ကစားသမားသစ်တွေအတွက် ငွေကိုရေလိုသုံးပြမယ့် ချဲလ်ဆီးသူဌေး ဘိုလေ

ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်တိုက်စစ်မှူးအန်ကွန်ကူအတွက် သဘောတူညီမှုရယူ အပြီးမှာတော့ နောက်ထပ်ကစားသမားသစ်တွေအတွက်ဆက်ကြိုးစားဖို့ရှိနေပါတယ်။

 

အေဘရာမိုဗစ်အလွန်မှာ ချဲလ်ဆီးရဲ့ ငွေသုံစွဲလာနိုင်မှုနဲ့ပတ်သတ်လို့ သံသယဖြစ်ခဲ့ကြပေမဲ့ အခုဆိုရင်တော့ ဘိုလေက ရုရှားသားနည်းတူငွေသုံကြမ်းပြဖို့ရှိနေပါပြီ။

ဘိုလေဟာ အန်ကွန်ကူရဲ့အသင်းဖော် ဂါဒီယိုအတွက် ယူရိုသန်း ၈၀နီးပါးသုံးဖို့ စီစဉ်ထားပါတယ်။ အပြောင်းအရွှေ့နဲ့ပတ်သတ်လို့တော့ ဂါဒီယိုက “လိုက်ပ်ဇစ်နဲ့အတူသင်ယူစရာတွေရှိ နေပါသေးတယ်။

အပြောင်းအရွှေ့ကိစ္စကိုတော့ ကြိုးကိုင်ထားသူတွေရှိပြီးသားဖြစ် လို့မစဉ်းစားပါဘူး။ ဇန်နဝါရီမှာ ဘာဖြစ်မလဲကြည့်ရမှာပါ” လို့ လမ်းခင်းပေးထားပါတယ်။

ချဲလ်ဆီးပိုင်ရှင် ဘိုလေကတော့ အန်ကွန်ကူနဲ့ ဂါဒီယိုတို့နှစ်ယောက်အတွက် ပေါင် ၁၃၁ သန်းသုံးစွဲဖို့ ဆုံးဖြတ်ထားသလို တခြားဘွန်ဒက်စ်လီဂါကစားသမား နှစ်ယောက်ဖြစ်တဲ့ ဒေါ့တ်မန်ရဲ့ ဘယ်လင်ဂမ်နဲ့

ဘိုင်ယန်မြူးနစ်ညာနောက်ခံလူ ဘင်ဂျမင်ပါဗင်တို့အတွက် ပေါင် ၁၀၅ သန်း သုံးစွဲဖို့ရည်ရွယ်ထားပါတယ်။

ဘယ်လင်ဂမ်ကို မန်စီးတီး၊ လီဗာပူးနဲ့ ရီးရဲလ်တို့က ပစ်မှတ်ထားနေပေမဲ့ ယူရိုသန်း ၁၀၀ အထိသုံးပြီး ခေါ်ယူနိုင်လိမ့်မယ်လို့ ဘိုလေက ယုံကြည်နေပါတယ်။

ဒီသတင်းထွက်ပေါ်လာတာက ချဲလ်ဆီးပရိသတ်တွေအတွက် အားရစရာဖြစ်ပြီး အေဘရာမိုဗစ် ခေတ်လွန်မှာ ကြယ်ပွင့်ကစားသမားတွေနဲ့ရွှေရောင်နေ့ရက်တွေဆီ ကို ပိုင်ရှင်သစ်ဘိုလေ အရောက်ပို့ပေးနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းလာပါပြီ။

(Zawgyi)

ကစားသမားသစ္ေတြအတြက္ ေငြကိုေရလိုသုံးျပမယ့္ ခ်ဲလ္ဆီးသူေဌး ဘိုေလ

ခ်ဲလ္ဆီးအသင္းဟာ လိုက္ပ္ဇစ္တိုက္စစ္မႉးအန္ကြန္ကူအတြက္ သေဘာတူညီမႈရယူ အၿပီးမွာေတာ့ ေနာက္ထပ္ကစားသမားသစ္ေတြအတြက္ဆက္ႀကိဳးစားဖို႔ရွိေနပါတယ္။

ေအဘရာမိုဗစ္အလြန္မွာ ခ်ဲလ္ဆီးရဲ႕ ေငြသုံစြဲလာႏိုင္မႈနဲ႔ပတ္သတ္လို႔ သံသယျဖစ္ခဲ့ၾကေပမဲ့ အခုဆိုရင္ေတာ့ ဘိုေလက ႐ုရွားသားနည္းတူေငြသုံၾကမ္းျပဖို႔ရွိေနပါၿပီ။

ဘိုေလဟာ အန္ကြန္ကူရဲ႕အသင္းေဖာ္ ဂါဒီယိုအတြက္ ယူ႐ိုသန္း ၈၀နီးပါးသုံးဖို႔ စီစဥ္ထားပါတယ္။

အေျပာင္းအေ႐ႊ႕နဲ႔ပတ္သတ္လို႔ေတာ့ ဂါဒီယိုက “လိုက္ပ္ဇစ္နဲ႔အတူသင္ယူစရာေတြရွိ ေနပါေသးတယ္။

အေျပာင္းအေ႐ႊ႕ကိစၥကိုေတာ့ ႀကိဳးကိုင္ထားသူေတြရွိၿပီးသားျဖစ္ လို႔မစဥ္းစားပါဘူး။ ဇန္နဝါရီမွာ ဘာျဖစ္မလဲၾကည့္ရမွာပါ” လို႔ လမ္းခင္းေပးထားပါတယ္။

ခ်ဲလ္ဆီးပိုင္ရွင္ ဘိုေလကေတာ့ အန္ကြန္ကူနဲ႔ ဂါဒီယိုတို႔ႏွစ္ေယာက္အတြက္ ေပါင္ ၁၃၁ သန္းသုံးစြဲဖို႔ ဆုံးျဖတ္ထားသလို တျခားဘြန္ဒက္စ္လီဂါကစားသမား ႏွစ္ေယာက္ျဖစ္တဲ့ ေဒါ့တ္မန္ရဲ႕ ဘယ္လင္ဂမ္နဲ႔ ဘိုင္ယန္ျမဴးနစ္ညာေနာက္ခံလူ ဘင္ဂ်မင္ပါဗင္တို႔အတြက္ ေပါင္ ၁၀၅ သန္း သုံးစြဲဖို႔ရည္႐ြယ္ထားပါတယ္။

ဘယ္လင္ဂမ္ကို မန္စီးတီး၊ လီဗာပူးနဲ႔ ရီးရဲလ္တို႔က ပစ္မွတ္ထားေနေပမဲ့ ယူ႐ိုသန္း ၁၀၀ အထိသုံးၿပီး ေခၚယူႏိုင္လိမ့္မယ္လို႔ ဘိုေလက ယုံၾကည္ေနပါတယ္။

ဒီသတင္းထြက္ေပၚလာတာက ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ အားရစရာျဖစ္ၿပီး ေအဘရာမိုဗစ္ ေခတ္လြန္မွာ ၾကယ္ပြင့္ကစားသမားေတြနဲ႔ေ႐ႊေရာင္ေန႔ရက္ေတြဆီ ကို ပိုင္ရွင္သစ္ဘိုေလ အေရာက္ပို႔ေပးႏိုင္မလားဆိုတာ စိတ္ဝင္စားစရာေကာင္းလာပါၿပီ။