





ပြင်သစ်ကြယ်ပွင့်အမ်ဘာပီဟာ ကာတာနိုင်ငံကိုစတင်ရောက်ရှိလာချိန်မှာ
အနာဂတ်နဲ့ပတ်သတ်လို့မေးမြန်းခံရတဲ့အတွက် မီဒီယာတွေကို





ရှောင်ထွက်နေခဲ့သူဖြစ်တယ်။ ကာယကံရှင်ကတော့ ပြင်သစ်နဲ့အတူ
ကမ္ဘာ့ချန်ပီယံဆုကိုကာကွယ်ဖို့အတွက် အပြည့်အဝအာရုံစိုက်
ချင်တာကြောင့်လို့ အကြောင်းပြခဲ့ပေမဲ့ ပီအက်စ်ဂျီကနေ





ထွက်ခွာနိုင်တယ်ဆိုတဲ့သတင်းတွေက အဆက်မပြတ်ထွက်ပေါ်ထားပါတယ်။
အမ်ဘာပီဟာ ၂၀၁၇ ကတည်းက လီဗာပူးကိုပြောင်းရွှေ့ဖို့ချိတ်ဆက်ခဲ့ဖူးပြီး





နည်းပြကလော့ပ်မကြာခဏဆိုသလို အဆက်အသွယ်တွေပြုလုပ်ခဲ့တာကို
ဝန်ခံခဲ့ပါတယ်။ ကာတာမှရှိနေစဉ်အတွင်း ပြင်သစ်စူပါစတားကို
တိုက်စစ်လိုအပ်ချက်ရှိတဲ့ ယူနိုက်တက်အသင်းကတောင်ခေါ်ယူ





နိုင်တယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တာပါ။
အင်္ဂလန်ကို အနိုင်ရတဲ့ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ အမ်ဘာပီရဲ့





မိခင်လာမာရီယာဟာ ပွဲကြည့်စင်ပေါ်မှာ လီဗာပူးပရိသတ်တစ်ယောက်နဲ့
မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ပြီး မာဆေးဆိုက်ကလပ်ရဲ့လိုဂိုကို
လက်ညှိုးညွှန်ပြခဲ့တာဟာ သားဖြစ်သူရဲ့အပြောင်းအရွှေ့ကို





နှပ်ကြောင်းပေးလိုက်တာဖြစ်တယ်လို့ အားလုံးကယူဆလာကြပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ အမ်ဘာပီကိုယ်တိုင်က ပီအက်စ်ဂျီကို





ကျောခိုင်းချင်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပြီး စပိန်သတင်းစာ
Marca ရဲ့အဆိုအရ လီဗာပူးအသင်းဟာအလားအလာအကောင်းဆုံးအဖြစ်
ရှိနေခဲ့တာပါ။ လက်ရှိမှာတော့ မိခင်ဖြစ်သူဟာ အမ်ဘာပီကို





ကြိုးကြာနီတွေဆီပြောင်းရွှေ့ဖို့တွန်းအားပေးနေတယ်လို့ ပရိသတ်တွေက
ယူဆလာခဲ့ကြပါတယ်။ ကာတာကမ္ဘာ့ဖလားမှာ ၅ဂိုးသွင်းနိုင်ခဲ့ပြီးနောက်





ပီအက်စ်ဂျီကြယ်ပွင့်ဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တယ်
ဆိုတာကို သက်သေထူနိုင်ခဲ့ပြီး အသက် ၂၃ နှစ်အရွယ်မှာ
ပြင်သစ်အသင်းကို ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ်ဆက်ဖြစ်ခွင့်အတွက်





ဦးဆောင်မှုပေးထားနိုင်တာဖြစ်တယ်။ ကမ္ဘာ့ဖလားကာလအတွင်း
အနာဂတ်နဲ့ပတ်သတ်လို့နှုတ်ဆိတ်နေခဲ့တဲ့ အမ်ဘာပီဟာ





ပီအက်စ်ဂျီမှာဆက်ရှိဖို့မသေချာလောက်တဲ့အနေအထားထိရောက်အောင်
အပြောင်းအရွှေ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားတာဖြစ်တယ်။





zawgyi
ကမာၻ႔ဖလားကာလအတြင္းမွာ သားျဖစ္သူရဲ႕အနာဂတ္ကို အမ္ဘာပီရဲ႕မိခင္က ႏွပ္ေၾကာင္းေပးခဲ့တာလား





