
ယူရို ၂၀၁၆ တုန်းက ဝေးလ် အသင်းဘက်ကို (၂.၄၂)မီတာ အမြင့်နဲ့ ခေါင်းခုန်တိုက်ကာဂိုးသွင်းယူခဲ့ပြီး
နိုင်ငံလက်ရွေးစင်ကစားသမားတွေထဲမှာ အမြင့်ဆုံးခေါင်းခုန်တိုက်နိုင်မှု စံချိန်ကို ရယူထားခဲ့တဲ့ ရော်နယ်ဒိုရဲ့စံချိန်မှတ်တမ်းကို
မော်ရိုကိုတိုက်စစ်မှူး အန်နက်ဆရီက (၂.၇၈)မီတာ အမြင့်နဲ့ ပေါ်တူဂီအသင်းဘက်ဆီကို ခေါင်းခုန်တိုက်ရင်း စံချိန်ချိုးသွားခဲ့ပါတယ်။
ဒါဟာ နိုင်ငံလက်ရွေးစင်ကစားသမားတွေထဲမှာ စံချိန်သစ်တစ်ခုဖြစ်ခဲ့ပေမယ့် မော်ရိုကိုတိုက်စစ်မှူး အန်နက်ဆရီဟာ
ရော်နယ်ဒိုရဲ့ အမြင့်ဆုံးခေါင်းတိုက်ဂိုး စံချိန်ကိုတော့ မချိုးဖျက်နိုင်ခဲ့ပါဘူး။
အဆိုပါစံချိန်မှတ်တမ်းကို (၂၀၁၁) ချန်ပီယံလိဂ် ပြိုင်ပွဲတုန်းက ရီးရဲလ်ကစားသမားအနေနဲ့
ယူနိုက်တက်အသင်းဘက်ကို (၂.၉၃)မီတာ အမြင့်ထိခုန်ပြီး သွင်းဂိုးရယူခဲ့တာဖြစ်ပြီး
သည်စံချိန်ကို အခုအချိန်အထိ ဘယ်ကစားသမားကမှ မချိုးဖျက်နိုင်သေးပါဘူး။
ဒါပေမဲ့ ပေါ်တူဂီကိုအနိုင်ရခဲ့တဲ့ မော်ရိုကိုဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပထမဆုံးတက်ရောက်နိုင်တဲ့
အာဖရိကအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့သလို တစ်လုံးတည်းသောအနိုင်ဂိုးသွင်းခဲ့တဲ့ အန်နက်ဆရီရဲ့ခုန်အားကလည်း
အရံခုံမှာရှိနေတဲ့ ရော်နယ်ဒိုတောင်အံသြမှင်တက်မိခဲ့တဲ့အထိ အံသြစရာကောင်းလောက်တဲ့ အမြင့်တစ်ခုဖြစ်ခဲ့ပါတယ်။
ရီးရဲလ်ကနေ ဂျူဗင်တပ်အသင်းဆီပြောင်းရွှေ့ခဲ့ချိန်တုန်းကလည်း ရော်နယ်ဒိုဟာ ဆမ်ဒိုးရီးယားဘက်ကို ၈ပေ၊ ၄လက်မအထိ ခုန်တက်ပြီး
ကမ္ဘာမြေဆွဲအားကိုဆန့်ကျင်ကာ ခေါင်းတိုက်ဂိုးသွင်းယူထားခဲ့ပါသေးတယ်။
ရော်နယ်ဒိုဟာ သာမန်ထက်ထူးခြားတဲ့ အမြင့်ခုန် စွမ်းရည်ကိုပြသပြီး ဂိုးသွင်းယူနိုင်သူအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီး
ရော်နယ်ဒိုရဲ့ရှေ့မှာ အန်နက်ဆရီက ၉ပေ၊ တစ်လက်မ အထိခုန်တက်ကာ ပေါ်တူဂီအသင်းဘက်ကို
ခေါင်းတိုက်ဂိုးသွင်းနိုင်ခဲ့တာကတော့ ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ဆိုရမှာပါ။
ကစားသမားနှစ်ယောက်လုံးဟာ အရပ်အမြင့် ၆ပေ၊ ၂လက်မ ကိုယ်စီရှိကြသူတွေဖြစ်လို့
အန်နက်ဆရီရဲ့ခေါင်းတိုက်ချက်က တကယ့်ကိုချီးကျူးချင်စရာဖြစ်နေပါတယ်။
အန်နက်ဆရီဂိုးသွင်းလိုက်ချိန်မှာ အရန်ခုံပေါ်ရှိနေတဲ့ ရော်နယ်ဒိုက အံ့အားသင့်တဲ့ပုံစံနဲ့တုံ့ပြန်ခဲ့တာကိုတွေ့လိုက်ရပါတယ်။
zawgyi
ကမာၻဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ေခါင္းတိုက္ဂိုးသြင္းယူခဲ့သူေတြထဲမွာ
