ကစားသမား ၅ယောက်ကို ရန်းနစ် မှတ်ချက်ပေးခဲ့ပေမယ့် မန်ယူ မခေါ်နိုင်ခဲ့

မန်ယူယာယီနည်းပြအဖြစ်တာဝန်ယူခဲ့တဲ့ ရန်းနစ်ဟာ အသင်းကနေမထွက်ခွာခင် မဖြစ်မနေခေါ်ယူဖိုလိုအပ်တဲ့ ကစားသမားသစ် ၅ ယောက်ကိုအကြုံပြုခဲ့ပေမယ့် မန်ယူအနေနဲ့အသုံးမချနိုင်ခဲ့ဘူးလို ဗြိတိန်သတင်းတွေမှာဖော်ပြထားပါတယ်။ ရန်းနစ်မှတ်ချက်ပေးခဲ့တဲ့ ကစားသမား ၅ ယောက်ထဲက

နှစ်ယောက်ကို မြိုခံပြိုင်ဘက်မန်စီးတီးက ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူကမထွက်ခွာခင် ရန်းနစ်မှတ်ချက်ပေးခဲ့တဲ့ ကစားသမားတွေကတော့ ဟာလန်း၊ အန်ခွန်ကူ၊ လီမာ၊ အယ်လ်ဗာရက်ဇ်နဲ့ ဂါဗာဒီရောတိုဖြစ်ပြီး ဟာလန်းနဲ့အယ်လ်ဗာရက်ဇ်တို့ မန်စီးတီးရောက်သွားခဲ့တာပါ။

လက်ရှိမှာ မန်ယူအနေနဲ့ မလာစီယာ၊ အဲရစ်ဆင်၊ မာတီနက်ဇ်နဲ့ ရာဘီရော့တို့ ၄ယောက်ကိုသာ ခေါ်ယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ရန်းနစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ယူကိုပွဲပေါင်း ၂၉ ပွဲ ကိုင်တွယ်သွားရာမှာ ၁၁ပွဲသာ အနိုင်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

သူ့ကို မန်ယူဘုတ်အဖွဲက အသင်းရဲ့အကြံပေးအနေနဲ့ ဆက်ရှိစေဖိုကမ်းလှမ်းခဲ့ပေမယ့် နည်ပြသစ်တန်းဟတ်ရောက်လာပြီး ၆ရက်အကြာမှာပဲ အသင်းကနေထွက်ခွာသွားခဲ့တာပါ။ ရန်းနစ်ဟာ မန်ယူကမထွက်ခွာခင် အသက်၂၀ အရွယ်သာရှိသေးတဲ့လစ်ပ်ဇစ်နောက်ခံလူ

ဂါဗာဒီရော့ကိုမဖြစ်မနေဝယ်ယူဖို အကြုံပြုထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်လစ်ပ်ဇစ်ကစားသမားတွေဖြစ်တဲ့ လီမာနဲ့ အန်ခွန်ကူတိုကိုလည်းခေါ်ယူဖို အကြံပြုထားတာဖြစ်ပါတယ်။ အန်ခွန်ကူဟာ ပြီးခဲ့တဲ့ရာသီက လစ်ပ်ဇစ်အတွက် ၅၂ ပွဲ ကစားပေးခဲ့ရာမှာ ၃၅ ဂိုး သွင်းနိုင်ခဲ့ပြီး ဂိုး ၂၀ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူဟာ ဘောလုံးကင်းထောက်တွေလွှွတ်ပြီး အန်ခွန်ကူကိုစောင့်ကြည့်ခဲ့ပေမယ့် လစ်ပ်ဇစ်ရဲ့စာချုပ်သက်တမ်းတိုးမှုကို မတားဆီးနိုင်ပဲဖြစ်ခဲ့ပါတယ်။ မန်စီးတီးကိုရောက်သွားတဲ့ ဟာလန်းကတော့ မန်ယူကိုခါးခါးသီးသီးငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ရေးဗားပလိတ်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကတော့ မန်ယူခေါ်နိုင်ဖိုအခွင့်အရေးရှိခဲ့ပေမယ့် မန်စီးတီးက ပေါင် ၁၄ သန်းနဲ့ လက်ဦးမှုရယူသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့

သြစတြီးယားလက်ရွေးစင်နည်းပြဖြစ်သွားတဲ့ ရန်းနစ်နဲ့ တန်းဟတ်တိုနှစ်ဦး လူချင်းမတွေ့ဆုံဖူးသေးပေမယ့် ကာလကြာရှည်စွာ ဖုန်းအဆက်အသွယ်ရှိနေခဲ့တယ်လိုသိရပါတယ်။

(zawgyi)

