
ဇန်နဝါရီအပြောင်းအရွှေ့မှာ သူ့ရဲ့ရောင်းချမှုတွေက ဒီရာသီမှာ ဒါဘီရှင်ကျန်ဖို့
လိုအပ်တဲ့ငွေကြေးကို အထောက်အပံပေးနိုင်မယ်လို့ နည်းပြရွန်နီက ယုံကြည်နေပါတယ်။
အဲဒီချန်ပီယံရှစ်ကလပ်ဟာ ရာသီကုန်အထိ သူတို့ဆက်လက်လည်ပတ်နိုင်ဖို့
ငွေကြေးရှိတယ်ဆိုတာကို ဘောလုံးလိဂ်အဖွဲ့ထံ သက်သေပြဖို့ ဒီလကုန်အထိ
အချိန်ပေးခံထားရတာပါ။
အသင်းကိုကြားဖြတ်စီမံပေးသူတွေဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ ရွန်နီကို
ကစားသမား ၉ ယောက် ရောင်းချစေဖို့အထိ တွန်းအားပေးခဲ့တာပါ။
ဘဏ္ဍာရေးကြောင့် ဒါဘီအနေနဲ့ ကစားသမားအများအပြားရုံခါခဲ့ရပေမယ့် အသင်းဟာ
ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထားရပါတယ်။
ဒါပေမဲ့ ဟက်ဒါဖီးလ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရွန်နီက သူ့အနေနဲ့ ဒါဘီကို အနည်းဆုံး
နွေရာသီအထိ တောင့်ခံနိုင်မယ့်ငွေကြေးရှာဖွေပေးနိုင်တယ်လို့ အကောင်းမြင်ထားကြောင်း
ဖွင့်ဟလိုက်ပါတယ်။
”ပိုက်ဆံကတော့ အသင်းကိုရောက်လာပေမယ့် ဘယ်သွားမလဲဆိုတာ ကျွန်တော်မသိပါဘူး။
ဒါပေမဲ့ ကျွန်တော်ဖြေနိုင်တာကတော့ ရာသီကုန်ထိ ရှေ့ဆက်နိုင်မယ့်ငွေကြေး
ရှာဖွေနိုင်ခဲ့ပါတယ်။ ကစားသမားခေါ်ယူခွင့်ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးပြီး
အလွတ်ခေါ်ယူမှုတွေလုပ်နိုင်ဖို့ ခွင့်ပြုမလားဆိုတာကတော့ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။
ကစားသမား ၉ ယောက်တောင်ရောင်းခဲ့တာဆိုတော့ ကျွန်တော်တို့အသင်းက
လူနည်းသွားတာ အမှန်ပါပဲ”လို့ ရွန်နီက ဟက်ဒါဖီးလ်နဲ့ပွဲအပြီးမှာ ပြောခဲ့တာပါ။
ရွန်နီရဲ့ဒါဘီဟာ ဟက်ဒါဖီးလ်နဲ့ပွဲမှာ ပွဲအစ ၃ မိနစ်ကတည်းက တစ်ယောက်လျော့နဲ့
ကစားခဲ့ရတာဖြစ်ပေမယ့် မိနစ် ၇၀ ကျော်မှ ၂ ဂိုးပေးလိုက်ရတာပါ။
ဒါကြောင့် ရွန်နီရဲ့အသင်းဟာ ချန်ပီယံရှစ်မှာ နောက်ဆုံး ၃ ပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်။
ဒါဘီဟာ လာမယ့်ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ဟားလ်စီးတီးနဲ့အိမ်ကွင်းကစားရမှာပါ။
Zawgyi
