ကစားသမား ၆ ယောက်အထိ အထုတ်ခံခဲ့ရတဲ့ ရုပ်ပျက်ဆင်းပျက် ရုရှားက ဘောလုံးပွဲ

ရုရှားသမ္မတရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ အိမ်နီးချင်း ယူကရိန်းအပေါ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကျူးကျော်ခဲ့တာကြောင့် ရုရှားလက်ရွေးစင်အသင်း အပါ အဝင် ကလပ်အသင်းတွေဟာ ကမ္ဘာ့ဘောလုံး

ဇာတ်ခုံပေါ်မှာ ခြေချခွင့် မရခဲ့ တာ အားလုံးသိကြပြီးသားပါ။ ဒါပေမဲ့ ရုရှားဟာ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေကို တော့ ပုံမှန်အတိုင်း ဆက်ကစားနေခဲ့ပြီး တနင်္ဂနွေညမှာ ကစားခဲ့တဲ့ ဇင်းနစ်နဲ့

စပါးတပ်မော်စကိုတို့ ပွဲစဉ်မှာတော့ ဘောလုံးလောကအတွက် အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်ခဲ့ပါတယ်။ ရုရှား ပြည်တွင်းဖလားပြိုင်ပွဲ ရဲ့ ပွဲစဉ်ဖြစ်တဲ့ ဇင်းနစ်-စပါးတပ်မော်စကို ပွဲစဉ်မှာ

နှစ်ဖက်အသင်း ကစားသ မားတွေ အချင်းများရာကနေပြီး ကွင်းဘေးမှာရှိနေတဲ့ အရန်ကစားသမားတွေ ပါ ကွင်းထဲကို ဝင်လာပြီးခဲ့တဲ့နောက် ကွက်ပြည့်ရန်ပွဲပုံစံမျိုး ဖြစ်သွားခဲ့ပြီး ဒိုင်လူကြီးတွေ ထိန်းလို့

မရနိုင်တော့အထိကို ပွဲဆူသွားခဲ့ပါတယ်။ နောက်ပြီး နှစ်ဖက်အသင်း ဝန်ထမ်းတွေပါ ကွင်းထဲကို ဝင်လာခဲ့တဲ့နောက် ရန်ပွဲက ပိုပြီး ကြီးမားလာခဲ့တာပဲ ဖြစ်ပါတယ်။ ပြဿနာရဲ့ အစကတော့ စပါးတပ်မော်စကို

တိုက်စစ်မှူး ကွင်စီ ပရိုမက်စ်ဟာ ဇင်းနစ် နောက်ခံကစားသမား တစ်ယောက် နဲ့ အချင်းများရာကနေပြီး ဇင်းနစ် ကစားသမားတွေဟာ ပရိုမက်စ်ကို ဝိုင်းပြီး ရန်လုပ်ခဲ့ကြတဲ့နောက် ကွင်းလယ်ဒိုင်လူကြီးက

တားဆီးဖို့ ကြိုးစားခဲ့ပေမဲ့ ခဏလေးအတွင်းမှာတင် တင်းမာမှုအရှိန် ထိုးတက်သွားပြီး ထိန်းမရတော့တဲ့ အခြေအနေအထိကို ဖြစ်ခဲ့တာပါ။ အဲဒီနောက် ကွင်းဘေးမှာရှိနေတဲ့ နှစ်သင်း စလုံးက သက်ဆိုင်သူတွေအကုန်လုံး

ကွင်းထဲကို ရောက်လာကြပြီး ထိုးကြ၊ ကြိတ်ကြ၊ ကန်ကြနဲ့ တကယ့်ကို သောင်းကျန်းသူတွေ ရှိနေတဲ့ ရပ်ကွက်တစ် ခုလိုမျိုး ဖြစ်ခဲ့တာပါ။ ဒါကြောင့် အခြေအနေတွေအားလုံးကို ပြန်လည်ထိန်း သိမ်းနိုင်ခဲ့တဲ့အချိန်မှာတော့

ဒီအဖြစ်အပျက်ကို စတင်ခဲ့တဲ့ ကစားသမား ၆ ယောက်ကို ကွင်းလယ်ဒိုင်က အနီကတ်ပြပြီး ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီကစား သမားတွေထဲမှာ ဇင်းနစ်ဘက်က ၃ ယောက် ပါခဲ့သလို စပါးတပ် မော်စကို

ဘက်ကလည်း ၃ ယောက် ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် ပွဲကို ဆက်ကစားစေခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာတော့ ဇင်းနစ်က ၄-၂ ဂိုးနဲ့ အနိုင် ရသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ

ကစားနေချိန်မှာတော့ ရုရှားဟာ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတွေအားလုံးကို ရပ်နားပေးထားပြီး ရှုံးထွက်ဖလားပြိုင်ပွဲကိုတော့ ကစားနေတာပဲ ဖြစ်ပါတယ်။

(Zawgyi)

ကစားသမား ၆ ေယာက္အထိ အထုတ္ခံခဲ့ရတဲ့ ႐ုပ္ပ်က္ဆင္းပ်က္ ႐ုရွားက ေဘာလုံးပြဲ

႐ုရွားသမၼတရဲ႕ တစ္ခ်က္လႊတ္အမိန႔္နဲ႔ အိမ္နီးခ်င္း ယူကရိန္းအေပၚ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလမွာ က်ဴးေက်ာ္ခဲ့တာေၾကာင့္ ႐ုရွားလက္ေ႐ြးစင္အသင္း အပါ အဝင္ ကလပ္အသင္းေတြဟာ

