





နေမာဟာ သက်ဆိုင်ရာကလပ်တွေနဲ့ ဘရာဇီးအသင်းမှာမယုံကြည်နိုင်
လောက်စရာစကေးတွေကို ထုတ်ပြနိုင်ခဲ့သူဖြစ်ပြီး ပြိုင်ဘက်ကိုမျောတဲ့အထိ





လှည့်စားနိုင်သူဖြစ်တယ်။ ဒါပေမဲ့ ပီအက်စ်ဂျီကြယ်ပွင့်ကတော့ ကမ္ဘာပေါ်မှာ
သူ့ထက်နည်းစနစ်ပိုင်းပိုကောင်းတဲ့ ကစားသမား ၅ယောက် ရှိတယ်လို့
ထုတ်ဖော်ပြောဆိုလာတာဖြစ်တယ်။ နေမာဟာ ဆန်းတို့စ်ကနေ ဘာစီလိုနာကို





ရောက်လာပြီးတဲ့နောက် မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့အတူ ဥရောပကိုကြီးစိုး
နိုင်ခဲ့ပြီးနောက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့တာ





ဖြစ်တယ်။ လက်ရှိပီအက်စ်ဂျီအသင်းမှာတော့ အမ်ဘာပီလိုလူငယ်ကြယ်ပွင့်နဲ့
အသင်းဖော်အဖြစ်တွဲဖက်ကစားခဲ့တာဖြစ်ပြီး Oh My Goal နဲ့တွေ့ဆုံမှုမှာတော့
နေမာက သူဟာလက်ရှိဘောလုံးကမ္ဘာရဲ့နည်းစနစ်ကောင်းတဲ့ကစားသမား





တစ်ယောက်ဖြစ်တယ်ဆိုတာကို ယုံကြည်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဘရာဇီးကြယ်ပွင့်က လက်ရှိပီအက်စ်ဂျီအသင်းဖော်မက်ဆီကို ချီးကျူးလိုက်ပြီး





လူတိုင်းက အာဂျင်တိုင်းကြယ်ပွင့်နဲ့တွဲကစားချင်တယ်လို့ ဆိုလိုက်ပါတယ်။
သူ့ထက်နည်းစနစ်ပိုကောင်းတဲ့ ကစားသမားတွေကိုရွေးချယ်ရာမှာတော့
နေမာက မက်ဆီနဲ့အတူ ဟာဇက်၊ ဒီဘရိုင်း၊ သီယာဂိုနဲ့ ဗာရက်တီကိုကို





စာရင်းသွင်းခဲ့တာဖြစ်တယ်။ ဒီကစားသမားတွေအကြောင်း
မေးမြန်းခံရချိန်မှာတော့ နေမာက “ငါ့ထက်နည်းစနစ်ပိုကောင်းတာလား။





အင်း ငါ့ထက်ပိုပါတယ်…။ ဒါကိုကျွန်တော့်ဘက်ကနှိမ့်ချပြီး
ဖြေနိုင်ပါ့မလားမသိဘူး။ ကျွန်တော်ကိုယ်တိုင်က ဒီနေ့ဘောလုံးလောကမှာ
နည်းစနစ်အကောင်းဆုံးတစ်ယောက်အဖြစ်ရှိနေတယ်လို့ယူဆထားလို့ပါ။





ဒါပေမဲ့ မက်ဆီလို့ကျွန်တော်ပြောချင်တယ်။ မက်ဆီက ထိပ်ဆုံးမှာ
ရှိတယ်ဆိုတာရှင်းပါတယ်၊ ကစားသမားတစ်ယောက်အနေနဲ့





သူနဲ့တွဲဖက်ရတာကိုသဘောကျတယ်။ ကလပ်တိုင်း၊ ကစားသမားတိုင်းက
သူ့ကိုသဘောကျတယ်။ လူတိုင်းက သူနဲ့ကစားချင်တယ်။
ကျွန်တော်ပြောချင်တာက မက်ဆီ၊ ဟာဇက်၊ ဒီဘရိုင်းနဲ့ ဗာရက်တီတို့ပါ။





ဟုတ်တယ် ငါတစ်ယောက်ကျန်ခဲ့တယ်မဟုတ်လား။
ကျွန်တော့်ထက်နည်းစနစ်ပိုကောင်းသူက…သီယာဂို” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။





zawgyi
ကမာၻေပၚမွာ သူ႔ထက္နည္းစနစ္ပိုင္းပိုေကာင္းတဲ့ ကစားသမား ၅ေယာက္ရဲ႕ အမည္ကို ေနမာ ထုတ္ေျပာျပလိုက္





