





ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာရရှိခဲ့တဲ့ဒူးဒဏ်ရာကြောင့်
တိုက်စစ်မှူးဂါဘရီရယ်ဂျီဆပ်စ်ဟာ ကာလရှည်အနားယူရဖို့ရှိသွားခဲ့ပါပြီ။





အာဆင်နယ်အသင်းဘက်က သူတို့ရဲ့တိုက်စစ်မှူးဒဏ်ရာအတိမ်အနက်ကို
သိသွားခဲ့ပြီးတဲ့နောက် စိတ်ပျက်စရာသတင်းဆိုးဖြစ်သွားခဲ့တာဖြစ်တယ်။
ဂျီဆပ်စ်ဟာ ကင်မရွန်းနဲ့ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်ဝင်ကစားခဲ့ပြီး





ဒူးနာကျင်ခြင်းဝေဒနာကိုဆက်တိုက်ခံစားခဲ့ရတာဖြစ်တယ်။
ကင်မရွန်းနဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ပွဲချိန် ၆၄ မိနစ်အရောက်မှာ





ဒဏ်ရာကြောင့်လူစားပြန်လဲခဲ့ရတာဖြစ်တယ်။ နောက်ဆက်တွဲ
သတင်းတွေအရတော့ ဂျီဆပ်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲလွဲချော်ခဲ့ပြီလို့
အတည်ပြုခဲ့သွားခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရတော့





ဂန်းနားတိုက်စစ်မှူးဟာ ဒူးခေါင်းအလယ်ရွတ်ကိုထိခိုက်မိသွားခဲ့တာ
ဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းဟာ အာဆင်နယ်ပရိသတ်တွေ





အတွက်တော့ဇောချွေးပြန်စရာဖြစ်ခဲ့ပါတယ်။ ဂျီဆပ်စ်ဟာ
အာဆင်နယ်အတွက် ဒီရာသီ ၁၄ပွဲမှာ ၅ဂိုးသွင်း၊ ၅ကြိမ်ဖန်တီးပြီး
အဓိကတိုက်စစ်မှူးအဖြစ်ရှိခဲ့တာဖြစ်လို့ ချန်ပီယံဆုတိုက်ပွဲအတွက်





စိုးရိမ်စရာဖြစ်သွားပါတယ်။ 90min ရဲ့ဖော်ပြချက်အရတော့
ကစားသမားဟာလပေါင်းများစွာအနားယူရလိမ့်မယ်လို့ အတည်ပြု





ပေးထားပါတယ်။ သတင်းအရင်းအမြစ်တွေအရတော့ အာဆင်နယ်ဟာ
လီဂူးကလပ်ရိမ်းစ်အသင်းမှာ အငှားချထားတဲ့ ဖလော်ရီရန်ဘာလိုဂန်ကို
ပြန်ည်ခေါ်ယူဖို့စဉ်းစားနေပြီလို့ သိရပါတယ်။





zawgyi





ကမာၻ႔ဖလားကစားရင္း ဂါဘရီရယ္ဂ်ီဆပ္စ္ ဒူးအလယ္႐ြတ္ထိခိုက္သြားတာေၾကာင့္ အာဆင္နယ္အသင္း တိုင္ပတ္သြားၿပီ
ဘရာဇီးအသင္းနဲ႔အတူ ကမာၻ႔ဖလားမွာရရွိခဲ့တဲ့ဒူးဒဏ္ရာေၾကာင့္
တိုက္စစ္မႉးဂါဘရီရယ္ဂ်ီဆပ္စ္ဟာ ကာလရွည္အနားယူရဖို႔ရွိသြားခဲ့ပါၿပီ။





အာဆင္နယ္အသင္းဘက္က သူတို႔ရဲ႕တိုက္စစ္မႉးဒဏ္ရာအတိမ္အနက္ကို
သိသြားခဲ့ၿပီးတဲ့ေနာက္ စိတ္ပ်က္စရာသတင္းဆိုးျဖစ္သြားခဲ့တာျဖစ္တယ္။





ဂ်ီဆပ္စ္ဟာ ကင္မ႐ြန္းနဲ႔ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲစဥ္ဝင္ကစားခဲ့ၿပီး
ဒူးနာက်င္ျခင္းေဝဒနာကိုဆက္တိုက္ခံစားခဲ့ရတာျဖစ္တယ္။
ကင္မ႐ြန္းနဲ႔ပြဲစဥ္မွာ ပြဲထြက္ခြင့္ရခဲ့ေပမဲ့ ပြဲခ်ိန္ ၆၄ မိနစ္အေရာက္မွာ





ဒဏ္ရာေၾကာင့္လူစားျပန္လဲခဲ့ရတာျဖစ္တယ္။ ေနာက္ဆက္တြဲ
သတင္းေတြအရေတာ့ ဂ်ီဆပ္စ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲလြဲေခ်ာ္ခဲ့ၿပီလို႔





အတည္ျပဳခဲ့သြားခဲ့ပါတယ္။ ေနာက္ဆုံးသတင္းေတြအရေတာ့
ဂန္းနားတိုက္စစ္မႉးဟာ ဒူးေခါင္းအလယ္႐ြတ္ကိုထိခိုက္မိသြားခဲ့တာ
ျဖစ္တယ္လို႔ သိရပါတယ္။ ဒီသတင္းဟာ အာဆင္နယ္ပရိသတ္ေတြ





အတြက္ေတာ့ေဇာေခြၽးျပန္စရာျဖစ္ခဲ့ပါတယ္။ ဂ်ီဆပ္စ္ဟာ
အာဆင္နယ္အတြက္ ဒီရာသီ ၁၄ပြဲမွာ ၅ဂိုးသြင္း၊ ၅ႀကိမ္ဖန္တီးၿပီး





အဓိကတိုက္စစ္မႉးအျဖစ္ရွိခဲ့တာျဖစ္လို႔ ခ်န္ပီယံဆုတိုက္ပြဲအတြက္
စိုးရိမ္စရာျဖစ္သြားပါတယ္။ 90min ရဲ႕ေဖာ္ျပခ်က္အရေတာ့
ကစားသမားဟာလေပါင္းမ်ားစြာအနားယူရလိမ့္မယ္လို႔ အတည္ျပဳ





ေပးထားပါတယ္။ သတင္းအရင္းအျမစ္ေတြအရေတာ့ အာဆင္နယ္ဟာ
လီဂူးကလပ္ရိမ္းစ္အသင္းမွာ အငွားခ်ထားတဲ့ ဖေလာ္ရီရန္ဘာလိုဂန္ကို





ျပန္ည္ေခၚယူဖို႔စဥ္းစားေနၿပီလို႔ သိရပါတယ္။