





ဘရာဇီးအသင်းဟာ ကာတာကမ္ဘာ့ဖလားမှာဗိုလ်စွဲဖို့ရေပန်းအစားဆုံး
ဖြစ်ခဲ့ပေမဲ့ ကွာတားဖိုင်နယ်မှာ ခရိုအေးရှားကိုအံ့အားသင့်ဖွယ်ရာ





ရှုံးနိမ့်ခဲ့ပြီးနောက် ကြယ်ပွင့်တိုက်စစ်မှူးနေမာတစ်ယောက်
ပြောမပြတတ်အောင်ကိုခံစားနေရပါတယ်။ ၂၀၂၂ ခုနှစ်နောက်ပိုင်း
ဆမ်ဘာတွေချန်ပီယံပြန်ဖြစ်နိုင်တယ်လို့ အားလုံးကယူဆခဲ့ကြပြီး





ခရိုအေးရှားနဲ့ပွဲမှာလည်း နေမာရဲ့ဂိုးကနောက်တစ်ဆင့်ဆက်သွားဖို့
အတော်လေးနီးစပ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ပွဲချိန် ၁၁၇ မိနစ်မှာ





သွင်းယူခဲ့တဲ့ ပက်ကိုဗစ်ရဲ့သွင်းဂိုးက ဘရာဇီးရဲ့ခြေလှမ်းတွေကို
တုံ့ဆိုင်းသွားစေခဲ့သလို ပင်နယ်တီအဆုံးအဖြတ်မှာရင်ကွဲပက်လက်
ဖြစ်ခဲ့ရပါတယ်။ နေမာကိုယ်တိုင်ကတော့ သူ့ရဲ့ရင်တွင်းခံစားချက်တွေကို





ဆိုရှယ်မီဒီယာမှာလှစ်ဟာပြခဲ့ပါတယ်။ “ဘရာဇီးအိမ်ပြန်ခဲ့ရပြီ။
ငါတို့အနီးစပ်ဆုံးရှိခဲ့တဲ့အတွက် ဒီအရှုံးကငရဲကျသလိုနာကျင်ခံစားရတယ်။





ကံကောင်းတာလား၊ ကံဆိုးတာလားမသိပေမဲ့ ဒီအရှုံးအတွက် ကျွန်တော်တို့
မသင်ယူရသေးပါဘူး။ ရှုံးနိမ့်မှုက လူတစ်ယောက်ကိုပိုမိုသန်မာစေပေမဲ့
သူတို့ကကျွန်တော့်ကိုငရဲကျသလိုခံစားချက်မျိုးပေးသလို ကျွန်တော်ဒါကြီးကို





အသုံးမချတတ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ဆက်လျှောက်ရမယ်၊
ဘဝတစ်ခုအတွက် ငါတို့ကိုတွန်းပို့လိုက်တယ်၊ နာကျင်စရာတွေအတွက်





အချိန်ယူကုသဖို့လိုအပ်ရင်တောင် ငါတို့ဆက်လျှောက်ရမယ်။
ဘရာဇီးပြည်သူတွေရဲ့ အားပေးမှုနဲ့ ချစ်ခင်မှုတွေအတွက် တဖန်ပြန်ပြီး
ကျေးဇူးတင်တယ်လို့ပြောချင်တယ်။ မင်းတို့ဆီက ငါတို့အတွက်





ဆုံးခန်းတိုင်အောင်ဆက်တိုက်ဖို့အားပေးစကားကြားရရင်
ဝေဒနာတစ်ဝက်လောက်သက်သာစေတယ်။ ကာတာရေ…





အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲကလှပပြီး
ဘရာဇီးအနိုင်ရချင်ပေမဲ့ ကံကြမ္မာကြောင့်ဖြစ်မလာခဲ့ဘူး။
ငါတို့ဆက်သွားကြမယ်…အခုတော့ဒီကိစ္စကို သော့ခတ်ပြီးတော့ မိသားစု၊





သူငယ်ချင်းတွေနဲ့အတူအင်အားတွေပြန်ဖြည့်သွားမယ်။
ဒီရှုံးနိမ့်မှုက ကိုင်တွယ်ဖြေရှင်းဖို့ခက်ခဲတာကြောင့် ကျွန်တော်တို့ကို





အများကြီးနာကျင်စေတုန်းပါပဲ” လို့ လူမှုကွန်ယက်မှာ မျှဝေသွားခဲ့ပါတယ်။
zawgyi





ကမာၻ႔ဖလားကထြက္ခဲ့ရတဲ့ေနာက္ဆက္တြဲအေနနဲ႔ ငရဲက်သလိုနာက်င္ခံစားေနရတယ္လို႔ ေနမာ ဖြင့္ဟ
ဘရာဇီးအသင္းဟာ ကာတာကမာၻ႔ဖလားမွာဗိုလ္စြဲဖို႔ေရပန္းအစားဆုံး





