ပီအက်စ်ဂျီအနာဂတ်နဲ့ပက်သတ်လို့ထင်ကြေးပေးမှုများနေတဲ့ကြားထဲမှာ
မက်ဆီက ကမ္ဘာ့ဖလားရလိုက်တာကြောင့် အရာအားလုံးပြောင်းလဲ
သွားတယ်လို့ ဝန်ခံလိုက်ပါတယ်။ မက်ဆီဟာ ရာသီအစကတည်းက
ပါရီကလပ်နဲ့ တစ်နှစ်သက်တမ်းတိုးဖို့ရှိခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်
ကာတာနိုင်ငံကိုမထွက်ခွာခင်အထိနှောင့်နှေးနေခဲ့တာဖြစ်တယ်။
ကမ္ဘာ့ချန်ပီယံအဖြစ် ပြင်သစ်မြေကိုပြန်ရောက်လာတဲ့နောက်တော့
ဘလွန်းဒီအော်စံချိန်ရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားပုံရပါတယ်။
လက်ရှိမှာတော့ မက်ဆီအနေနဲ့ ရာသီကုန်မှာ ပီအက်စ်ဂျီကနေ
ထွက်ခွာနိုင်ခြေက ပိုပြီးမြင့်တက်လာခဲ့ပါပြီ။ သူ့ရဲ့နောက်ဆုံး
မှတ်ချက်စကားတွေထဲမှာ အနာဂတ်ကိုတိုက်ရိုက်မဖော်ပြခဲ့ပေမဲ့
ကာတာမှာသရဖူဆောင်းပြီးတဲ့နောက် ရှုထောင့်ပြောင်းသွားတယ်လို့
ဝန်ခံလိုက်ပါတယ်။ InfoBae နဲ့တွေ့ဆုံမှုမှာ မက်ဆီက “ဘုရားသခင်ကို
အမြဲတမ်းကျေးဇူးတင်ပါတယ်။ သူ ကျွန်တော့်ကိုကမ္ဘာ့ဖလား
ပေးမယ်ဆိုတာသိနေတယ်၊ ဘာမှန်းမသိပေမဲ့ ကျွန်တော် ဒီလိုပဲ
ခံစားခဲ့ရတယ်။ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့အိပ်မက်တွေကို
သူကိုယ်တိုင်ပေးအပ်ခဲ့တယ်။ အဆုံးသတ်မှာ ကံကောင်းခဲ့ပါတယ်။
အဲ့ဒီနေ့ကစပြီး ငါ့အတွက်အရာရာပြောင်းလဲသွားတယ်။
အခု ကျွန်တော်တို့ပြောနိုင်ပါပြီ” လို့ ဝန်ခံလိုက်တာဖြစ်တယ်။
မက်ဆီဟာ သူအချိန်အတော်ကြာတောင့်တခဲ့တဲ့ ဆုဖလားကို
ရရှိခဲ့ပြီးတဲ့နောက် သက်သေပြစရာမရှိတော့တဲ့အတွက် မိခင်မြေကို
ပြန်ခြင်းနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဥရောပဘောလုံးရပ်ဝန်းကိုကျောခိုင်းခြင်းတို့ကို
ရွေးချယ်သွားနိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့ မေဂျာလိဂ်ကလပ်
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကိုခေါ်ယူဖို့ အပြင်းအထန်စိတ်ဝင်စားနေတာပါ။
zawgyi
ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့နေ့ကစလို့ အရာအားလုံးပြောင်းလဲသွားပြီလို့ မက်ဆီ ဝန်ခံလိုက်