
အာဂျင်တီးနားဒိုင်လူကြီးတစ်ဦးဟာ ရှုံးထွက်ဖလားဗိုလ်လုပွဲမှာ
ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးခဲ့တဲ့ အသင်းက ကစားသမား တွေရဲ့
ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဆေးရုံတက်ရောက်ခဲ့ရတယ်လို့သိရပါတယ်။
အာဂျင်တီးနားခရိုင်တစ်ခုဖြစ်တဲ့ ကော်ဒို ဘာ မှာကျင်းပခဲ့တဲ့
အပျော်တမ်းရှုံးထွက်ဖလားရဲ့ ဗိုလ်လုပွဲမှာ လာပူအာတာနဲ့
စပေါ်တီဗိုတီရိုလီဆာ တို့ယှဥ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး
တီရိုလီဆာက ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာဒိုင်လူကြီး အဒူရာဒိုပက်စ်တိုရီနို ရဲ့ဆုံး ဖြတ်ချက်အချို့ကို မကျေနပ်လို့
လာပူအာတာ ကစားသမားတွေကပွဲအပြီးမှာလိုက်လံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီဒိုင်လူကြီးဟာအဲဒီကစားသမားတွေရဲ့ရန်ကလွတ်ဖို့ ထွက်ပြေးခဲ့ပေမယ့်
မလွတ်ခဲ့ဘဲ ထိုးကြိတ်ကန်ကျောက်ခံခဲ့ရပြီး ကွင်း ထဲမှာလဲကျခဲ့ရတာပါ။
အာဂျင်တီးနားသတင်းဌာနတစ်ခုဖြစ်တဲ့ Radio Jesus Maria က
လူမှုကွန်ယက်မှာဖော်ပြခဲ့တဲ့ ဗီဒီ ယိုဖိုင်ထဲမှာ ဒိုင်လူကြီးကို
အညှာအတာကင်းမဲ့စွာတိုက်ခိုက်နေကြပေမယ့်
ပရိသတ်တွေကိုယ်တိုင်ကဘာအကူအညီမှမပေး ဘဲ
ဒီအတိုင်းကြည့်နေကြတာကိုတွေ့ခဲ့ရပါတယ်။
ဒီအချိန်မှာအနိုင်ရသွားတဲ့ စပေါ်တီဗိုတီရိုလီဆာ ကအောင်ပွဲခံနေခဲ့တာ ပါ။
ဒီတိုက်ခိုက်မှုမှာ ဒေသဆိုင်ရာဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်တဲ့
ဂါစီယာ လည်းထိုးကြိတ်ခံခဲ့ရပြီး လာပူအာတာ ပရိသတ် အချို့ကလည်း
ကစားသမားတွေနဲ့အတူ ပူးပေါင်းကာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဂါစီယာ ဟာကွင်း ထဲမှာ ကန်ကျောက်ခံခဲ့ရတဲ့အပြင်
နောက်ထပ်သူ့ကိုထိုးကြိတ်သူတွေလည်းရှိခဲ့ပါတယ်။
ဒိုင်လူကြီး ပက်စ်တိုရီနို ကတော့ ရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ ဆေးရုံကိုချက်ခြင်းတင်ပို့ခဲ့ရပြီး
အရေးပေါ်ကုသမှုခံယူနေရပါတယ်။ လက်ရှိမှာတော့ရဲတပ်ဖွဲ့က
လာပူအာတာ ကစားသမား ၈ ဦးနဲ့ ပရိသတ် ၃ ဦးကို ခေါ်ယူစစ်ဆေးနေပါတယ်။
သတင်းတွေအရ ပင်နယ်တီအဆုံးအဖြတ် မခံယူစဥ်ပွဲချိန်အတွင်းမှာ
ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အချို့ကို လာပူအာတာ ဘက်ကမကြာခဏစောဒက
တက်မှုတွေရှိခဲ့ တယ်လို့ သိရပါတယ်။ တောင်အမေရိက မှာ
အပျော်တမ်းအဆင့်မှာသာမက အဆင့်မြင့်တန်းတွေမှာပါ ဒိုင်လူကြီးကိုမက
ကျေနပ်လို့တိုက်ခိုက်မှုတွေမကြာခဏပေါ်ပေါက်လေ့ရှိပြီး
အောက်တိုဘာလတုန်းကလည်း ဘရာဇီးမှာ ကွင်းလယ်ဒိုင်ကို
အပြင်းအထန်ဒဏ်ရာရအောင်ခေါင်းကိုကန်ကျောက်ခဲ့မှုနဲ့
ဆော်ပိုလို ကစားသမားဟောင်း ဝီလျံရီဘီယို ကိုရဲတပ်ဖွဲ့က
လူ သတ်ရန်ကြိုးစားမှုနဲ့ စွဲချက်တင်ခဲ့ပါသေးတယ်။
