးခဲ့လို့ ကာတာလိုက်ပါခွင့်မရတဲ့ ဟာလန်းဟာ နားရက်ရှည်ရဖို့ရှိနေသူပါ။ ကမ္ဘာ့ဖလားစတင်ဖို့ ၆ရက်အလိုမှာတော့

သတ္တမတန်းကလပ်တစ်သင်းဖြစ်တဲ့ အက်ရှ်တန်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ကံကြမ္မာကိုလောင်းကြေးထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ မြောက်ပိုင်းပရီးမီးယားလိဂ်ပြိုင်ပွဲမှာပါဝင်ကစားနေတဲ့

အက်ရှ်တန်ယူနိုက်တက်အသင်းဟာ တစ်ရာသီလုံး ၂၃ဂိုးသာသွင်းနိုင်ပြီး အဆင့် ၁၁နေရာမှာရပ်တည်နေတဲ့အသင်းဖြစ်တယ်။ အက်ရှ်တန်ယူနိုက်တက်အသင်းနည်းပြမိုက်ကယ်ကလက်ဂ်က “ဒါက အဓိပ္ပာယ်ရှိပါတယ်။

မန်စီးတီးနဲ့မကစားရတဲ့အချိန်မှာ ဟာလန်းကြံ့ခိုင်မှုအတွက်ကူညီပေးချင်ပါတယ်။

၆ ပါတ်လောက် ဂေါ့ဖ်ရိုက်နေတာထက်စာရင်တော့ ပိုပြီးအဓိပ္ပါယ်ရှိပါလိမ့်မယ်။ သူက ကျွန်တော်တို့နဲ့အံဝင်ခွင်ကျဖြစ်နိုင်သလို

အသင်းနဲ့လိုက်လျောညီထွေဖြစ်ဖို့လည်းရှိနေပါတယ်” လို့ပြောဆိုထားပါတယ်။ မန်စီးတီးအသင်းဘက်ကတော့ ဒီကမ်းလှမ်းချက်နဲ့ပတ်သတ်လို့တုံ့ပြန်ထားခြင်းမရှိသေးပါဘူး။

နော်ဝေကြယ်ပွင့်ဟာ နောက်ဆုံးကစားခဲ့တဲ့ ဘရန်ဖို့ဒ်နဲ့ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး ဒီရာသီမှာ ဟာလန်းဂိုးမသွင်းနိုင်တဲ့

ပရီးမီးယားလိဂ်ကလပ်ဆိုလို့ ဘရန်ဖို့ဒ်၊ လီဗာပူးနဲ့ ဘုန်းမောက် ၃သင်းသာရှိနေပါတယ်။

(Zawgyi)

ကမာၻ႔ဖလားကာလအတြင္း ဟာလန္းကို ၂၈ ရက္အငွားေခၚယူဖို႔ ကမ္းလွမ္းခ်က္တစ္ခု မန္စီးတီးအသင္းလက္ခံရရွိထား

ကမာၻ႔ဖလားကာလအတြင္း မန္စီးတီးတိုက္စစ္မႉးဟာလန္းကို ၂၈ရက္အငွားနဲ႔ေခၚယူဖို႔ကမ္းလွမ္းထားတဲ့အသင္းရွိတယ္လို႔ သတင္းထြက္လာပါတယ္။

အသက္ ၂၂ႏွစ္အ႐ြယ္ ေနာ္ေဝၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာ ေဒါ့တ္မန္ကေန မန္စီးတီးကိုေျပာင္းေ႐ႊ႕လာခဲ့ၿပီးအျမင့္ဆုံးေျခစြမ္းျပသထားႏိုင္ပါတယ္။ ဒါေပမဲ့

ေနာ္ေဝအသင္းကမာၻ႔ဖလားေျခစစ္ပြဲက်ရႈံးခဲ့လို႔ ကာတာလိုက္ပါခြင့္မရတဲ့ ဟာလန္းဟာ နားရက္ရွည္ရဖို႔ရွိေနသူပါ။ ကမာၻ႔ဖလားစတင္ဖို႔ ၆ရက္အလိုမွာေတာ့

သတၱမတန္းကလပ္တစ္သင္းျဖစ္တဲ့ အက္ရွ္တန္ယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ကံၾကမၼာကိုေလာင္းေၾကးထပ္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ ေျမာက္ပိုင္းပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ

ပါဝင္ကစားေနတဲ့ အက္ရွ္တန္ယူႏိုက္တက္အသင္းဟာ တစ္ရာသီလုံး ၂၃ဂိုးသာသြင္းႏိုင္ၿပီး အဆင့္ ၁၁ေနရာမွာရပ္တည္ေနတဲ့အသင္းျဖစ္တယ္။ အက္ရွ္တန္ယူႏိုက္တက္အသင္းနည္းျပမိုက္ကယ္ကလက္ဂ္က “ဒါက

အဓိပၸါယ္ရွိပါတယ္။ မန္စီးတီးနဲ႔မကစားရတဲ့အခ်ိန္မွာ ဟာလန္းႀကံ့ခိုင္မႈအတြက္ကူညီေပးခ်င္ပါတယ္။ ၆ ပါတ္ေလာက္ ေဂါ့ဖ္႐ိုက္ေနတာထက္စာရင္ေတာ့ ပိုၿပီးအဓိပၸါယ္ရွိပါလိမ့္မယ္။

သူက ကြၽန္ေတာ္တို႔နဲ႔အံဝင္ခြင္က်ျဖစ္ႏိုင္သလို အသင္းနဲ႔လိုက္ေလ်ာညီေထြျဖစ္ဖို႔လည္းရွိေနပါတယ္” လို႔ေျပာဆိုထားပါတယ္။ မန္စီးတီးအသင္းဘက္ကေတာ့ ဒီကမ္းလွမ္းခ်က္နဲ႔

ပတ္သတ္လို႔တုံ႔ျပန္ထားျခင္းမရွိေသးပါဘူး။ ေနာ္ေဝၾကယ္ပြင့္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ဘရန္ဖို႔ဒ္နဲ႔ပြဲမွာ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့ၿပီး ဒီရာသီမွာ ဟာလန္းဂိုးမသြင္းႏိုင္တဲ့ ပရီးမီးယားလိဂ္ကလပ္ဆိုလို႔

ဘရန္ဖို႔ဒ္၊ လီဗာပူးနဲ႔ ဘုန္းေမာက္ ၃သင္းသာရွိေနပါတယ္။