ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ထိပ်တန်းကစားသမား ၅ဦးထဲမှာ တစ်ဦး
အပါအဝင်ဖြစ်တယ်လို့ အသင်းဖော်ကက်စ်မီရိုက ချီးကျူးလိုက်ပါတယ်။
သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကိုရောက်ရှိလာခဲ့ပြီးတဲ့နောက်
အင်္ဂလန်ကြယ်ပွင့်ရဲ့ခြေစွမ်းကိုမြင်လိုက်ရချိန်မှာ တကယ်ပဲ
အံ့အားသင့်မိခဲ့တယ်လို့ ဘရာဇီးသားက ဝန်ခံသွားပါတယ်။
ယူနိုက်တက်အတွက် ဒီရာသီပြိုင်ပွဲစုံ ၂၂ပွဲမှာ ၁၁ဂိုး သွင်းထားတဲ့
ရက်ရှ်ဖို့ဒ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကြံ့ခိုင်မှုအပိုင်းကို ကက်စ်မီရိုက
သဘောကျခဲ့တာဖြစ်တယ်။ မကြာသေးခင်ကစားခဲ့တဲ့
နော်တင်ဟမ်နဲ့ပွဲစဉ်မှာတော့ ပရိသတ်တွေအပါအဝင်
ဘောလုံးပွဲဝေဖန်သူအားလုံးက ကက်စ်မီရိုဟာကွင်းလယ်
ခံစစ်နေရာမှာ အကောင်းဆုံးကစားသမားလို့ ဝိုင်းဝန်း
ချီးကျူးခဲ့ကြပါတယ်။ ESPN Brazil နဲ့တွေ့ဆုံမှုမှာတော့
ကက်စ်မီရိုက “ငါ မင်းအပေါ်အရမ်းရိုးသားချင်တယ်၊
ကစားသမားတစ်ယောက်အနေနဲ့ ရက်ရှ်ဖို့ဒ်ကို တကယ်ပဲ
အံ့အားသင့်မိတယ်။ သူက ကျွန်တော့်ကိုတကယ်ပဲ
အံ့အားသင့်စေတဲ့ ကစားသမားတွေထဲကတစ်ယောက်ပါ။
မတူကွဲပြားတဲ့ လိဂ်မှာကစားစဉ်ကတည်းက ကစားသမားတွေ
အကြောင်းကိုသိပြီးသားဖြစ်ပေမဲ့ နေ့တိုင်းကလပ်တစ်သင်းတည်းမှာ
အတူရှိနေတဲ့အချိန်နဲ့မတူတော့ပါဘူး။ တကယ့်ကိုကြီးကျယ်
ခမ်းနားတဲ့ ကစားသမားပါ။ သူနဲ့ကစားခွင့်ရတာ အရမ်းပျော်ဖို့
ကောင်းတယ်။ သူကျွန်တော်တို့ကို ခွန်အားတွေအများကြီးပေးတယ်။
တွဲကစားခွင့်ရလို့ အရမ်းဝမ်းသားတယ်။ ဒီလိုအခြေအနေမှာ
ဆက်ရှိနေမယ်ဆိုရင် ထူးထူးခြားခြားအနေနဲ့ သူက ထိပ်တန်း
ကစားသမား ၅ဦး စာရင်းဝင်ဖြစ်လာနိုင်တယ်ဆိုတာ
သေချာပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။ ယူနိုက်တက်ဟာ
လာမယ့်ပွဲစဉ်မှာ ဘုန်းမောက်နဲ့ရင်ဆိုင်ရဖို့ရှိနေတာဖြစ်တယ်။
zawgyi
ကမ္ဘာ့ထိပ်တန်းခြေစွမ်းရှိတဲ့ ရက်ရှ်ဖို့ဒ်နဲ့ပက်သတ်လို့ အံ့အားသင့်မိတယ်လို့ ကက်စ်မီရို ဝန်ခံ