
မော်ရိုအိုင်ကာဒီနှင့်ဝန်ဒါနာရာတို့ရဲ့အိမ်ထောင်ရေးပြဿနာကပြေလည်မှုရရှိသွားပြီလို့
ယူဆခဲ့ကြပေမယ့်တကယ်တမ်းမှာတော့မပြီးဆုံးသေးပါဘူး။ The Mirror ရဲ့
ဖော်ပြချက်အရမော်ရိုအိုင်ကာဒီဟာပဲရစ်သို့မပြန်မီဇနီးသည်ထံမှကတိလေးခု
တောင်းဆိုလိုက်ကြောင်းသိရပါတယ်။ အိုင်ကာဒီဟာအစောပိုင်းတုန်းကဇနီးသည်
ဝန်နာနာရာရဲ့ဖောက်ပြန်ကြောင်းစွပ်စွဲခြင်းခံခဲ့ရသူဖြစ်ပါတယ်။စနေနေ့တုန်းက
ဝန်ဒါနာရာကနောက်ထပ်မိသားစုတစ်ခုပျက်စီးပြန်ဆိုပြီးအွန်လိုင်းမှာတင်ခဲ့ပါတယ်။
ယင်းနောက်အိုင်ကာဒီဟာဇနီးသည်နှင့်တွဲရိုက်ထားတဲ့ဓာတ်ပုံကိုတင်ပြီး
ပြန်လည်ပြေလည်သွားပြီလို့ပရိသတ်များကိုအသိပေးခဲ့ပါတယ်။
ဒါပေမယ့်ချက်ချင်းဆိုသလိုဝန်ဒါနာရာကလက်ထပ်လက်စွပ်မပါတဲ့လက်ပုံကို
ဓာတ်ပုံကိုအွန်လိုင်းမှာတင်ပြီးအိမ်ထောင်ရေးတခန်းရပ်သွားနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ယင်းနောက်တွင်တော့၎င်းတို့နှစ်ဦးစလုံးဟာပြန်လည်အဆင်ပြေမှုရရှိသွားပြီဖြစ်ကြောင်း
အွန်လိုင်းတွင်ပုံများတင်ကာပရိသတ်များကိုအသိပေးခဲ့ပါတယ်။
၎င်းတို့နှစ်ဦးအကြားပြဿနာကြောင့် PSG PR Team ဟာအလွန်အလုပ်များခဲ့ပါတယ်။
ဒါပေမယ့်လည်းအိုင်ကာဒီဟာယခုတိုင်ပိုချက်တီနိုရဲ့ပီအက်စ်ဂျီအသင်းနှင့်ပူးပေါင်းခြင်းမရှိသေးပါဘူး။
The Mirror ရဲ့ဖော်ပြချက်အမော်ရိုအိုင်ကာဒီဟာကတိလေးခုရရှိမှသာလျှင်
ပဲရစ်သို့ပြန်မယ်လို့ သူ့အေးဂျင့်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဇနီးသည်ကို
ပြောကြားထားကြောင်းသိရပါတယ်။ အိုင်ကာဒီကသူ့သမီးများဖြစ်တဲ့ဖရန်ဆစ္စကာနှင့်
အစ္စဘယ်လာတို့ပုံတဲ့မိသားစုဓာတ်ပုံအားအွန်လိုင်းတွင်တင်ရန်၊ဆိုရှယ်မီဒီယာ
အကောင့်အားလုံးကိုပိတ်သိမ်းရန်နှင့်သူ့အေးဂျင့်အလုပ်ကလွဲပြီးအခြားအလုပ်များကို
မလုပ်ရန် တောင်းဆိုထားကြောင်းသိရပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဘက်က
နောက်ဆုံးတောင်းဆိုလာတဲ့တောင်းဆိုချက်ကတော့သူ့မပါဝင်ဘဲ
ကိုယ်ပိုင်ဂျက်လေယာဉ်အားအသုံးမပြုရန်ဖြစ်ကြောင်းသိရပါတယ်။
ဇနီးသည်ဝန်ဒါနာရာဟာလည်းခင်ပွန်းသည်ဘက်ကတောင်းဆိုမှုအားလုံးကို
လက်ခံလိုက်ပုံရပါတယ်။သူမဟာခင်ပွန်းသည်နှင့်ချစ်ကြည်နူးတဲ့ဓာတ်ပုံများကို
အွန်လိုင်းမှာတင်လာခဲ့တာတွေ့ရပါတယ်။
zawgyi