ေရာ္နယ္ဒိုကိုယ္တိုင္ မွင္တက္မိေစတဲ့အထိ စံခ်ိန္သစ္တင္ႏိုင္ခဲ့တဲ့ ေမာ္႐ိုကို တိုက္စစ္မႉး အန္နက္ဆရီ
ယူ႐ို ၂၀၁၆ တုန္းက ေဝးလ္ အသင္းဘက္ကို (၂.၄၂)မီတာ အျမင့္နဲ႔ ေခါင္းခုန္တိုက္ကာဂိုးသြင္းယူခဲ့ၿပီး
ႏိုင္ငံလက္ေ႐ြးစင္ကစားသမားေတြထဲမွာ အျမင့္ဆုံးေခါင္းခုန္တိုက္ႏိုင္မႈ စံခ်ိန္ကို ရယူထားခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕စံခ်ိန္မွတ္တမ္းကို
ေမာ္႐ိုကိုတိုက္စစ္မႉး အန္နက္ဆရီက (၂.၇၈)မီတာ အျမင့္နဲ႔ ေပၚတူဂီအသင္းဘက္ဆီကို ေခါင္းခုန္တိုက္ရင္း စံခ်ိန္ခ်ိဳးသြားခဲ့ပါတယ္။
ဒါဟာ ႏိုင္ငံလက္ေ႐ြးစင္ကစားသမားေတြထဲမွာ စံခ်ိန္သစ္တစ္ခုျဖစ္ခဲ့ေပမယ့္ ေမာ္႐ိုကိုတိုက္စစ္မႉး အန္နက္ဆရီဟာ
ေရာ္နယ္ဒိုရဲ႕ အျမင့္ဆုံးေခါင္းတိုက္ဂိုး စံခ်ိန္ကိုေတာ့ မခ်ိဳးဖ်က္ႏိုင္ခဲ့ပါဘူး။
အဆိုပါစံခ်ိန္မွတ္တမ္းကို (၂၀၁၁) ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲတုန္းက ရီးရဲလ္ကစားသမားအေနနဲ႔
ယူႏိုက္တက္အသင္းဘက္ကို (၂.၉၃)မီတာ အျမင့္ထိခုန္ၿပီး သြင္းဂိုးရယူခဲ့တာျဖစ္ၿပီး
သည္စံခ်ိန္ကို အခုအခ်ိန္အထိ ဘယ္ကစားသမားကမွ မခ်ိဳးဖ်က္ႏိုင္ေသးပါဘူး။
ဒါေပမဲ့ ေပၚတူဂီကိုအႏိုင္ရခဲ့တဲ့ ေမာ္႐ိုကိုဟာ ကမာၻ႔ဖလားဆီမီးဖိုင္နယ္ကို ပထမဆုံးတက္ေရာက္ႏိုင္တဲ့
အာဖရိကအသင္းအျဖစ္မွတ္တမ္းဝင္ခဲ့သလို တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းခဲ့တဲ့ အန္နက္ဆရီရဲ႕ခုန္အားကလည္း
အရံခုံမွာရွိေနတဲ့ ေရာ္နယ္ဒိုေတာင္အံၾသမွင္တက္မိခဲ့တဲ့အထိ အံၾသစရာေကာင္းေလာက္တဲ့ အျမင့္တစ္ခုျဖစ္ခဲ့ပါတယ္။
ရီးရဲလ္ကေန ဂ်ဴဗင္တပ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ခ်ိန္တုန္းကလည္း ေရာ္နယ္ဒိုဟာ ဆမ္ဒိုးရီးယားဘက္ကို ၈ေပ၊ ၄လက္မအထိ ခုန္တက္ၿပီး
ကမာၻေျမဆြဲအားကိုဆန႔္က်င္ကာ ေခါင္းတိုက္ဂိုးသြင္းယူထားခဲ့ပါေသးတယ္။
ေရာ္နယ္ဒိုဟာ သာမန္ထက္ထူးျခားတဲ့ အျမင့္ခုန္ စြမ္းရည္ကိုျပသၿပီး ဂိုးသြင္းယူႏိုင္သူအျဖစ္သတ္မွတ္ခံထားရသူျဖစ္ၿပီး
ေရာ္နယ္ဒိုရဲ႕ေရွ႕မွာ အန္နက္ဆရီက ၉ေပ၊ တစ္လက္မ အထိခုန္တက္ကာ ေပၚတူဂီအသင္းဘက္ကို
ေခါင္းတိုက္ဂိုးသြင္းႏိုင္ခဲ့တာကေတာ့ ထူးျခားတဲ့ တိုက္ဆိုင္မႈလို႔ဆိုရမွာပါ။
ကစားသမားႏွစ္ေယာက္လုံးဟာ အရပ္အျမင့္ ၆ေပ၊ ၂လက္မ ကိုယ္စီရွိၾကသူေတြျဖစ္လို႔
အန္နက္ဆရီရဲ႕ေခါင္းတိုက္ခ်က္က တကယ့္ကိုခ်ီးက်ဴးခ်င္စရာျဖစ္ေနပါတယ္။
အန္နက္ဆရီဂိုးသြင္းလိုက္ခ်ိန္မွာ အရန္ခုံေပၚရွိေနတဲ့ ေရာ္နယ္ဒိုက အံ့အားသင့္တဲ့ပုံစံနဲ႔တုံ႔ျပန္ခဲ့တာကိုေတြ႕လိုက္ရပါတယ္။