
အာဆင်နယ်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးတင်သွင်းလာတဲ့
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ၂ နှစ်တစ်ကြိမ် ကျင်းပမယ့် အကြံအစည်ကို
ဖီဖာတာဝန်ရှိသူတွေက နောက်မဆုတ်ဘဲ ဆက်လုပ်ဖို့ ကြံရွယ်ထားကြသလို
ဥရောပလိဂ်ထိပ်သီးလိဂ်တွေက က န့်ကွက်နေကြတာကြောင့်လည်း
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး
ပျက်စီးမယ့်အရေးနဲ့ ရင်ဆိုင်နေရပါပြီ။ အာဆင်ဝင်းဂါးဟာ
အာဆင်နယ်နည်းပြအဖြစ်ကနေ လမ်းခွဲပြီးနောက် အချိန်အနည်းငယ်အနားယူခဲ့ပေ မယ့်
နောက်ပိုင်းမှာ ဖီဖာရဲ့ ဘောလုံးဖွံ့ဖြိုးရေး အကြီးအကဲချုပ်အဖြစ်
တာဝန်ယူခဲ့ပါတယ်။ သူတာဝန်ယူပြီးမကြာခင် ကမ္ဘာ့ဖလားပြိုင်ပွဲကို
လက်ရှိကျင်းပနေတဲ့ ၄ နှစ်တစ်ကြိမ်အစား ၂ နှစ်တစ်ကြိမ်ပြောင်းလဲကျင်းပဖို့
စီစဥ္လာတာပါ။ ဒီလိုကြံရွယ်ရခြင်းဟာ ဖီဖာအဖွဲ့ဝင်နိုင်ငံတိုင်း
ဘောလုံးတိုးတက်လာစေဖို့၊ စီးပွားရေးအကျိုးအမြတ်ရစေဖို့နဲ့
အဖွဲ့ဝင်နိုင်ငံတွေအကြား ဘောလုံးအဆင့်အတန်းကွာဟမှုကို
လျော့ချပေးနိုင်ဖို့လည်းဖြစ်ပါတယ်။ အာဆင်ဝင်းဂါးရဲ့ ၂ နှစ်တစ်ကြိမ်
ကမ္ဘာ့ဖလားကျင်းပမယ့် အကြံအစည်ကို ဖြစ်နိုင်ချေရှိမရှိ ဆန်းစစ်ကြည့်ကြဖို့
ဆော်ဒီအာရေးဘီးယား နိုင်ငံက ဖီဖာမှာ အဆိုပြုခဲ့ပြီးနောက်မှာတော့
ဖီဖာအဖွဲ့ဝင်နိုင်ငံတွေအနက် ၁၆၆ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပါတယ်။
ဒါကြောင့်လည်း ဒီအစီအစဥ္ကို ဆန်းစစ်အကောင်အထည်ဖော်ဖို့ ဖီဖာဥက္ကဌ
အင်ဖန်တီနိုက အာဆင်ဝင်းဂါးကို ဦးဆောင်စေခဲ့ပါတယ်။ အာဆင်ဝင်းဂါးကတော့
သူ့ရဲ့အကြံအစည်ဟာ လက်ရှိ ကမ္ဘာ့ဘောလုံးပြက္ခဒိ်န်ကိုပါ အပြောင်းအလဲဖြစ်ပြီး
ရာနှုန်းပြည့်အကျိုးရှိစေလိမ့်မယ်လို့ဆိုပါတယ်။ ” ဘောလုံးမှာက ရှင်းပါတယ်။