ျပင္သစ္ၾကယ္ပြင့္အမ္ဘာပီဟာ ကာတာႏိုင္ငံကိုစတင္ေရာက္ရွိလာခ်ိန္မွာ
အနာဂတ္နဲ႔ပတ္သတ္လို႔ေမးျမန္းခံရတဲ့အတြက္ မီဒီယာေတြကို
ေရွာင္ထြက္ေနခဲ့သူျဖစ္တယ္။ ကာယကံရွင္ကေတာ့ ျပင္သစ္နဲ႔အတူ





ကမာၻ႔ခ်န္ပီယံဆုကိုကာကြယ္ဖို႔အတြက္ အျပည့္အဝအာ႐ုံစိုက္
ခ်င္တာေၾကာင့္လို႔ အေၾကာင္းျပခဲ့ေပမဲ့ ပီအက္စ္ဂ်ီကေန





ထြက္ခြာႏိုင္တယ္ဆိုတဲ့သတင္းေတြက အဆက္မျပတ္ထြက္ေပၚထားပါတယ္။
အမ္ဘာပီဟာ ၂၀၁၇ ကတည္းက လီဗာပူးကိုေျပာင္းေ႐ႊ႕ဖို႔ခ်ိတ္ဆက္ခဲ့ဖူးၿပီး
နည္းျပကေလာ့ပ္မၾကာခဏဆိုသလို အဆက္အသြယ္ေတြျပဳလုပ္ခဲ့တာကို





ဝန္ခံခဲ့ပါတယ္။ ကာတာမွရွိေနစဥ္အတြင္း ျပင္သစ္စူပါစတားကို
တိုက္စစ္လိုအပ္ခ်က္ရွိတဲ့ ယူႏိုက္တက္အသင္းကေတာင္ေခၚယူ





ႏိုင္တယ္လို႔ သတင္းေတြက်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚခဲ့တာပါ။
အဂၤလန္ကို အႏိုင္ရတဲ့ကြာတားဖိုင္နယ္ပြဲစဥ္မွာေတာ့ အမ္ဘာပီရဲ႕
မိခင္လာမာရီယာဟာ ပြဲၾကည့္စင္ေပၚမွာ လီဗာပူးပရိသတ္တစ္ေယာက္နဲ႔





မွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ခဲ့ၿပီး မာေဆးဆိုက္ကလပ္ရဲ႕လိုဂိုကို
လက္ညႇိဳးၫႊန္ျပခဲ့တာဟာ သားျဖစ္သူရဲ႕အေျပာင္းအေ႐ႊ႕ကို





ႏွပ္ေၾကာင္းေပးလိုက္တာျဖစ္တယ္လို႔ အားလုံးကယူဆလာၾကပါတယ္။
ၿပီးခဲ့တဲ့ေအာက္တိုဘာလအတြင္းမွာ အမ္ဘာပီကိုယ္တိုင္က ပီအက္စ္ဂ်ီကို
ေက်ာခိုင္းခ်င္ေနတယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ၿပီး စပိန္သတင္းစာ





Marca ရဲ႕အဆိုအရ လီဗာပူးအသင္းဟာအလားအလာအေကာင္းဆုံးအျဖစ္
ရွိေနခဲ့တာပါ။ လက္ရွိမွာေတာ့ မိခင္ျဖစ္သူဟာ အမ္ဘာပီကို





ႀကိဳးၾကာနီေတြဆီေျပာင္းေ႐ႊ႕ဖို႔တြန္းအားေပးေနတယ္လို႔ ပရိသတ္ေတြက
ယူဆလာခဲ့ၾကပါတယ္။ ကာတာကမာၻ႔ဖလားမွာ ၅ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္
ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ကမာၻ႔အေကာင္းဆုံးေတြထဲက တစ္ဦးျဖစ္တယ္





ဆိုတာကို သက္ေသထူႏိုင္ခဲ့ၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္မွာ
ျပင္သစ္အသင္းကို ကမာၻ႔ခ်န္ပီယံ ႏွစ္ႀကိမ္ဆက္ျဖစ္ခြင့္အတြက္





ဦးေဆာင္မႈေပးထားႏိုင္တာျဖစ္တယ္။ ကမာၻ႔ဖလားကာလအတြင္း
အနာဂတ္နဲ႔ပတ္သတ္လို႔ႏႈတ္ဆိတ္ေနခဲ့တဲ့ အမ္ဘာပီဟာ
ပီအက္စ္ဂ်ီမွာဆက္ရွိဖို႔မေသခ်ာေလာက္တဲ့အေနအထားထိေရာက္ေအာင္





အေျပာင္းအေ႐ႊ႕သတင္းေတြက်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚထားတာျဖစ္တယ္။