ကပ်ဆိုက်ချင်ရင်တော့ အာနူတိုဗစ်ကို ခေါ်လိုက်လို့ မန်ယူကို ဆပ်တန် သတိပေး

တကယ်လို့များ မန်ယူကို မာကို အာနူတိုဗစ်တစ်ယောက် ရောက်ရှိလာခဲ့မယ် ဆိုရင်တော့ သတင်းမီဒီယာတွေရဲ့ ပုံကြီးချဲသွေးထိုး လှုံ့ဆော်မှုတွေကြောင့် သာဖြစ်ပြီး ကပ်ဘေးကြုံရသလိုမျိုးသာ ဖြစ်လာလိမ့်မယ်လို့ ဘီဘီစီ သတင်း ဌာန ဘောလုံးရေးရာ သုံးသပ်သူ ခရစ္စဆပ်တန်က ပြောဆိုလိုက်ပါတယ်။

အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ အာနူတိုဗစ်ဟာ ဝက်စ်ဟမ်းနဲ့ စတုတ်စီးတီး ကစားသမားဟောင်းဖြစ်ပြီး မန်ယူက ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေသူပါ။ မန်ယူဟာ နည်းပြသစ်၊ ကစားသမားသစ်တွေနဲ့အတူ ရာသီသစ်ကို စတင်ခဲ့ပေမယ့် ဘရိုက်တန်ကို

အိုးလ်ထရက်ဖို့ဒ်မှာ ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပြီး တာထွက်မလှပခဲ့ပါဘူး။ ဒါကြောင့် ကစားသမားသစ်တွေ ခေါ်ယူဖို့ စိုင်းပြင်း နေပြီး ဂျူဗင်တပ်ကွင်းလယ်လူ အာဒရီယန် ရာဘီယော့ကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။ ‘’အာနူတိုဗစ်ကို ခေါ်ယူဖို့ စဉ်းစားနေတာဟာ ရူးမိုက်တာပါပဲ။

ဒါက ရယ်စရာဖြစ်လာအောင် ပုံကြီးချဲ့ပြနေတာလို့ ကျွန်တော်ထင်သလို အဓိပ္ပာယ် လည်း မရှိပါဘူး။ အာနူတိုဗစ်သာ မန်ယူကို ရောက်လာရင် မီဒီယာတွေ ပုံကြီး ချဲ့ သွေးထိုးလှုံ့ဆော်ပေးလိုက်တဲ့ ကပ်ဘေးနဲ့ ကြုံရမှာပါ။ နည်းပြ အဲရစ် တန် ဟက်ကိုလည်း ဖိအားတွေအောက်ကို ရောက်သွားစေတော့မှာ ဖြစ်ပါတယ်’’ လို့

ခရစ္စဆပ်တန်က ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမား ဖရန်ကီ ဒီဂျောင်ကို တစ်နွေလုံး ချိတ်ဆက်နေရာကနေပြီး လက်ရှိမှာတော့ မန်ယူဟာ အာနူတိုဗစ်ဘက်ကို မြားဦးလှည့်လာနေတယ်လို့ သတင်းတွေက ဖော်ပြနေ တာပါ။

ဒါပေမဲ့ ကစားသမားတော်တော်များများဟာ မန်ယူအသင်းကို ပြောင်းရွှေ့ လိုစိတ် မရှိတာမျိုး ဖြစ်နေကြတယ်လို့ အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်းတစ်ဦးဖြစ်သလို ဘီဘီစီရဲ့ ဘောလုံးရေးရာ သုံးသပ်သူ မီကာရစ်ချတ်ကလည်း ပြောဆိုသွားခဲ့ပါတယ်။

