ကမ္ဘာ့တန်ဖိုးအကြီးဆုံး စာချုပ်လျော်ကြေးပိုင်ရှင်ကစားသမားများ

ကမ္ဘာ့တန်ဖိုးအကြီးဆုံး စာချုပ်လျော်ကြေးပိုင်ရှင်ကစားသမားများ

ပြီးခဲ့တဲ့ရက်ပိုင်းက လာလီဂါထိပ်သီးဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့စပိန်လူငယ်တိုက်စစ်ကစားသမားဖာရန်တောရက်စ်ကိုခေါ်ယူခဲ့ပြီး

 

 

စာချုပ်လျော်ကြေးကိုလည်း မယုံနိုင်လောက်တဲ့ပမာဏဖြစ်တဲ့ ယူရို(၁)ဘီလီယံ(ပေါင်၈၄ရသန်း)အထိ သတ်မှတ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်ဆိုပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီက ချေးငွေရရှိခဲ့တာကြောင့် ဖာရန်တောရက်စ်ကို ပေါင်(၅၅)သန်းအထိပေးပြီးတော့ ခေါ်ယူနိုင်ခဲ့တာပါ။

အခုဆိုရင် ဖာရန်တောရက်စ်ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးစာချုပ်လျော်ကြေးပိုင်ရှင်ကစားသမားစာရင်းမှာ ကလပ်အသင်းဖော်ဖြစ်လာမယ့်

 

 

ပတ်ဒရီ၊ ရီးယဲလ်အသင်းဝါရင့်တိုက်စစ်မှူးဘန်ဇီမာတို့နဲ့အတူ ယူရို(၁)ဘီလီယံနဲ့ထိပ်ဆုံး(၃)ဦးအဖြစ် ပူးတွဲရပ်တည်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့လူငယ်ကြယ်ပွင့်ကွင်းလယ်လူပတ်ဒရီကို ပြီးခဲ့တဲ့အောက်တိုဘာလမှာ (၅)နှစ်စာချုပ်သက်တမ်းတိုးခဲ့ချိန်ကလည်း စာချုပ်လျော်ကြေးယူရို(၁)ဘီလီယံ(ပေါင်၈၄ရသန်း)အထိ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

 

 

ဘာစီလိုနာအသင်းဟာ ကစားသမားတစ်ဦးကို စာချုပ်လျော်ကြေးများများသတ်မှတ်ပြီးတော့ စာချုပ်ချုပ်ဆိုလေ အသင်းအတွက်အကျိုးရှိလေဆိုတာကို နားလည်သဘောပေါက်ထားပြီး

သူတို့ရဲ့နာမည်ကျော်တိုက်စစ်မှူးဟောင်းနေမာရဲ့အပြောင်းအရွှေ့တုန်းက စာချုပ်လျော်ကြေးပေါင်(၁၉၈)သန်းသာသတ်မှတ်ခဲ့တာကြောင့်

၂၀၁၇ ခုနှစ်မှာ PSG အသင်းက အဲဒီပမာဏပေးပြီးတော့ နေမာကိုခေါ်ယူခဲ့ဖူးတဲ့အတွက် အဲဒီလိုထပ်မဖြစ်အောင် စာချုပ်လျော်ကြေးကို မဖြစ်နိုင်တဲ့ပမာဏမျိုးသတ်မှတ်ထားတာပါ။

 

 

ကမ္ဘာ့တန်ဖိုးအကြီးဆုံး စာချုပ်လျော်ကြေးပိုင်ရှင်ကစားသမားစာရင်းမှာ ရီးယဲလ်၊ ဘာစီလိုနာကစားသမားတွေသာ လွှမ်းမိုးထားပြီး

ဂရစ်ဇ်မန်း၊ မိုဒရစ်၊ ဘရာဟင်ဒီယက်ဇ်၊ ဗယ်လ်ဗာဒီ၊ အစ္စကို၊ ဗင်နီစီယက်စ်နဲ့ အဆန်စီယိုတို့က ထိပ်ဆုံး(၁၀)ဦးထဲမှာပါဝင်ခဲ့ပါတယ်။