ကမ္ဘာဖလားပြိုင်ပွဲရဲ့ မှတ်တမ်းဆိုးမှာ သာကောင်ဖြစ်သွားခဲ့ရတဲ့ ဂျပန်အသင်း

အုပ်စုတွင်းမှာ ဂျာမနီ၊ စပိန်တို့လို့ဥရောပအသင်းကြီးတွေကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ ဂျပန်အသင်းဟာ

ရှုံးထွက်(၁၆)သင်းအဆင့်မှာတော့ ခရိုအေးရှားကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ်။

ဒါဟာဂျပန်အသင်းအနေနဲ့ အုပ်စုကတက်တဲ့(၄)ကြိမ်စလုံး

ရှုံးထွက်(၁၆)သင်းအဆင့်ကနေ လှည့်ပြန်ရတဲ့ မှတ်တမ်းဆိုးကို မချိုးဖျက်နိုင်ခဲ့ပါဘူး။

ဂျပန်နဲ့ ခရိုအေးရှားတို့ရဲ့ပွဲဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်(၁၆)သင်းအဆင့်မှာ အချိန်ပိုမိနစ်(၃၀)ကစားရတဲ့ ပထမဆုံးပွဲ၊

ပယ်နယ်တီအဆုံးအဖြတ် ခံယူရတဲ့ ပထမဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်မှာ ဂျပန်အသင်းကစားသမားတွေဖြစ်တဲ့ မီနာမီနို၊ မီတိုမာ၊ ယိုရှီဒါတို့ရဲ့ ကန်ချက်တွေကို

ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ရှ် လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့်

ခရိုအေးရှားတို့ (၃-၁)ဂိုးနဲ့အနိုင်ရပြီး ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရရှိသွားပါတယ်။

ခရိုအေးရှားအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲတွေမှာ

ဒိန်းမတ်၊ ရုရှားတို့ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့သလို အခု ၂၀၂၂ မှာလည်း ဂျပန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ပြန်ပါတယ်။

ဂျပန်အသင်းကတော့ ပြိုင်ပွဲတစ်လျှောက် ၂၀၁၀ ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်မှာ

ပါရာဂွေးကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး အခု ဒုတိယအကြိမ်မြောက်အဖြစ်

ခရိုအေးရှားကို ပယ်နယ်တီနဲ့ပဲ ထပ်ရှုံးခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားနဲ့ပွဲမှာ ဂျပန်တို့ ပယ်နယ်တီအရင်ကန်ခွင့်ရခဲ့တာက သူတို့အတွက် ကြမ္မာဆိုးဝင်တာလို့ သတ်မှတ်ရမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးကမ္ဘာ့ဖလား(၆)ကြိမ်အတွင်း ရှုံးထွက်အဆင့်ပွဲတွေရဲ့

ပယ်နယ်တီအဆုံးအဖြတ်မှာ အရင်ဆုံးကန်ခွင့်ရတဲ့ အသင်းတိုင်း ရှုံးနိမ့်ခဲ့လို့ပါပဲ။

အခုနှစ်အပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာက စုစုပေါင်း(၃၁)ကြိမ်ရှိပြီး

ပယ်နယ်တီအရင်ကန်ခွင့်ရတဲ့ အသင်းတွေ (၁၆)ကြိမ်အထိ ရှုံးနိမ့်ခဲ့သလို အဲဒီ(၁၆)ကြိမ်ထဲမှာ

အခု ဂျပန်အသင်းနဲ့ဆိုရင် ပယ်နယ်တီအရင်ဆုံးကန်ရတဲ့အသင်းတွေ နောက်ဆုံး(၇)ကြိမ်ဆက်တိုက် ရှုံးပွဲကြုံခဲ့ရပါတယ်။

zawgyi

ကမၻာဖလားျပိဳင္ပြဲရဲ႕ မွတ္တမ္းဆိုးမွာ သာေကာင္ျဖစ္သြားခဲ့ရတဲ့ ဂ်ပန္အသင္း

အုပ္စုတြင္းမွာ ဂ်ာမနီ၊ စပိန္တို႔လို႔ဥေရာပအသင္းၾကီးေတြကို အႏိုင္ယူေက်ာ္ျဖတ္ခဲ့တဲ့ ဂ်ပန္အသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္မွာေတာ့