‘’ဦးစားပေး ပစ်မှတ်ကစားသမား တစ်ယောက်ကို ခေါ်ယူပြီးသွားတဲ့ နောက်မှာတော့ အာနူတိုဗစ်ကိုက ရသွားနိုင်တဲ့ ခေါ်ယူမှုမျိုးဖြစ်ပါတယ်။ သူက ကစားသမားကောင်းတစ်ယောက်ပါ။ လက်ရှိမှာ အဲဒါကို လူသိရှင်ကြား လုပ်နေရမယ့်အချိန်မဟုတ်ဘူး။

နောက်ဖေးပေါက်ကနေပြီး အသာလေး လျှို သွင်းလိုက်ရမှာပါ။ သူက လိုတဲ့အချိန်မှာ အများကြီး ကူညီပေးနိုင်ပါတယ်။ အခုက လုပ်မိလုပ်ရာ လုပ်နေတဲ့ပုံမျိုးပါ။ စီမံကိန်းရယ်လို့ မမြင်မိပါဘူး။ အခု ဆိုရင် ကစားသမားတွေက မန်ယူကို မသွားချင်ကြပါဘူး’’ လို့ မီကာရစ်ချတ် က

ပြောဆိုခဲ့ပါတယ်။ ရာသီအစ ပွဲဦးထွက် အိမ်ကွင်းပွဲစဉ်မှာ ပရိသတ်တွေ မျှော်လင့်သလိုမျိုး အနိုင်ရလဒ်ကို ယူဆောင်ပေးနိုင်ခဲ့တာမျိုး မရှိတဲ့အပြင် ရှေ့တန်းဗဟို တိုက် စစ်မှူးမပါဘဲ ပွဲထွက်လာခဲ့တဲ့ နည်းပြတန်ဟတ်အပေါ် ဝေဖန်မှုတွေလည်း မြင့်တက်လာနေပါတယ်။

(zawgyi)

တကယ္လို႔မ်ား မန္ယူကို မာကို အာႏူတိုဗစ္တစ္ေယာက္ ေရာက္ရွိလာခဲ့မယ္ ဆိုရင္ေတာ့ သတင္းမီဒီယာေတြရဲ႕ ပုံႀကီးခ်ဲေသြးထိုး လႈံ႕ေဆာ္မႈေတြေၾကာင့္ သာျဖစ္ၿပီး ကပ္ေဘးႀကဳံရသလိုမ်ိဳးသာ ျဖစ္လာလိမ့္မယ္လို႔ ဘီဘီစီ သတင္း ဌာန ေဘာလုံးေရးရာ သုံးသပ္သူ ခရစၥဆပ္တန္က ေျပာဆိုလိုက္ပါတယ္။

အသက္ ၃၃ ႏွစ္ရွိေနၿပီျဖစ္တဲ့ အာႏူတိုဗစ္ဟာ ဝက္စ္ဟမ္းနဲ႔ စတုတ္စီးတီး ကစားသမားေဟာင္းျဖစ္ၿပီး မန္ယူက ေခၚယူဖို႔ စိတ္ဝင္စားမႈ ရွိေနတယ္လို႔ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေနသူပါ။ မန္ယူဟာ နည္းျပသစ္၊ ကစားသမားသစ္ေတြနဲ႔အတူ ရာသီသစ္ကို စတင္ခဲ့ေပမယ့္ ဘ႐ိုက္တန္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ၂-၁ ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့ရၿပီး

တာထြက္မလွပခဲ့ပါဘူး။ ဒါေၾကာင့္ ကစားသမားသစ္ေတြ ေခၚယူဖို႔ စိုင္းျပင္း ေနၿပီး ဂ်ဴဗင္တပ္ကြင္းလယ္လူ အာဒရီယန္ ရာဘီေယာ့ကိုလည္း ေခၚယူဖို႔ ခ်ိတ္ဆက္ထားၿပီး ျဖစ္ပါတယ္။ ‘’အာႏူတိုဗစ္ကို ေခၚယူဖို႔ စဥ္းစားေနတာဟာ ႐ူးမိုက္တာပါပဲ။ ဒါက ရယ္စရာျဖစ္လာေအာင္ ပုံႀကီးခ်ဲ႕ျပေနတာလို႔ ကြၽန္ေတာ္ထင္သလို