ပြိုင်ပွဲကြီးတွေကိုမကစားရဘူးဆိုရင် ပြိုင်ပွဲငယ်တွေကိုပဲ ကစားမှာပါ။
ပြိုင်ပွဲငယ်မို့ ကစားဘူးဆိုတာ မရှိဘူး” လို့ ဝင်းဂါးက ဆိုပါတယ်။
လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ခုနှစ်ကစပြီး ၄ နှစ်တစ်ကြိမ်ကျင်းပလာခဲ့ရာမှာ
ကမ္ဘာ့ဖလား မကစားဖူးသေးတဲ့ ဖီဖာအဖွဲ့ဝင် ၁၃၃ နိုင်ငံ ရှိနေသေးတယ်လို့လည်း
ဝင်းဂါးက ထောက်ပြခဲ့ပါတယ်။ အာဆင်ဝင်းဂါးရဲ့ အကြံအစည်ကို
ဘောလုံးဖွံ့ဖြိုးမှုနည်းသေးတဲ့တိုက်ကြီးတွေနဲ့ နိုင်ငံတွေက ထောက်ခံကြပေမယ့်
ဥရောပနိင်ငံတွေက ခါးခါးသီးသီးဆန့်ကျင်ခဲ့ကြပါတယ်။
ပရီးမီယားလိဂ်အသင်းတိုင်းကလည်း ဒီအကြံကိုဆန့်ကျင်ကြသလို
ဥရောပရဲ့ထိပ်သီးလိဂ်တွေအကုန်လုံးကလည်း လက်မခံကြောင်း
ကြေညာခဲ့ကြပါသေးတယ်။
လာလီဂါအဖွဲ့ချုပ်ဥက္ကဌ ဂျာဗီယာတီးဘက်စ်ကတော့
ဒါဟာ ကမ္ဘာ့တစ်ဝန်းလုံးက ဘောလုံးပြက္ခဒိန်တွေကို ဖျက်ဆီးမယ့်အကြံပဲလို့
ပြစ်တင်ခဲ့ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့စစ်တမ်းအရလည်း ၂ နှစ်တစ်ကြိမ်သာ
ကမ္ဘာ့ဖလားပြိုင်ပွဲပြုလုပ်ခဲ့ရင် အထိနာဆုံးဖြစ်မှာက ဥရောပထိပ်သီး
လိဂ်ပြိုင်ပွဲျတွေဖြစ်ပြီး ရုပ်သံလွှင့်ခ၊ ကွင်းဝင်ကြေး၊ ကြော်ညာသဘောတူညီမှုတွေက
ရတာတွေအပါအဝင် တစ်ရာသီ ယူရို ၈ သန်းဆုံးရှုုံးလိမ့်မယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဖီဖာဥက္ကဌ အင်ဖန်တီနိုကတော့ ကန့်ကွက်သူတွေရှိနေတဲ့ကြားက ဒီအစီအစဥ္ကို
မဖြစ်ဖြစ်အောင် လုပ်ဆောင်ဖို့ ကြံရွယ်နေပါတယ်။ ဖီဖာအဖွဲ့ဝင် ၂၁၁ နိုင်ငံပါတဲ့
ဖီဖာကွန်ဂရက်ကို တနင်္လာနေ့တုန်းက အွန်လိုင်းက ပြုလုပ်ခဲ့ရာမှာလည်း
စာမျက်နှာ ၇၀၀ ပါတဲ့ အစီရင်ခံစာကို အတည်ပြုအဖွဲ့ဝင် ၂၀၇ နိုင်ငံသို့ ဖီဖာက
ပေးအပ်ခ့ဲ့ပါတယ်။ အလားတူ ၂ နှစ်တစ်ကြိမ်ကျင်းပမယ်ဆိုပါက
ဖီဖာရဲ့ ဝင်ငွေဟာ ဒေါ်လာ ၄.၄ ဘီလျံ(ပေါင် ၃.၃ဘီလျံ) အထိတိုးလာနိုင်ပြီး