ကစားသမား(၉) ေယာက္အထိ ေရာင္းခ်လိုက္ရေပမဲ့ ရွင္က်န္ဖို႔ မေရရာေသးတဲ့ ႐ြန္နီရဲ႕ ဒါဘီ
ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ သူ႔ရဲ႕ေရာင္းခ်မႈေတြက ဒီရာသီမွာ ဒါဘီရွင္က်န္ဖို႔
လိုအပ္တဲ့ေငြေၾကးကို အေထာက္အပံေပးႏိုင္မယ္လို႔ နည္းျပ႐ြန္နီက ယုံၾကည္ေနပါတယ္။
အဲဒီခ်န္ပီယံရွစ္ကလပ္ဟာ ရာသီကုန္အထိ သူတို႔ဆက္လက္လည္ပတ္ႏိုင္ဖို႔
ေငြေၾကးရွိတယ္ဆိုတာကို ေဘာလုံးလိဂ္အဖြဲ႕ထံ သက္ေသျပဖို႔ ဒီလကုန္အထိ
အခ်ိန္ေပးခံထားရတာပါ။
အသင္းကိုၾကားျဖတ္စီမံေပးသူေတြဟာ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕မွာ ႐ြန္နီကို
ကစားသမား ၉ ေယာက္ ေရာင္းခ်ေစဖို႔အထိ တြန္းအားေပးခဲ့တာပါ။
ဘ႑ာေရးေၾကာင့္ ဒါဘီအေနနဲ႔ ကစားသမားအမ်ားအျပား႐ုံခါခဲ့ရေပမယ့္ အသင္းဟာ
ကစားသမားသစ္ေခၚယူခြင့္ပိတ္ပင္ခံထားရပါတယ္။
ဒါေပမဲ့ ဟက္ဒါဖီးလ္ကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ႐ြန္နီက သူ႔အေနနဲ႔ ဒါဘီကို အနည္းဆုံး
ေႏြရာသီအထိ ေတာင့္ခံႏိုင္မယ့္ေငြေၾကးရွာေဖြေပးႏိုင္တယ္လို႔ အေကာင္းျမင္ထားေၾကာင္း
ဖြင့္ဟလိုက္ပါတယ္။
”ပိုက္ဆံကေတာ့ အသင္းကိုေရာက္လာေပမယ့္ ဘယ္သြားမလဲဆိုတာ ကြၽန္ေတာ္မသိပါဘူး။
ဒါေပမဲ့ ကြၽန္ေတာ္ေျဖႏိုင္တာကေတာ့ ရာသီကုန္ထိ ေရွ႕ဆက္ႏိုင္မယ့္ေငြေၾကး
ရွာေဖြႏိုင္ခဲ့ပါတယ္။ ကစားသမားေခၚယူခြင့္ပိတ္ပင္ထားမႈကို ေျဖေလွ်ာ့ေပးၿပီး
အလြတ္ေခၚယူမႈေတြလုပ္ႏိုင္ဖို႔ ခြင့္ျပဳမလားဆိုတာကေတာ့ ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ရမွာပါ။
ကစားသမား ၉ ေယာက္ေတာင္ေရာင္းခဲ့တာဆိုေတာ့ ကြၽန္ေတာ္တို႔အသင္းက
လူနည္းသြားတာ အမွန္ပါပဲ”လို႔ ႐ြန္နီက ဟက္ဒါဖီးလ္နဲ႔ပြဲအၿပီးမွာ ေျပာခဲ့တာပါ။
႐ြန္နီရဲ႕ဒါဘီဟာ ဟက္ဒါဖီးလ္နဲ႔ပြဲမွာ ပြဲအစ ၃ မိနစ္ကတည္းက တစ္ေယာက္ေလ်ာ့နဲ႔
ကစားခဲ့ရတာျဖစ္ေပမယ့္ မိနစ္ ၇၀ ေက်ာ္မွ ၂ ဂိုးေပးလိုက္ရတာပါ။
ဒါေၾကာင့္ ႐ြန္နီရဲ႕အသင္းဟာ ခ်န္ပီယံရွစ္မွာ ေနာက္ဆုံး ၃ ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားပါတယ္။
ဒါဘီဟာ လာမယ့္ေဖေဖာ္ဝါရီ ၉ ရက္ေန႔မွာ ဟားလ္စီးတီးနဲ႔အိမ္ကြင္းကစားရမွာပါ။