
စီရော်နယ်ဒိုဟာ ပေါင် ၃၇၁၀၀၀ တန်ကြေးရှိတဲ့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးနာရီကို
ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။ အဲဒီမန်ယူကြယ်ပွင့်ဟာ ကစားသမားဘဝတစ်လျှောက်
ပေါင်သန်းတစ်ထောင်ကျော်ရခဲ့တဲ့ လက်ရှိကစားနေဆဲ ကစားသမားနှစ်ယောက်ထဲက
တစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ပီအက်စ်ဂျီကြယ်ပွင့်မက်ဆီပါ။
စီရော်နယ်ဒိုဟာ မကြာသေးခင်ကပဲ သမိုင်းတစ်လျှောက် ဝင်ငွေအများဆုံး
အားကစားသမားစာရင်းမှာ ဒေးဗစ်ဘက်ခမ်း၊ လီဘရွန်ဂျိမ်းစ်နဲ့ ရော်ဂျာဖက်ဒါရာတို့ရဲ့
အထက် အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။
ဒါကြောင့်လည်း ၃၆ နှစ်အရွယ် အဲဒီကစားသမားဟာ Rolex လို နာမည်ကြီး
နာရီအမှတ်တံဆိပ်ကို ဝတ်ဆင်တာ အံ့သြစရာမရှိပါဘူး။
ဒါပေမဲ့လည်း စီရော်နယ်ဒိုရဲ့Rolex နာရီက နေ့စဉ်ဘဝမှာ မြင်တွေ့ရတဲ့ နာရီမျိုးမဟုတ်ပါဘူး။
သူဝတ်တဲ့ Rolex ရဲ့ GMT Master Ice အမျိုးအစားဟာ အံ့သြစရာ
ဈေးနှုန်းရှိထားတာ ဖြစ်ပါတယ်။ အင်္ဂလန်က Daily Star သတင်းစာရဲ့
ဖော်ပြချက်အရဆိုရင် အဲဒီဂျူဗင်တပ်ကစားသမားဟောင်းဟာ စီးရီးအေမှာရှိစဉ်
၂၀၁၉ က ဒီနာရီကို ဝယ်ယူခဲ့တာလို့ သိရပါတယ်။ အဲဒီအချိန်တုန်းက
ပေါင် ၃၇၁၀၀၀ ပေးခဲ့ရပြီး Rolex က ရောင်းချသမျှ နာရီထဲမှာ
အခုချိန်ထိ ဈေးအကြီးဆုံးနာရီဖြစ်နေတာပါ။
အဲဒီနာရီကိုပြုလုပ်ရာမှာ ရွှေဖြူ ၁၈ ကရက်နဲ့ စိန် ၃၀ ကရက်တို့ ပါဝင်တယ်လို့
သိရပြီး အဲဒါကြောင့်လည်း မြင်သူတကာသတိထားမိလောက်အောင်
အရောင်တဖိတ်ဖိတ်တောက်နေတာပါ။ ဒါ့အပြင် အဲဒီနာရီက
မီတာ ၁၀၀ ထိအောင် ရေဖိအားဒဏ်ခံနိုင်တယ်လို့လည်း သိရပါတယ်။
zawgyi
ကမာၻေပၚမွာ ေဈးအႀကီးဆုံးနာရီကို ပိုင္ဆိုင္ထားတဲ့ စီေရာ္နယ္ဒို
စီေရာ္နယ္ဒိုဟာ ေပါင္ ၃၇၁၀၀၀ တန္ေၾကးရွိတဲ့ ကမာၻေပၚမွာ ေဈးအႀကီးဆုံးနာရီကို
ပိုင္ဆိုင္ထားေၾကာင္း သိရပါတယ္။ အဲဒီမန္ယူၾကယ္ပြင့္ဟာ ကစားသမားဘဝတစ္ေလွ်ာက္
ေပါင္သန္းတစ္ေထာင္ေက်ာ္ရခဲ့တဲ့ လက္ရွိကစားေနဆဲ ကစားသမားႏွစ္ေယာက္ထဲက
တစ္ေယာက္ျဖစ္ၿပီး က်န္တစ္ေယာက္ကေတာ့ ပီအက္စ္ဂ်ီၾကယ္ပြင့္မက္ဆီပါ။
စီေရာ္နယ္ဒိုဟာ မၾကာေသးခင္ကပဲ သမိုင္းတစ္ေလွ်ာက္ ဝင္ေငြအမ်ားဆုံး
အားကစားသမားစာရင္းမွာ ေဒးဗစ္ဘက္ခမ္း၊ လီဘ႐ြန္ဂ်ိမ္းစ္နဲ႔ ေရာ္ဂ်ာဖက္ဒါရာတို႔ရဲ႕
အထက္ အဆင့္ ၅ ေနရာမွာ ရပ္တည္ႏိုင္ခဲ့တာပါ။
ဒါေၾကာင့္လည္း ၃၆ ႏွစ္အ႐ြယ္ အဲဒီကစားသမားဟာ Rolex လို နာမည္ႀကီး
နာရီအမွတ္တံဆိပ္ကို ဝတ္ဆင္တာ အံ့ၾသစရာမရွိပါဘူး။
ဒါေပမဲ့လည္း စီေရာ္နယ္ဒိုရဲ႕Rolex နာရီက ေန႔စဥ္ဘဝမွာ ျမင္ေတြ႕ရတဲ့ နာရီမ်ိဳးမဟုတ္ပါဘူး။
သူဝတ္တဲ့ Rolex ရဲ႕ GMT Master Ice အမ်ိဳးအစားဟာ အံ့ၾသစရာ
ေဈးႏႈန္းရွိထားတာ ျဖစ္ပါတယ္။ အဂၤလန္က Daily Star သတင္းစာရဲ႕
ေဖာ္ျပခ်က္အရဆိုရင္ အဲဒီဂ်ဴဗင္တပ္ကစားသမားေဟာင္းဟာ စီးရီးေအမွာရွိစဥ္
၂၀၁၉ က ဒီနာရီကို ဝယ္ယူခဲ့တာလို႔ သိရပါတယ္။ အဲဒီအခ်ိန္တုန္းက
ေပါင္ ၃၇၁၀၀၀ ေပးခဲ့ရၿပီး Rolex က ေရာင္းခ်သမွ် နာရီထဲမွာ
အခုခ်ိန္ထိ ေဈးအႀကီးဆုံးနာရီျဖစ္ေနတာပါ။
အဲဒီနာရီကိုျပဳလုပ္ရာမွာ ေ႐ႊျဖဴ ၁၈ ကရက္နဲ႔ စိန္ ၃၀ ကရက္တို႔ ပါဝင္တယ္လို႔
သိရၿပီး အဲဒါေၾကာင့္လည္း ျမင္သူတကာသတိထားမိေလာက္ေအာင္
အေရာင္တဖိတ္ဖိတ္ေတာက္ေနတာပါ။ ဒါ့အျပင္ အဲဒီနာရီက
မီတာ ၁၀၀ ထိေအာင္ ေရဖိအားဒဏ္ခံႏိုင္တယ္လို႔လည္း သိရပါတယ္။