အဓိပၸာယ္ လည္း မရွိပါဘူး။ အာႏူတိုဗစ္သာ မန္ယူကို ေရာက္လာရင္ မီဒီယာေတြ ပုံႀကီး ခ်ဲ႕ ေသြးထိုးလႈံ႕ေဆာ္ေပးလိုက္တဲ့ ကပ္ေဘးနဲ႔ ႀကဳံရမွာပါ။ နည္းျပ အဲရစ္ တန္ ဟက္ကိုလည္း ဖိအားေတြေအာက္ကို ေရာက္သြားေစေတာ့မွာ ျဖစ္ပါတယ္’’ လို႔ ခရစၥဆပ္တန္က ေျပာၾကားခဲ့ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္

ကစားသမား ဖရန္ကီ ဒီေဂ်ာင္ကို တစ္ေႏြလုံး ခ်ိတ္ဆက္ေနရာကေနၿပီး လက္ရွိမွာေတာ့ မန္ယူဟာ အာႏူတိုဗစ္ဘက္ကို ျမားဦးလွည့္လာေနတယ္လို႔ သတင္းေတြက ေဖာ္ျပေန တာပါ။ ဒါေပမဲ့ ကစားသမားေတာ္ေတာ္မ်ားမ်ားဟာ မန္ယူအသင္းကို ေျပာင္းေ႐ႊ႕ လိုစိတ္ မရွိတာမ်ိဳး ျဖစ္ေနၾကတယ္လို႔ အဂၤလန္ လက္ေ႐ြးစင္

ကစားသမားေဟာင္းတစ္ဦးျဖစ္သလို ဘီဘီစီရဲ႕ ေဘာလုံးေရးရာ သုံးသပ္သူ မီကာရစ္ခ်တ္ကလည္း ေျပာဆိုသြားခဲ့ပါတယ္။ ‘’ဦးစားေပး ပစ္မွတ္ကစားသမား တစ္ေယာက္ကို ေခၚယူၿပီးသြားတဲ့ ေနာက္မွာေတာ့ အာႏူတိုဗစ္ကိုက ရသြားႏိုင္တဲ့ ေခၚယူမႈမ်ိဳးျဖစ္ပါတယ္။

သူက ကစားသမားေကာင္းတစ္ေယာက္ပါ။ လက္ရွိမွာ အဲဒါကို လူသိရွင္ၾကား လုပ္ေနရမယ့္အခ်ိန္မဟုတ္ဘူး။ ေနာက္ေဖးေပါက္ကေနၿပီး အသာေလး လွ်ိဳ သြင္းလိုက္ရမွာပါ။ သူက လိုတဲ့အခ်ိန္မွာ အမ်ားႀကီး ကူညီေပးႏိုင္ပါတယ္။ အခုက လုပ္မိလုပ္ရာ လုပ္ေနတဲ့ပုံမ်ိဳးပါ။ စီမံကိန္းရယ္လို႔ မျမင္မိပါဘူး။

အခု ဆိုရင္ ကစားသမားေတြက မန္ယူကို မသြားခ်င္ၾကပါဘူး’’ လို႔ မီကာရစ္ခ်တ္ က ေျပာဆိုခဲ့ပါတယ္။ ရာသီအစ ပြဲဦးထြက္ အိမ္ကြင္းပြဲစဥ္မွာ ပရိသတ္ေတြ ေမွ်ာ္လင့္သလိုမ်ိဳး အႏိုင္ရလဒ္ကို ယူေဆာင္ေပးႏိုင္ခဲ့တာမ်ိဳး မရွိတဲ့အျပင္ ေရွ႕တန္းဗဟို တိုက္ စစ္မႉးမပါဘဲ ပြဲထြက္လာခဲ့တဲ့ နည္းျပတန္ဟတ္အေပၚ ေဝဖန္မႈေတြလည္း ျမင့္တက္လာေနပါတယ္။