ေနမာဟာ သက္ဆိုင္ရာကလပ္ေတြနဲ႔ ဘရာဇီးအသင္းမွာမယုံၾကည္ႏိုင္
ေလာက္စရာစေကးေတြကို ထုတ္ျပႏိုင္ခဲ့သူျဖစ္ၿပီး ၿပိဳင္ဘက္ကိုေမ်ာတဲ့အထိ





လွည့္စားႏိုင္သူျဖစ္တယ္။ ဒါေပမဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္ကေတာ့ ကမာၻေပၚမွာ
သူ႔ထက္နည္းစနစ္ပိုင္းပိုေကာင္းတဲ့ ကစားသမား ၅ေယာက္ ရွိတယ္လို႔
ထုတ္ေဖာ္ေျပာဆိုလာတာျဖစ္တယ္။ ေနမာဟာ ဆန္းတို႔စ္ကေန ဘာစီလိုနာကို





ေရာက္လာၿပီးတဲ့ေနာက္ မက္ဆီ၊ ဆြာရက္ဇ္တို႔နဲ႔အတူ ဥေရာပကိုႀကီးစိုး
ႏိုင္ခဲ့ၿပီးေနာက္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ပီအက္စ္ဂ်ီကိုေျပာင္းေ႐ႊ႕ခဲ့တာ





ျဖစ္တယ္။ လက္ရွိပီအက္စ္ဂ်ီအသင္းမွာေတာ့ အမ္ဘာပီလိုလူငယ္ၾကယ္ပြင့္နဲ႔
အသင္းေဖာ္အျဖစ္တြဲဖက္ကစားခဲ့တာျဖစ္ၿပီး Oh My Goal နဲ႔ေတြ႕ဆုံမႈမွာေတာ့
ေနမာက သူဟာလက္ရွိေဘာလုံးကမာၻရဲ႕နည္းစနစ္ေကာင္းတဲ့ကစားသမား





တစ္ေယာက္ျဖစ္တယ္ဆိုတာကို ယုံၾကည္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
ဘရာဇီးၾကယ္ပြင့္က လက္ရွိပီအက္စ္ဂ်ီအသင္းေဖာ္မက္ဆီကို ခ်ီးက်ဴးလိုက္ၿပီး





လူတိုင္းက အာဂ်င္တိုင္းၾကယ္ပြင့္နဲ႔တြဲကစားခ်င္တယ္လို႔ ဆိုလိုက္ပါတယ္။
သူ႔ထက္နည္းစနစ္ပိုေကာင္းတဲ့ ကစားသမားေတြကိုေ႐ြးခ်ယ္ရာမွာေတာ့
ေနမာက မက္ဆီနဲ႔အတူ ဟာဇက္၊ ဒီဘ႐ိုင္း၊ သီယာဂိုနဲ႔ ဗာရက္တီကိုကို





စာရင္းသြင္းခဲ့တာျဖစ္တယ္။ ဒီကစားသမားေတြအေၾကာင္း
ေမးျမန္းခံရခ်ိန္မွာေတာ့ ေနမာက “ငါ့ထက္နည္းစနစ္ပိုေကာင္းတာလား။





အင္း ငါ့ထက္ပိုပါတယ္…။ ဒါကိုကြၽန္ေတာ့္ဘက္ကႏွိမ့္ခ်ၿပီး
ေျဖႏိုင္ပါ့မလားမသိဘူး။ ကြၽန္ေတာ္ကိုယ္တိုင္က ဒီေန႔ေဘာလုံးေလာကမွာ
နည္းစနစ္အေကာင္းဆုံးတစ္ေယာက္အျဖစ္ရွိေနတယ္လို႔ယူဆထားလို႔ပါ။





ဒါေပမဲ့ မက္ဆီလို႔ကြၽန္ေတာ္ေျပာခ်င္တယ္။ မက္ဆီက ထိပ္ဆုံးမွာ
ရွိတယ္ဆိုတာရွင္းပါတယ္၊ ကစားသမားတစ္ေယာက္အေနနဲ႔





သူနဲ႔တြဲဖက္ရတာကိုသေဘာက်တယ္။ ကလပ္တိုင္း၊ ကစားသမားတိုင္းက
သူ႔ကိုသေဘာက်တယ္။ လူတိုင္းက သူနဲ႔ကစားခ်င္တယ္။
ကြၽန္ေတာ္ေျပာခ်င္တာက မက္ဆီ၊ ဟာဇက္၊ ဒီဘ႐ိုင္းနဲ႔ ဗာရက္တီတို႔ပါ။





ဟုတ္တယ္ ငါတစ္ေယာက္က်န္ခဲ့တယ္မဟုတ္လား။
ကြၽန္ေတာ့္ထက္နည္းစနစ္ပိုေကာင္းသူက…သီယာဂို” လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။