အဖွဲ့ဝင်နိုင်ငံတိုင်းကို ၅၀ ရာခိုင်နှုန်းစီ ပိုထောက်ပံ့နိုင်မယ်လိုလည်း
သွေးဆောင်စည်းရုံးခဲ့ပါသေးတယ်။ ဒါဟာ ဘောလုံးမဖွံဖြိုးသေးတဲ့
နိုင်ငံတွေအတွက် မက်မောစရာလည်း ဖြစ်နေပါတယ်။ တောင်အမေရိက
ဘောလုံးအဖွဲ့ချုပ်ကတော့ ယူအီးအက်ဖ်အေနဲ့အမာခံပူးပေါင်းထားပြီး
၂ နှစ်တစ်ကြိမ်လုပ်မယ့်ပြိုင်ပွဲမှာ မပါဘူးလို့ ကတိပြုထားပါတယ်။
ဘောလုံးဖွံ့ဖြိုးမှု ပိုအားနည်းတဲ့ အာဖရိကတိုက်နဲ့ အာရှတိုက်အပါအဝင်
ကျန်တိုက်အားလုံးကတော့ ဒီအစီအစဥ္ကို ကြိုဆိုထောက်ခံခဲ့ကြပါတယ်။
ဖီဖာဥက္ကဌ အင်ဖန်တီနိုကလည်း တစ်ကမ္ဘာလုံးမှာပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရ
မျိုးဆက်သစ်တွေက ဘောလုံးပြိုင်ပွဲတွေကို ပိုလိုချင်နေကြပြီး
ကမ္ဘာ့နိုင်ငံအများစုရဲ့ မဲတွေနဲ့အတူ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့
ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူအီးအက်ဖ်အေ ဥက္ကဌ ဆီဖာရင်ကတော့
၂ နှစ်တစ်ကြိမ်လုပ်ရင် ကမ္ဘာ့ဖလားမှာ ဥရောပနိုင်ငံတွေ ဝင်မပြိုင်တော့ဘူးလို့
ယတိပြတ်တုံ့ပြန်ထားပါတယ်။ ဥရောပ မီဒီယာတွေကလည်း အာဆင်ဝင်းဂါးဟာ
အလွန်ဆိုးရွားတဲ့ အကြံအစည်တစ်ခုကို ဖီဖာသို့ ရောင်းချလိုက်တာပဲလို့
ဝေဖန်ရေးသားခဲ့ကြပါတယ်။ အခြေအနေတွေက ကမ္ဘာကြီး ၂ ခြမ်းကွဲသလို
ဝင်းဂါးဘက်မှာ ရပ်တည်မလား၊ အခြားဘက်မှာ ရပ်တည်မလား ဖြစ်နေပြီး
အားလုံးကလည်း ကိုယ့်ရူ့ထောင့်နဲ့ကိုယ် မှန်ကန်နေကြပါတယ်။
အာဆင်ဝင်းဂါးရဲ့အကြံကြောင့် ဥရောပနဲ့တောင်အမေရိကက တစ်ဘက်၊
ကျန်တိုက်တွေကတစ်ဘက်နဲ့ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှုကြီး
ပျက်ဆီးသွားမလားဆိုတာကိုတော့ ၂၀၂၂ မေလမှာကျင်းပမယ့်
ဖီဖာကွန်ဂရက်မှာ မဲပေးဆုံးဖြတ်ပြီး အဖြေထွက်လာတော့မှာပါ။
zawgyi
