ကမ္ဘာ့ကြေးအကြီးဆုံးစပွန်ဆာကြေးပမာဏ (၁)နှစ်ပေါင်(၆၇)သန်းနဲ့ စာချုပ်ချုပ်ဆိုဖို့နီးစပ်နေပြီဖြစ်တဲ့ ဘာစီလိုနာ

ကြွေးမြီပြဿနာတွေကြောင့် အသင်းရဲ့ဂန္ထဝင်ကစားသမားမက်ဆီကို

ရာသီအစက လက်လွှတ်ခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့

လာလီဂါထိပ်သီးကလပ်ဘာစီလိုနာအသင်းဟာ

အခုဆိုရင် လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိလာပြီး

ကမ္ဘာ့ကြေးအကြီးဆုံးစပွန်ဆာကြေးပမာဏ (၁)နှစ်ပေါင်(၆၇)သန်းနဲ့

စာချုပ်ချုပ်ဆိုဖို့နီးစပ်နေပြီဖြစ်ပါတယ်။

အခုလောလောဆယ်လက်တွဲထားတဲ့ စပွန်ဆာကုမ္ပဏီတွေဖြစ်တဲ့

Rakuten၊ Beko တို့နဲ့စာချုပ်က လာမယ့်(၆)လကြာရင်

သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောငင့် ဘာစီလိုနာအသင်းဟာ

စပွန်ဆာကုမ္ပဏီရှာကြိုတင်ရှာဖွေနေတာဖြစ်ပြီး

သူတို့နဲ့စာချုပ်ချုပ်ဆိုဖို့ရှိနေတဲ့ ကုမ္ပဏီသစ်တွေက

Cryptocurrency လုပ်ငန်းတွေလုပ်ကိုင်နေတဲ့

VeganNation နဲ့ Polkadot တို့ဖြစ်နိုင်တယ်လို့

စပိန်အားကစားသတင်းစာ Sports က ခန့်မှန်းခဲ့ပါတယ်။။

ဒီကုမ္ပဏီနှစ်ခုဟာ ဘာစီလိုနာနဲ့လက်တွဲဖြစ်ရင်

ကုမ္ပဏီနှစ်ခုပေါင်း (၁)နှစ်ပေါင်(၆၇)သန်းအထိရရှိနိုင်မှာဖြစ်ပြီး

ဂျာစီရှေ့ဘက်ပိုင်း၊ လက်မောင်းတံဆိပ်နဲ့ လေ့ကျင့်ခန်းဆင်းတဲ့ဂျာစီတွေမှာ

သူတို့ရဲ့လိုဂိုတွေရိုက်နှိပ်သွားမှာဖြစ်ပါတယ်။

သတင်းတွေအရတော့ VeganNation နဲ့ ဘာစီလိုနာအသင်းတို့ဟာ

စပွန်ဆာကိစ္စအတွက် ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလကတည်းက

စတင်ဆွေးနွေးခဲ့တာဖြစ်တယ်လိုသိရပြီး

သူတို့ရဲ့အမှုဆောင်ချုပ်အိုင်ဆက်သောမတ်စ်က

ဘာစီလိုနာအသင်းဥက္ကဌလာပေါ်တာအပါအဝင်

တခြားတာဝန်ရှိသူတွေနဲ့တွေ့ဆုံစကားပြောဖြစ်ခဲ့ပါတယ်။

တကယ်လို့ ဘာစီလိုနာနဲ့ အဲဒီကုမ္ပဏီနှစ်ခု တရားဝင်လက်တွဲဖြစ်ရင်

ဘာစီလိုနာအသင်းဟာ ဝင်ငွေရရှိမှုမြင့်တက်လာမှာဖြစ်တာကြောင့်

ဘဏ္ဍာရေးအခက်အခဲတွေကို အတိုင်းအတာတစ်ခုအထိ

ပြေလည်စေနိုင်မှာဖြစ်ပါတယ်။

zawgyi

ကမာၻ႔ေၾကးအႀကီးဆုံးစပြန္ဆာေၾကးပမာဏ (၁)ႏွစ္ေပါင္(၆၇)သန္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔နီးစပ္ေနၿပီျဖစ္တဲ့ ဘာစီလိုနာ