ကတိ ၄ ခုမွ မရရင္ ပီအက္စ္ဂ်ီကိုမျပန္ဘူးဟု အိုင္ကာဒီက ဇနီးသည္ကို ေျပာၾကားထား
ေမာ္႐ိုအိုင္ကာဒီႏွင့္ဝန္ဒါနာရာတို႔ရဲ႕အိမ္ေထာင္ေရးျပႆနာကေျပလည္မႈရရွိသြားၿပီလို႔
ယူဆခဲ့ၾကေပမယ့္တကယ္တမ္းမွာေတာ့မၿပီးဆုံးေသးပါဘူး။ The Mirror ရဲ႕
ေဖာ္ျပခ်က္အရေမာ္႐ိုအိုင္ကာဒီဟာပဲရစ္သို႔မျပန္မီဇနီးသည္ထံမွကတိေလးခု
ေတာင္းဆိုလိုက္ေၾကာင္းသိရပါတယ္။ အိုင္ကာဒီဟာအေစာပိုင္းတုန္းကဇနီးသည္
ဝန္နာနာရာရဲ႕ေဖာက္ျပန္ေၾကာင္းစြပ္စြဲျခင္းခံခဲ့ရသူျဖစ္ပါတယ္။စေနေန႔တုန္းက
ဝန္ဒါနာရာကေနာက္ထပ္မိသားစုတစ္ခုပ်က္စီးျပန္ဆိုၿပီးအြန္လိုင္းမွာတင္ခဲ့ပါတယ္။
ယင္းေနာက္အိုင္ကာဒီဟာဇနီးသည္ႏွင့္တြဲ႐ိုက္ထားတဲ့ဓာတ္ပုံကိုတင္ၿပီး
ျပန္လည္ေျပလည္သြားၿပီလို႔ပရိသတ္မ်ားကိုအသိေပးခဲ့ပါတယ္။
ဒါေပမယ့္ခ်က္ခ်င္းဆိုသလိုဝန္ဒါနာရာကလက္ထပ္လက္စြပ္မပါတဲ့လက္ပုံကို
ဓာတ္ပုံကိုအြန္လိုင္းမွာတင္ၿပီးအိမ္ေထာင္ေရးတခန္းရပ္သြားႏိုင္ေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။
ယင္းေနာက္တြင္ေတာ့၎တို႔ႏွစ္ဦးစလုံးဟာျပန္လည္အဆင္ေျပမႈရရွိသြားၿပီျဖစ္ေၾကာင္း
အြန္လိုင္းတြင္ပုံမ်ားတင္ကာပရိသတ္မ်ားကိုအသိေပးခဲ့ပါတယ္။
၎တို႔ႏွစ္ဦးအၾကားျပႆနာေၾကာင့္ PSG PR Team ဟာအလြန္အလုပ္မ်ားခဲ့ပါတယ္။
ဒါေပမယ့္လည္းအိုင္ကာဒီဟာယခုတိုင္ပိုခ်က္တီႏိုရဲ႕ပီအက္စ္ဂ်ီအသင္းႏွင့္ပူးေပါင္းျခင္းမရွိေသးပါဘူး။
The Mirror ရဲ႕ေဖာ္ျပခ်က္အေမာ္႐ိုအိုင္ကာဒီဟာကတိေလးခုရရွိမွသာလွ်င္
ပဲရစ္သို႔ျပန္မယ္လို႔ သူ႔ေအးဂ်င့္အျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ဇနီးသည္ကို
ေျပာၾကားထားေၾကာင္းသိရပါတယ္။ အိုင္ကာဒီကသူ႔သမီးမ်ားျဖစ္တဲ့ဖရန္ဆစၥကာႏွင့္
အစၥဘယ္လာတို႔ပုံတဲ့မိသားစုဓာတ္ပုံအားအြန္လိုင္းတြင္တင္ရန္၊ဆိုရွယ္မီဒီယာ
အေကာင့္အားလုံးကိုပိတ္သိမ္းရန္ႏွင့္သူ႔ေအးဂ်င့္အလုပ္ကလြဲၿပီးအျခားအလုပ္မ်ားကို
မလုပ္ရန္ ေတာင္းဆိုထားေၾကာင္းသိရပါတယ္။ အာဂ်င္တီးနားတိုက္စစ္မႉးဘက္က
ေနာက္ဆုံးေတာင္းဆိုလာတဲ့ေတာင္းဆိုခ်က္ကေတာ့သူ႔မပါဝင္ဘဲ
ကိုယ္ပိုင္ဂ်က္ေလယာဥ္အားအသုံးမျပဳရန္ျဖစ္ေၾကာင္းသိရပါတယ္။
ဇနီးသည္ဝန္ဒါနာရာဟာလည္းခင္ပြန္းသည္ဘက္ကေတာင္းဆိုမႈအားလုံးကို
လက္ခံလိုက္ပုံရပါတယ္။သူမဟာခင္ပြန္းသည္ႏွင့္ခ်စ္ၾကည္ႏူးတဲ့ဓာတ္ပုံမ်ားကို
အြန္လိုင္းမွာတင္လာခဲ့တာေတြ႕ရပါတယ္။