ကမာၻ႔တစ္ဝန္းလုံးက ေဘာလုံးျပကၡဒိန္ေတြကို ဖ်က္ဆီးမယ့္အႀကံနဲ႔ အာဆင္ဝင္းဂါး
အာဆင္နယ္နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးတင္သြင္းလာတဲ့
ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးကို ၂ ႏွစ္တစ္ႀကိမ္ က်င္းပမယ့္ အႀကံအစည္ကို
ဖီဖာတာဝန္ရွိသူေတြက ေနာက္မဆုတ္ဘဲ ဆက္လုပ္ဖို႔ ႀကံ႐ြယ္ထားၾကသလို
ဥေရာပလိဂ္ထိပ္သီးလိဂ္ေတြက က န္႔ကြက္ေနၾကတာေၾကာင့္လည္း
အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ကာ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး
ပ်က္စီးမယ့္အေရးနဲ႔ ရင္ဆိုင္ေနရပါၿပီ။ အာဆင္ဝင္းဂါးဟာ
အာဆင္နယ္နည္းျပအျဖစ္ကေန လမ္းခြဲၿပီးေနာက္ အခ်ိန္အနည္းငယ္အနားယူခဲ့ေပ မယ့္
ေနာက္ပိုင္းမွာ ဖီဖာရဲ႕ ေဘာလုံးဖြံ႕ၿဖိဳးေရး အႀကီးအကဲခ်ဳပ္အျဖစ္
တာဝန္ယူခဲ့ပါတယ္။ သူတာဝန္ယူၿပီးမၾကာခင္ ကမာၻ႔ဖလားၿပိဳင္ပြဲကို
လက္ရွိက်င္းပေနတဲ့ ၄ ႏွစ္တစ္ႀကိမ္အစား ၂ ႏွစ္တစ္ႀကိမ္ေျပာင္းလဲက်င္းပဖို႔
စီစၪႅာတာပါ။ ဒီလိုႀကံ႐ြယ္ရျခင္းဟာ ဖီဖာအဖြဲ႕ဝင္ႏိုင္ငံတိုင္း
ေဘာလုံးတိုးတက္လာေစဖို႔၊ စီးပြားေရးအက်ိဳးအျမတ္ရေစဖို႔နဲ႔
အဖြဲ႕ဝင္ႏိုင္ငံေတြအၾကား ေဘာလုံးအဆင့္အတန္းကြာဟမႈကို
ေလ်ာ့ခ်ေပးႏိုင္ဖို႔လည္းျဖစ္ပါတယ္။ အာဆင္ဝင္းဂါးရဲ႕ ၂ ႏွစ္တစ္ႀကိမ္
ကမာၻ႔ဖလားက်င္းပမယ့္ အႀကံအစည္ကို ျဖစ္ႏိုင္ေခ်ရွိမရွိ ဆန္းစစ္ၾကည့္ၾကဖို႔
ေဆာ္ဒီအာေရးဘီးယား ႏိုင္ငံက ဖီဖာမွာ အဆိုျပဳခဲ့ၿပီးေနာက္မွာေတာ့
ဖီဖာအဖြဲ႕ဝင္ႏိုင္ငံေတြအနက္ ၁၆၆ ႏိုင္ငံက ေထာက္ခံမဲေပးခဲ့ၾကပါတယ္။
ဒါေၾကာင့္လည္း ဒီအစီအစၪၠိဳ ဆန္းစစ္အေကာင္အထည္ေဖာ္ဖို႔ ဖီဖာဥကၠဌ
အင္ဖန္တီႏိုက အာဆင္ဝင္းဂါးကို ဦးေဆာင္ေစခဲ့ပါတယ္။ အာဆင္ဝင္းဂါးကေတာ့
သူ႔ရဲ႕အႀကံအစည္ဟာ လက္ရွိ ကမာၻ႔ေဘာလုံးျပကၡဒိ္န္ကိုပါ အေျပာင္းအလဲျဖစ္ၿပီး
