
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ တစ်ယောက်မှ မခေါ်ယူခဲ့တဲ့
အာဆင်နယ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အသင်းအမှုဆောင်ချုပ်(CEO)
ဗန်ကာတက်ဟမ်က ကာကွယ်ပြောကြားလိုက်ပါတယ်။
အသင်းခေါင်းဆောင်ဟောင်းအူဘာမီယန်အပါအဝင် ပထမအသင်းကစားသမား
၅ ယောက်ကို ထွက်ခွင့်ပြုခဲ့ပေမယ့် အဲဒီမြောက်လန်ဒန်ကလပ်ဟာ ဆောင်းရာသီ
ဈေးကွက်မှာ တစ်ယောက်မှ ပြန်လည်အားဖြည့်ခြင်း မရှိခဲ့ပါဘူး။
အသင်းအမှုဆောင်ချုပ်ဗန်ကာတက်ဟမ်ကတော့ အာဆင်နယ်ဟာ ဈေးကွက်ထဲမှာ
လှုပ်ရှားခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် စွန့်စားမှုမလုပ်ဖို့သာ ရွေးချယ်ခဲ့ကြောင်းနဲ့
လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူအားဖြည့်မှုတွေ
ပိုလုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒါ့အပြင် အသင်းပရိသတ်တွေနဲ့တွေ့ဆုံတဲ့ဖိုရမ်ပွဲမှာ ဂန်းနား CEO က
တိုက်စစ်အင်အား အားနည်းသွားပေမယ့် အာဆင်နယ်ဟာ ရှိထားပြီးသား
ကစားသမားတွေနဲ့ အဆင်ပြေကြောင်း ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်မှာ အူဘာမီယန်အပြင် လူငယ်တိုက်စစ်မှုး
ဘာလိုဂန်လည်း ထွက်ခွာသွားပြီး အသက် ၂၀ အရွယ် အဲဒီတိုက်စစ်မှုးဟာ
မစ်ဒယ်ဘရော့ကို ရာသီကုန်ထိ အငှားပြောင်းသွားခဲ့တာပါ။
ဒါကြောင့် နည်းပြအာတီတာရဲ့အသင်းမှာ တိုက်စစ်မှုးစစ်စစ်ဆိုလို့
လာကာဇက်တီနဲ့ အန်ကီတီယာတို့ နှစ်ယောက်ရှိပါတယ်။
ဒါပေမဲ့ ဒီရာသီ အခုချိန်ထိ သူတို့နှစ်ယောက်ပေါင်းပရီးမီးယားလိဂ်သွင်းဂိုးက
၃ ဂိုးသာ ရှိသေးတာပါ။
သတင်းတွေအရလည်း အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်မှာ
ပီအက်စ်ဂျီတိုက်စစ်မှုးအိုင်ကာဒီကို ခေါ်ယူနိုင်မယ့်အခွင့်အရေးရခဲ့ပေမယ့်
ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ လက်ရှိပရီးမီးယားလိဂ်
အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာရောက်နေပြီး အဆင့် ၄ နေရာက
မန်ယူနဲ့ ၄ မှတ်ကွာနေပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ မန်ယူထက် ၃ ပွဲပိုလျော့နေတာပါ။
Zawgyi
ကစားသမားမေခၚႏိုင္ခဲ့တာကို ကာကြယ္လိုက္တဲ့ အာဆင္နယ္ CEO
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ တစ္ေယာက္မွ မေခၚယူခဲ့တဲ့
အာဆင္နယ္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ အသင္းအမႈေဆာင္ခ်ဳပ္(CEO)
ဗန္ကာတက္ဟမ္က ကာကြယ္ေျပာၾကားလိုက္ပါတယ္။
အသင္းေခါင္းေဆာင္ေဟာင္းအူဘာမီယန္အပါအဝင္ ပထမအသင္းကစားသမား
၅ ေယာက္ကို ထြက္ခြင့္ျပဳခဲ့ေပမယ့္ အဲဒီေျမာက္လန္ဒန္ကလပ္ဟာ ေဆာင္းရာသီ
ေဈးကြက္မွာ တစ္ေယာက္မွ ျပန္လည္အားျဖည့္ျခင္း မရွိခဲ့ပါဘူး။
အသင္းအမႈေဆာင္ခ်ဳပ္ဗန္ကာတက္ဟမ္ကေတာ့ အာဆင္နယ္ဟာ ေဈးကြက္ထဲမွာ
လႈပ္ရွားခဲ့ေၾကာင္း ဝန္ခံခဲ့ေပမယ့္ စြန႔္စားမႈမလုပ္ဖို႔သာ ေ႐ြးခ်ယ္ခဲ့ေၾကာင္းနဲ႔
လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ကစားသမားသစ္ေခၚယူအားျဖည့္မႈေတြ
ပိုလုပ္သြားမယ္လို႔ ကတိေပးခဲ့ပါတယ္။
ဒါ့အျပင္ အသင္းပရိသတ္ေတြနဲ႔ေတြ႕ဆုံတဲ့ဖိုရမ္ပြဲမွာ ဂန္းနား CEO က
တိုက္စစ္အင္အား အားနည္းသြားေပမယ့္ အာဆင္နယ္ဟာ ရွိထားၿပီးသား
ကစားသမားေတြနဲ႔ အဆင္ေျပေၾကာင္း ဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေဆာင္းရာသီေဈးကြက္မွာ အူဘာမီယန္အျပင္ လူငယ္တိုက္စစ္မႈး
ဘာလိုဂန္လည္း ထြက္ခြာသြားၿပီး အသက္ ၂၀ အ႐ြယ္ အဲဒီတိုက္စစ္မႈးဟာ
မစ္ဒယ္ဘေရာ့ကို ရာသီကုန္ထိ အငွားေျပာင္းသြားခဲ့တာပါ။
ဒါေၾကာင့္ နည္းျပအာတီတာရဲ႕အသင္းမွာ တိုက္စစ္မႈးစစ္စစ္ဆိုလို႔
လာကာဇက္တီနဲ႔ အန္ကီတီယာတို႔ ႏွစ္ေယာက္ရွိပါတယ္။
ဒါေပမဲ့ ဒီရာသီ အခုခ်ိန္ထိ သူတို႔ႏွစ္ေယာက္ေပါင္းပရီးမီးယားလိဂ္သြင္းဂိုးက
၃ ဂိုးသာ ရွိေသးတာပါ။
သတင္းေတြအရလည္း အာဆင္နယ္ဟာ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ေဈးကြက္မွ
ာ ပီအက္စ္ဂ်ီတိုက္စစ္မႈးအိုင္ကာဒီကို ေခၚယူႏိုင္မယ့္အခြင့္အေရးရခဲ့ေပမယ့္
ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ အာဆင္နယ္ဟာ လက္ရွိပရီးမီးယားလိဂ္
အမွတ္ေပးဇယားမွာ အဆင့္ ၆ ေနရာေရာက္ေနၿပီး အဆင့္ ၄ ေနရာက
မန္ယူနဲ႔ ၄ မွတ္ကြာေနပါတယ္။ ဒါေပမဲ့ အာဆင္နယ္ဟာ မန္ယူထက္ ၃ ပြဲပိုေလ်ာ့ေနတာပါ။