ခ႐ိုေအးရွားကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ သြားခဲ့ပါတယ္။ ဒါဟာဂ်ပန္အသင္းအေနနဲ႔ အုပ္စုကတက္တဲ့(၄)ႀကိမ္စလုံး

ရႈံးထြက္(၁၆)သင္းအဆင့္ကေန လွည့္ျပန္ရတဲ့ မွတ္တမ္းဆိုးကို မခ်ိဳးဖ်က္ႏိုင္ခဲ့ပါဘူး။

ဂ်ပန္နဲ႔ ခ႐ိုေအးရွားတို႔ရဲ႕ပြဲဟာ အခု ကမာၻ႔ဖလားၿပိဳင္ပြဲ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အခ်ိန္ပိုမိနစ္(၃၀)ကစားရတဲ့ ပထမဆုံးပြဲ၊

ပယ္နယ္တီအဆုံးအျဖတ္ ခံယူရတဲ့ ပထမဆုံးပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ပယ္နယ္တီအဆုံးအျဖတ္မွာ ဂ်ပန္အသင္းကစားသမားေတြျဖစ္တဲ့ မီနာမီႏို၊ မီတိုမာ၊ ယိုရွီဒါတို႔ရဲ႕ ကန္ခ်က္ေတြကို

ခ႐ိုေအးရွားဂိုးသမား လီဗာကိုဗစ္ရွ္ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တာေၾကာင့္

ခ႐ိုေအးရွားတို႔ (၃-၁)ဂိုးနဲ႔အႏိုင္ရၿပီး ကြာတားဖိုင္နယ္တက္ေရာက္ခြင့္ရရွိသြားပါတယ္။

ခ႐ိုေအးရွားအသင္းဟာ ၂၀၁၈ ကမာၻ႔ဖလား ရႈံးထြက္(၁၆)သင္းအဆင့္နဲ႔ ကြာတားဖိုင္နယ္ပြဲေတြမွာ

ဒိန္းမတ္၊ ႐ုရွားတို႔ကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့သလို အခု ၂၀၂၂ မွာလည္း ဂ်ပန္အသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူခဲ့ျပန္ပါတယ္။

ဂ်ပန္အသင္းကေတာ့ ၿပိဳင္ပြဲတစ္ေလွ်ာက္ ၂၀၁၀ ကမာၻ႔ဖလားရႈံးထြက္(၁၆)သင္းအဆင့္မွာ

ပါရာေဂြးကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီး အခု ဒုတိယအႀကိမ္ေျမာက္အျဖစ္

ခ႐ိုေအးရွားကို ပယ္နယ္တီနဲ႔ပဲ ထပ္ရႈံးခဲ့တာျဖစ္ပါတယ္။

ခ႐ိုေအးရွားနဲ႔ပြဲမွာ ဂ်ပန္တို႔ ပယ္နယ္တီအရင္ကန္ခြင့္ရခဲ့တာက သူတို႔အတြက္ ၾကမၼာဆိုးဝင္တာလို႔ သတ္မွတ္ရမွာပါ။

ဘာျဖစ္လို႔လဲဆိုေတာ့ ေနာက္ဆုံးကမာၻ႔ဖလား(၆)ႀကိမ္အတြင္း ရႈံးထြက္အဆင့္ပြဲေတြရဲ႕

ပယ္နယ္တီအဆုံးအျဖတ္မွာ အရင္ဆုံးကန္ခြင့္ရတဲ့ အသင္းတိုင္း ရႈံးနိမ့္ခဲ့လို႔ပါပဲ။

အခုႏွစ္အပါအဝင္ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရတာက စုစုေပါင္း(၃၁)ႀကိမ္ရွိၿပီး

ပယ္နယ္တီအရင္ကန္ခြင့္ရတဲ့ အသင္းေတြ (၁၆)ႀကိမ္အထိ ရႈံးနိမ့္ခဲ့သလို အဲဒီ(၁၆)ႀကိမ္ထဲမွာ

အခု ဂ်ပန္အသင္းနဲ႔ဆိုရင္ ပယ္နယ္တီအရင္ဆုံးကန္ရတဲ့အသင္းေတြ ေနာက္ဆုံး(၇)ႀကိမ္ဆက္တိုက္ ရႈံးပြဲႀကဳံခဲ့ရပါတယ္။