ေႂကြးၿမီျပႆနာေတြေၾကာင့္ အသင္းရဲ႕ဂႏၴဝင္ကစားသမားမက္ဆီကို

ရာသီအစက လက္လႊတ္ခဲ့ရတဲ့အထိျဖစ္ခဲ့တဲ့

လာလီဂါထိပ္သီးကလပ္ဘာစီလိုနာအသင္းဟာ

အခုဆိုရင္ လမ္းေၾကာင္းမွန္ေပၚျပန္လည္ေရာက္ရွိလာၿပီး

ကမာၻ႔ေၾကးအႀကီးဆုံးစပြန္ဆာေၾကးပမာဏ (၁)ႏွစ္ေပါင္(၆၇)သန္းနဲ႔

စာခ်ဳပ္ခ်ဳပ္ဆိုဖို႔နီးစပ္ေနၿပီျဖစ္ပါတယ္။

အခုေလာေလာဆယ္လက္တြဲထားတဲ့ စပြန္ဆာကုမၸဏီေတြျဖစ္တဲ့

Rakuten၊ Beko တို႔နဲ႔စာခ်ဳပ္က လာမယ့္(၆)လၾကာရင္

သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာငင့္ ဘာစီလိုနာအသင္းဟာ

စပြန္ဆာကုမၸဏီရွာႀကိဳတင္ရွာေဖြေနတာျဖစ္ၿပီး

သူတို႔နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ရွိေနတဲ့ ကုမၸဏီသစ္ေတြက

Cryptocurrency လုပ္ငန္းေတြလုပ္ကိုင္ေနတဲ့

VeganNation နဲ႔ Polkadot တို႔ျဖစ္ႏိုင္တယ္လို႔

စပိန္အားကစားသတင္းစာ Sports က ခန႔္မွန္းခဲ့ပါတယ္။။

ဒီကုမၸဏီႏွစ္ခုဟာ ဘာစီလိုနာနဲ႔လက္တြဲျဖစ္ရင္

ကုမၸဏီႏွစ္ခုေပါင္း (၁)ႏွစ္ေပါင္(၆၇)သန္းအထိရရွိႏိုင္မွာျဖစ္ၿပီး

ဂ်ာစီေရွ႕ဘက္ပိုင္း၊ လက္ေမာင္းတံဆိပ္နဲ႔ ေလ့က်င့္ခန္းဆင္းတဲ့ဂ်ာစီေတြမွာ

သူတို႔ရဲ႕လိုဂိုေတြ႐ိုက္ႏွိပ္သြားမွာျဖစ္ပါတယ္။

သတင္းေတြအရေတာ့ VeganNation နဲ႔ ဘာစီလိုနာအသင္းတို႔ဟာ

စပြန္ဆာကိစၥအတြက္ ၿပီးခဲ့တဲ့ႏွစ္၊ ႏိုဝင္ဘာလကတည္းက

စတင္ေဆြးေႏြးခဲ့တာျဖစ္တယ္လိုသိရၿပီး

သူတို႔ရဲ႕အမႈေဆာင္ခ်ဳပ္အိုင္ဆက္ေသာမတ္စ္က

ဘာစီလိုနာအသင္းဥကၠဌလာေပၚတာအပါအဝင္

တျခားတာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံစကားေျပာျဖစ္ခဲ့ပါတယ္။

တကယ္လို႔ ဘာစီလိုနာနဲ႔ အဲဒီကုမၸဏီႏွစ္ခု တရားဝင္လက္တြဲျဖစ္ရင္

ဘာစီလိုနာအသင္းဟာ ဝင္ေငြရရွိမႈျမင့္တက္လာမွာျဖစ္တာေၾကာင့္

ဘ႑ာေရးအခက္အခဲေတြကို အတိုင္းအတာတစ္ခုအထိ

ေျပလည္ေစႏိုင္မွာျဖစ္ပါတယ္။