ရာႏႈန္းျပည့္အက်ိဳးရွိေစလိမ့္မယ္လို႔ဆိုပါတယ္။ ” ေဘာလုံးမွာက ရွင္းပါတယ္။
ၿပိဳင္ပြဲႀကီးေတြကိုမကစားရဘူးဆိုရင္ ၿပိဳင္ပြဲငယ္ေတြကိုပဲ ကစားမွာပါ။
ၿပိဳင္ပြဲငယ္မို႔ ကစားဘူးဆိုတာ မရွိဘူး” လို႔ ဝင္းဂါးက ဆိုပါတယ္။
လက္ရွိကမာၻ႔ဖလားၿပိဳင္ပြဲကို ၁၉၃၀ ခုႏွစ္ကစၿပီး ၄ ႏွစ္တစ္ႀကိမ္က်င္းပလာခဲ့ရာမွာ
ကမာၻ႔ဖလား မကစားဖူးေသးတဲ့ ဖီဖာအဖြဲ႕ဝင္ ၁၃၃ ႏိုင္ငံ ရွိေနေသးတယ္လို႔လည္
း ဝင္းဂါးက ေထာက္ျပခဲ့ပါတယ္။ အာဆင္ဝင္းဂါးရဲ႕ အႀကံအစည္ကို
ေဘာလုံးဖြံ႕ၿဖိဳးမႈနည္းေသးတဲ့တိုက္ႀကီးေတြနဲ႔ ႏိုင္ငံေတြက ေထာက္ခံၾကေပမယ့္
ဥေရာပနိင္ငံေတြက ခါးခါးသီးသီးဆန္႔က်င္ခဲ့ၾကပါတယ္။
ပရီးမီယားလိဂ္အသင္းတိုင္းကလည္း ဒီအႀကံကိုဆန္႔က်င္ၾကသလို
ဥေရာပရဲ႕ထိပ္သီးလိဂ္ေတြအကုန္လုံးကလည္း လက္မခံေၾကာင္း
ေၾကညာခဲ့ၾကပါေသးတယ္။ လာလီဂါအဖြဲ႕ခ်ဳပ္ဥကၠဌ ဂ်ာဗီယာတီးဘက္စ္ကေတာ့
ဒါဟာ ကမာၻ႔တစ္ဝန္းလုံးက ေဘာလုံးျပကၡဒိန္ေတြကို ဖ်က္ဆီးမယ့္အႀကံပဲလို႔
ျပစ္တင္ခဲ့ပါတယ္။ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့စစ္တမ္းအရလည္း ၂ ႏွစ္တစ္ႀကိမ္သာ
ကမာၻ႔ဖလားၿပိဳင္ပြဲျပဳလုပ္ခဲ့ရင္ အထိနာဆုံးျဖစ္မွာက ဥေရာပထိပ္သီး
လိဂ္ၿပိဳင္ပြဲ်ေတြျဖစ္ၿပီး ႐ုပ္သံလႊင့္ခ၊ ကြင္းဝင္ေၾကး၊ ေၾကာ္ညာသေဘာတူညီမႈေတြက
ရတာေတြအပါအဝင္ တစ္ရာသီ ယူ႐ို ၈ သန္းဆုံးရႈုံးလိမ့္မယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။
ဖီဖာဥကၠဌ အင္ဖန္တီႏိုကေတာ့ ကန္႔ကြက္သူေတြရွိေနတဲ့ၾကားက ဒီအစီအစၪၠိဳ
မျဖစ္ျဖစ္ေအာင္ လုပ္ေဆာင္ဖို႔ ႀကံ႐ြယ္ေနပါတယ္။ ဖီဖာအဖြဲ႕ဝင္ ၂၁၁ ႏိုင္ငံပါတဲ့
ဖီဖာကြန္ဂရက္ကို တနလၤာေန႔တုန္းက အြန္လိုင္းက ျပဳလုပ္ခဲ့ရာမွာလည္း
စာမ်က္ႏွာ ၇၀၀ ပါတဲ့ အစီရင္ခံစာကို အတည္ျပဳအဖြဲ႕ဝင္ ၂၀၇ ႏိုင္ငံသို႔ ဖီဖာက
ေပးအပ္ခ့ဲ့ပါတယ္။ အလားတူ ၂ ႏွစ္တစ္ႀကိမ္က်င္းပမယ္ဆိုပါက