ကမာၻ႔ေဘာလုံး ဇာတ္ခုံေပၚမွာ ေျခခ်ခြင့္ မရခဲ့ တာ အားလုံးသိၾကၿပီးသားပါ။ ဒါေပမဲ့ ႐ုရွားဟာ ျပည္တြင္းလိဂ္ၿပိဳင္ပြဲေတြကို ေတာ့ ပုံမွန္အတိုင္း ဆက္ကစားေနခဲ့ၿပီး တနဂၤေႏြညမွာ

ကစားခဲ့တဲ့ ဇင္းနစ္နဲ႔ စပါးတပ္ေမာ္စကိုတို႔ ပြဲစဥ္မွာေတာ့ ေဘာလုံးေလာကအတြက္ အ႐ုပ္ဆိုး အက်ည္းတန္တဲ့ ျဖစ္ရပ္ဆိုးတစ္ခု ျဖစ္ခဲ့ပါတယ္။ ႐ုရွား ျပည္တြင္းဖလားၿပိဳင္ပြဲ ရဲ႕ ပြဲစဥ္ျဖစ္တဲ့ ဇင္းနစ္-စပါးတပ္ေမာ္စကို ပြဲစဥ္မွာ

ႏွစ္ဖက္အသင္း ကစားသ မားေတြ အခ်င္းမ်ားရာကေနၿပီး ကြင္းေဘးမွာရွိေနတဲ့ အရန္ကစားသမားေတြ ပါ ကြင္းထဲကို ဝင္လာၿပီးခဲ့တဲ့ေနာက္ ကြက္ျပည့္ရန္ပြဲပုံစံမ်ိဳး ျဖစ္သြားခဲ့ၿပီး ဒိုင္လူႀကီးေတြ

ထိန္းလို႔ မရႏိုင္ေတာ့အထိကို ပြဲဆူသြားခဲ့ပါတယ္။ ေနာက္ၿပီး ႏွစ္ဖက္အသင္း ဝန္ထမ္းေတြပါ ကြင္းထဲကို ဝင္လာခဲ့တဲ့ေနာက္ ရန္ပြဲက ပိုၿပီး ႀကီးမားလာခဲ့တာပဲ ျဖစ္ပါတယ္။ ျပႆနာရဲ႕ အစကေတာ့

စပါးတပ္ေမာ္စကို တိုက္စစ္မႉး ကြင္စီ ပ႐ိုမက္စ္ဟာ ဇင္းနစ္ ေနာက္ခံကစားသမား တစ္ေယာက္ နဲ႔ အခ်င္းမ်ားရာကေနၿပီး ဇင္းနစ္ ကစားသမားေတြဟာ ပ႐ိုမက္စ္ကို ဝိုင္းၿပီး ရန္လုပ္ခဲ့ၾကတဲ့ေနာက္

ကြင္းလယ္ဒိုင္လူႀကီးက တားဆီးဖို႔ ႀကိဳးစားခဲ့ေပမဲ့ ခဏေလးအတြင္းမွာတင္ တင္းမာမႈအရွိန္ ထိုးတက္သြားၿပီး ထိန္းမရေတာ့တဲ့ အေျခအေနအထိကို ျဖစ္ခဲ့တာပါ။ အဲဒီေနာက္ ကြင္းေဘးမွာရွိေနတဲ့ ႏွစ္သင္း စလုံးက

သက္ဆိုင္သူေတြအကုန္လုံး ကြင္းထဲကို ေရာက္လာၾကၿပီး ထိုးၾက၊ ႀကိတ္ၾက၊ ကန္ၾကနဲ႔ တကယ့္ကို ေသာင္းက်န္းသူေတြ ရွိေနတဲ့ ရပ္ကြက္တစ္ ခုလိုမ်ိဳး ျဖစ္ခဲ့တာပါ။ ဒါေၾကာင့္ အေျခအေနေတြအားလုံးကို

ျပန္လည္ထိန္း သိမ္းႏိုင္ခဲ့တဲ့အခ်ိန္မွာေတာ့ ဒီအျဖစ္အပ်က္ကို စတင္ခဲ့တဲ့ ကစားသမား ၆ ေယာက္ကို ကြင္းလယ္ဒိုင္က အနီကတ္ျပၿပီး ထုတ္ပယ္ခဲ့ပါတယ္။ အဲဒီကစား သမားေတြထဲမွာ ဇင္းနစ္ဘက္က ၃ ေယာက္ ပါခဲ့သလို

စပါးတပ္ ေမာ္စကို ဘက္ကလည္း ၃ ေယာက္ ပါဝင္ခဲ့ပါတယ္။ အဲဒီေနာက္ ပြဲကို ဆက္ကစားေစ ခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရာမွာေတာ့ ဇင္းနစ္က ၄-၂ ဂိုးနဲ႔ အႏိုင္ ရသြားခဲ့တာပဲ ျဖစ္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲ ကစားေနခ်ိန္မွာေတာ့ ႐ုရွားဟာ ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲေတြအားလုံးကို ရပ္နားေပးထားၿပီး ရႈံးထြက္ဖလားၿပိဳင္ပြဲကိုေတာ့ ကစားေနတာပဲ ျဖစ္ပါတယ္။