ျဖစ္ခဲ့ေပမဲ့ ကြာတားဖိုင္နယ္မွာ ခ႐ိုေအးရွားကိုအံ့အားသင့္ဖြယ္ရာ
ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၾကယ္ပြင့္တိုက္စစ္မႉးေနမာတစ္ေယာက္
ေျပာမျပတတ္ေအာင္ကိုခံစားေနရပါတယ္။ ၂၀၂၂ ခုႏွစ္ေနာက္ပိုင္း





ဆမ္ဘာေတြခ်န္ပီယံျပန္ျဖစ္ႏိုင္တယ္လို႔ အားလုံးကယူဆခဲ့ၾကၿပီး
ခ႐ိုေအးရွားနဲ႔ပြဲမွာလည္း ေနမာရဲ႕ဂိုးကေနာက္တစ္ဆင့္ဆက္သြားဖို႔





အေတာ္ေလးနီးစပ္ခဲ့တာျဖစ္တယ္။ ဒါေပမဲ့ ပြဲခ်ိန္ ၁၁၇ မိနစ္မွာ
သြင္းယူခဲ့တဲ့ ပက္ကိုဗစ္ရဲ႕သြင္းဂိုးက ဘရာဇီးရဲ႕ေျခလွမ္းေတြကို
တုံ႔ဆိုင္းသြားေစခဲ့သလို ပင္နယ္တီအဆုံးအျဖတ္မွာရင္ကြဲပက္လက္





ျဖစ္ခဲ့ရပါတယ္။ ေနမာကိုယ္တိုင္ကေတာ့ သူ႔ရဲ႕ရင္တြင္းခံစားခ်က္ေတြကို
ဆိုရွယ္မီဒီယာမွာလွစ္ဟာျပခဲ့ပါတယ္။ “ဘရာဇီးအိမ္ျပန္ခဲ့ရၿပီ။





ငါတို႔အနီးစပ္ဆုံးရွိခဲ့တဲ့အတြက္ ဒီအရႈံးကငရဲက်သလိုနာက်င္ခံစားရတယ္။
ကံေကာင္းတာလား၊ ကံဆိုးတာလားမသိေပမဲ့ ဒီအရႈံးအတြက္ ကြၽန္ေတာ္တို႔
မသင္ယူရေသးပါဘူး။ ရႈံးနိမ့္မႈက လူတစ္ေယာက္ကိုပိုမိုသန္မာေစေပမဲ့





သူတို႔ကကြၽန္ေတာ့္ကိုငရဲက်သလိုခံစားခ်က္မ်ိဳးေပးသလို ကြၽန္ေတာ္ဒါႀကီးကို
အသုံးမခ်တတ္ေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ ငါတို႔ဆက္ေလွ်ာက္ရမယ္၊





ဘဝတစ္ခုအတြက္ ငါတို႔ကိုတြန္းပို႔လိုက္တယ္၊ နာက်င္စရာေတြအတြက္
အခ်ိန္ယူကုသဖို႔လိုအပ္ရင္ေတာင္ ငါတို႔ဆက္ေလွ်ာက္ရမယ္။
ဘရာဇီးျပည္သူေတြရဲ႕ အားေပးမႈနဲ႔ ခ်စ္ခင္မႈေတြအတြက္ တဖန္ျပန္ၿပီး





ေက်းဇူးတင္တယ္လို႔ေျပာခ်င္တယ္။ မင္းတို႔ဆီက ငါတို႔အတြက္
ဆုံးခန္းတိုင္ေအာင္ဆက္တိုက္ဖို႔အားေပးစကားၾကားရရင္





ေဝဒနာတစ္ဝက္ေလာက္သက္သာေစတယ္။ ကာတာေရ…
အရာအားလုံးအတြက္ေက်းဇူးတင္ပါတယ္။ ၿပိဳင္ပြဲကလွပၿပီး
ဘရာဇီးအႏိုင္ရခ်င္ေပမဲ့ ကံၾကမၼာေၾကာင့္ျဖစ္မလာခဲ့ဘူး။





ငါတို႔ဆက္သြားၾကမယ္…အခုေတာ့ဒီကိစၥကို ေသာ့ခတ္ၿပီးေတာ့ မိသားစု၊
သူငယ္ခ်င္းေတြနဲ႔အတူအင္အားေတြျပန္ျဖည့္သြားမယ္။





ဒီရႈံးနိမ့္မႈက ကိုင္တြယ္ေျဖရွင္းဖို႔ခက္ခဲတာေၾကာင့္ ကြၽန္ေတာ္တို႔ကို
အမ်ားႀကီးနာက်င္ေစတုန္းပါပဲ” လို႔ လူမႈကြန္ယက္မွာ မွ်ေဝသြားခဲ့ပါတယ္။