မန္ယူယာယီနည္းျပအျဖစ္တာဝန္ယူခဲ့တဲ့ ရန္းနစ္ဟာ အသင္းကေနမထြက္ခြာခင္ မျဖစ္မေနေခၚယူဖိုလိုအပ္တဲ့ ကစားသမားသစ္ ၅ ေယာက္ကိုအႀကဳံျပဳခဲ့ေပမယ့္ မန္ယူအေနနဲ႔အသုံးမခ်ႏိုင္ခဲ့ဘူးလို ၿဗိတိန္သတင္းေတြမွာေဖာ္ျပထားပါတယ္။ ရန္းနစ္မွတ္ခ်က္ေပးခဲ့တဲ့ ကစားသမား ၅ ေယာက္ထဲက

ႏွစ္ေယာက္ကို ၿမိဳခံၿပိဳင္ဘက္မန္စီးတီးက ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ မန္ယူကမထြက္ခြာခင္ ရန္းနစ္မွတ္ခ်က္ေပးခဲ့တဲ့ ကစားသမားေတြကေတာ့ ဟာလန္း၊ အန္ခြန္ကူ၊ လီမာ၊ အယ္လ္ဗာရက္ဇ္နဲ႔ ဂါဗာဒီေရာတိုျဖစ္ၿပီး ဟာလန္းနဲ႔အယ္လ္ဗာရက္ဇ္တို႔ မန္စီးတီးေရာက္သြားခဲ့တာပါ။ လက္ရွိမွာ မန္ယူအေနနဲ႔ မလာစီယာ၊

အဲရစ္ဆင္၊ မာတီနက္ဇ္နဲ႔ ရာဘီေရာ့တို႔ ၄ေယာက္ကိုသာ ေခၚယူထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ရန္းနစ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ မန္ယူကိုပြဲေပါင္း ၂၉ ပြဲ ကိုင္တြယ္သြားရာမွာ ၁၁ပြဲသာ အႏိုင္ရေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ သူ႔ကို မန္ယူဘုတ္အဖြဲက အသင္းရဲ႕အႀကံေပးအေနနဲ႔

ဆက္ရွိေစဖိုကမ္းလွမ္းခဲ့ေပမယ့္ နည္ျပသစ္တန္းဟတ္ေရာက္လာၿပီး ၆ရက္အၾကာမွာပဲ အသင္းကေနထြက္ခြာသြားခဲ့တာပါ။ ရန္းနစ္ဟာ မန္ယူကမထြက္ခြာခင္ အသက္၂၀ အ႐ြယ္သာရွိေသးတဲ့လစ္ပ္ဇစ္ေနာက္ခံလူ ဂါဗာဒီေရာ့ကိုမျဖစ္မေနဝယ္ယူဖို အႀကဳံျပဳထားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္လစ္ပ္ဇစ္ကစားသမားေတြျဖစ္တဲ့ လီမာနဲ႔ အန္ခြန္ကူတိုကိုလည္းေခၚယူဖို အႀကံျပဳထားတာျဖစ္ပါတယ္။ အန္ခြန္ကူဟာ ၿပီးခဲ့တဲ့ရာသီက လစ္ပ္ဇစ္အတြက္ ၅၂ ပြဲ ကစားေပးခဲ့ရာမွာ ၃၅ ဂိုး သြင္းႏိုင္ခဲ့ၿပီး ဂိုး ၂၀ ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ယူဟာ ေဘာလုံးကင္းေထာက္ေတြလႊြတ္ၿပီး အန္ခြန္ကူကိုေစာင့္ၾကည့္ခဲ့ေပမယ့္ လစ္ပ္ဇစ္ရဲ႕စာခ်ဳပ္သက္တမ္းတိုးမႈကို မတားဆီးႏိုင္ပဲျဖစ္ခဲ့ပါတယ္။ မန္စီးတီးကိုေရာက္သြားတဲ့ ဟာလန္းကေတာ့ မန္ယူကိုခါးခါးသီးသီးျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ေရးဗားပလိတ္တိုက္စစ္မႉး အယ္လ္ဗာရက္ဇ္ကေတာ့ မန္ယူေခၚႏိုင္ဖိုအခြင့္အေရးရွိခဲ့ေပမယ့္ မန္စီးတီးက ေပါင္ ၁၄ သန္းနဲ႔ လက္ဦးမႈရယူသြားခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ ၾသစႀတီးယားလက္ေ႐ြးစင္နည္းျပျဖစ္သြားတဲ့ ရန္းနစ္နဲ႔ တန္းဟတ္တိုႏွစ္ဦး လူခ်င္းမေတြ႕ဆုံဖူးေသးေပမယ့္ ကာလၾကာရွည္စြာ ဖုန္းအဆက္အသြယ္ရွိေနခဲ့တယ္လိုသိရပါတယ္။