zawgyi
ကစားသမား ေတြရဲ႕ ဝိုင္းဝန္းတိုက္ခိုက္မႈေၾကာင့္ ေဆး႐ုံတက္ေရာက္ခဲ့ရတဲ့ အာဂ်င္တီးနားဒိုင္လူႀကီး
အာဂ်င္တီးနားဒိုင္လူႀကီးတစ္ဦးဟာ ရႈံးထြက္ဖလားဗိုလ္လုပြဲမွာ
ပင္နယ္တီအဆုံးအျဖတ္နဲ႔ရႈံးခဲ့တဲ့ အသင္းက ကစားသမား ေတြရဲ႕
ဝိုင္းဝန္းတိုက္ခိုက္မႈေၾကာင့္ ေဆး႐ုံတက္ေရာက္ခဲ့ရတယ္လို႔သိရပါတယ္။
အာဂ်င္တီးနားခ႐ိုင္တစ္ခုျဖစ္တဲ့ ေကာ္ဒို ဘာ မွာက်င္းပခဲ့တဲ့
အေပ်ာ္တမ္းရႈံးထြက္ဖလားရဲ႕ ဗိုလ္လုပြဲမွာ လာပူအာတာနဲ႔
စေပၚတီဗိုတီ႐ိုလီဆာ တို႔ယွဥ္ၿပိဳင္ခဲ့ၾကတာ ျဖစ္ၿပီး
တီ႐ိုလီဆာက ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။
ဒီပြဲမွာဒိုင္လူႀကီး အဒူရာဒိုပက္စ္တိုရီႏို ရဲ႕ဆုံး ျဖတ္ခ်က္အခ်ိဳ႕ကို မေက်နပ္လို႔
လာပူအာတာ ကစားသမားေတြကပြဲအၿပီးမွာလိုက္လံတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။
ဒီဒိုင္လူႀကီးဟာအဲဒီကစားသမားေတြရဲ႕ရန္ကလြတ္ဖို႔ ထြက္ေျပးခဲ့ေပမယ့္
မလြတ္ခဲ့ဘဲ ထိုးႀကိတ္ကန္ေက်ာက္ခံခဲ့ရၿပီး ကြင္း ထဲမွာလဲက်ခဲ့ရတာပါ။
အာဂ်င္တီးနားသတင္းဌာနတစ္ခုျဖစ္တဲ့ Radio Jesus Maria က
လူမႈကြန္ယက္မွာေဖာ္ျပခဲ့တဲ့ ဗီဒီ ယိုဖိုင္ထဲမွာ ဒိုင္လူႀကီးကို
အညႇာအတာကင္းမဲ့စြာတိုက္ခိုက္ေနၾကေပမယ့္
ပရိသတ္ေတြကိုယ္တိုင္ကဘာအကူအညီမွမေပး ဘဲ
ဒီအတိုင္းၾကည့္ေနၾကတာကိုေတြ႕ခဲ့ရပါတယ္။
ဒီအခ်ိန္မွာအႏိုင္ရသြားတဲ့ စေပၚတီဗိုတီ႐ိုလီဆာ ကေအာင္ပြဲခံေနခဲ့တာ ပါ။
ဒီတိုက္ခိုက္မႈမွာ ေဒသဆိုင္ရာေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌျဖစ္တဲ့
ဂါစီယာ လည္းထိုးႀကိတ္ခံခဲ့ရၿပီး လာပူအာတာ ပရိသတ္ အခ်ိဳ႕ကလည္း
ကစားသမားေတြနဲ႔အတူ ပူးေပါင္းကာဝင္ေရာက္တိုက္ခိုက္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဂါစီယာ ဟာကြင္း ထဲမွာ ကန္ေက်ာက္ခံခဲ့ရတဲ့အျပင္
ေနာက္ထပ္သူ႔ကိုထိုးႀကိတ္သူေတြလည္းရွိခဲ့ပါတယ္။
ဒိုင္လူႀကီး ပက္စ္တိုရီႏို ကေတာ့ ရရွိခဲ့တဲ့ဒဏ္ရာေတြနဲ႔ ေဆး႐ုံကိုခ်က္ျခင္းတင္ပို႔ခဲ့ရၿပီး
အေရးေပၚကုသမႈခံယူေနရပါတယ္။ လက္ရွိမွာေတာ့ရဲတပ္ဖြဲ႕က
လာပူအာတာ ကစားသမား ၈ ဦးနဲ႔ ပရိသတ္ ၃ ဦးကို ေခၚယူစစ္ေဆးေနပါတယ္။
သတင္းေတြအရ ပင္နယ္တီအဆုံးအျဖတ္ မခံယူစဥ္ပြဲခ်ိန္အတြင္းမွာ
ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္အခ်ိဳ႕ကို လာပူအာတာ ဘက္ကမၾကာခဏေစာဒက
တက္မႈေတြရွိခဲ့ တယ္လို႔ သိရပါတယ္။ ေတာင္အေမရိက မွာ
အေပ်ာ္တမ္းအဆင့္မွာသာမက အဆင့္ျမင့္တန္းေတြမွာပါ ဒိုင္လူႀကီးကိုမက
ေက်နပ္လို႔တိုက္ခိုက္မႈေတြမၾကာခဏေပၚေပါက္ေလ့ရွိၿပီး
ေအာက္တိုဘာလတုန္းကလည္း ဘရာဇီးမွာ ကြင္းလယ္ဒိုင္ကို
အျပင္းအထန္ဒဏ္ရာရေအာင္ေခါင္းကိုကန္ေက်ာက္ခဲ့မႈနဲ႔
ေဆာ္ပိုလို ကစားသမားေဟာင္း ဝီလ်ံရီဘီယို ကိုရဲတပ္ဖြဲ႕က
လူ သတ္ရန္ႀကိဳးစားမႈနဲ႔ စြဲခ်က္တင္ခဲ့ပါေသးတယ္။