ဖီဖာရဲ႕ ဝင္ေငြဟာ ေဒၚလာ ၄.၄ ဘီလ်ံ(ေပါင္ ၃.၃ဘီလ်ံ) အထိတိုးလာႏိုင္ၿပီး
အဖြဲ႕ဝင္ႏိုင္ငံတိုင္းကို ၅၀ ရာခိုင္ႏႈန္းစီ ပိုေထာက္ပံ့ႏိုင္မယ္လိုလည္း
ေသြးေဆာင္စည္း႐ုံးခဲ့ပါေသးတယ္။ ဒါဟာ ေဘာလုံးမဖြံၿဖိဳးေသးတဲ့
ႏိုင္ငံေတြအတြက္ မက္ေမာစရာလည္း ျဖစ္ေနပါတယ္။ ေတာင္အေမရိက
ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ ယူအီးအက္ဖ္ေအနဲ႔အမာခံပူးေပါင္းထားၿပီး
၂ ႏွစ္တစ္ႀကိမ္လုပ္မယ့္ၿပိဳင္ပြဲမွာ မပါဘူးလို႔ ကတိျပဳထားပါတယ္။
ေဘာလုံးဖြံ႕ၿဖိဳးမႈ ပိုအားနည္းတဲ့ အာဖရိကတိုက္နဲ႔ အာရွတိုက္အပါအဝင္
က်န္တိုက္အားလုံးကေတာ့ ဒီအစီအစၪၠိဳ ႀကိဳဆိုေထာက္ခံခဲ့ၾကပါတယ္။
ဖီဖာဥကၠဌ အင္ဖန္တီႏိုကလည္း တစ္ကမာၻလုံးမွာျပဳလုပ္ခဲ့တဲ့စစ္တမ္းေတြအရ
မ်ိဳးဆက္သစ္ေတြက ေဘာလုံးၿပိဳင္ပြဲေတြကို ပိုလိုခ်င္ေနၾကၿပီး
ကမာၻ႔ႏိုင္ငံအမ်ားစုရဲ႕ မဲေတြနဲ႔အတူ အေကာင္အထည္ေဖာ္ႏိုင္လိမ့္မယ္လို႔
ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ယူအီးအက္ဖ္ေအ ဥကၠဌ ဆီဖာရင္ကေတာ့
၂ ႏွစ္တစ္ႀကိမ္လုပ္ရင္ ကမာၻ႔ဖလားမွာ ဥေရာပႏိုင္ငံေတြ ဝင္မၿပိဳင္ေတာ့ဘူးလို႔
ယတိျပတ္တုံ႔ျပန္ထားပါတယ္။ ဥေရာပ မီဒီယာေတြကလည္း အာဆင္ဝင္းဂါးဟာ
အလြန္ဆိုး႐ြားတဲ့ အႀကံအစည္တစ္ခုကို ဖီဖာသို႔ ေရာင္းခ်လိုက္တာပဲလို႔
ေဝဖန္ေရးသားခဲ့ၾကပါတယ္။ အေျခအေနေတြက ကမာၻႀကီး ၂ ျခမ္းကြဲသလို
ဝင္းဂါးဘက္မွာ ရပ္တည္မလား၊ အျခားဘက္မွာ ရပ္တည္မလား ျဖစ္ေနၿပီး
အားလုံးကလည္း ကိုယ့္႐ူ႕ေထာင့္နဲ႔ကိုယ္ မွန္ကန္ေနၾကပါတယ္။
အာဆင္ဝင္းဂါးရဲ႕အႀကံေၾကာင့္ ဥေရာပနဲ႔ေတာင္အေမရိကက တစ္ဘက္၊
က်န္တိုက္ေတြကတစ္ဘက္နဲ႔ လက္ရွိ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပမႈႀကီး
ပ်က္ဆီးသြားမလားဆိုတာကိုေတာ့ ၂၀၂၂ ေမလမွာက်င္းပမယ့္
ဖီဖာကြန္ဂရက္မွာ မဲေပးဆုံးျဖတ္ၿပီး အေျဖထြက္လာေတာ့မွာပါ။