ကစားသမားဘဝ မီးစာကုန် ဆီခန်းတော့မယ့်အရေး ပြေးမြင်မိနေတဲ့ မက်ဆီ

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝနဲ့ ပတ်သက် လို့ မီးစာကုန်ပြီး ဆီခန်းတော့မယ့် အရေးကို ကြိုတင်သိရှိနေပုံရပြီး လက်ရှိ ခြေစွမ်းမျိုးနဲ့

အချိန်အကြာကြီး နောက်ထပ် ကစားပေးနိုင်တော့မယ် မထင်ဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဟာ လက်ရှိမှာ အသက် ၃၅ နှစ်အထိ ရှိနေပြီး

သူ့ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစား သမားဘဝရဲ့ ဆည်းဆာ နေဝင်ချိန်ကို တဖြည်းဖြည်း ရောက်ရှိလာနေပြီဖြစ်ပါ တယ်။ အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ

လက်ရှိရာသီမှာတော့ ပီအက်စ်ဂျီနဲ့အတူ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၁၂ ဂိုး သွင်းထားပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ် အထိ ပြုလုပ်ပေးထားပါတယ်။ လာမယ့် နွေရာသီဈေးကွက်မှာ စာချုပ်သက်တမ်း

ကုန်ဆုံးတော့မယ့် မက်ဆီနဲ့ ပတ်သက်ပြီး သတင်းတွေက မျိုးစုံ ထွက် ပေါ်နေသလို ပြင်သစ်ကလပ်နဲ့လည်း နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့် ရှိတာကြောင့် လက်ရှိအသင်းမှာပဲ ဆက်ပြီး

မြင်တွေ့ရဦးမယ်လို့ မျှော်လင့် နေကြသူတွေလည်း ရှိပါတယ်။ မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေအရ ဖြစ်နိုင်ခြေလမ်းကြောင်း ၃ ခုက ပြင်သစ်မှာ ဆက်ရှိနေတာရယ်၊

အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားတာရယ်နဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ပြောင်းသွားတာရယ်တို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ အခုလို ခြေစွမ်းမျိုးနဲ့ အကြာကြီး

ကစားပေးနိုင်တော့မှာ မဟုတ် ဘူးလို့ မက်ဆီက ပြောဆိုခဲ့တဲ့အကြောင်း Sportkeeda ဝက်ဘ်ဆိုက်က ရေး သားဖော်ပြပါတယ်။ ‘’ကျွန်တော် ဘောလုံးကို ချစ်တယ်ဆိုတာ သေချာတာပေါ့။

ဘောလုံးနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ တစ်ခုခုကိုတော့ ကျွန်တော် လုပ် မှာပါ။ ကျွန်တော့်ရဲ့ ကစားသမားဘက အားလုံးပြီးသွားပြီလေ။ ကျွန်တော် အကြာကြီး ဆက်ပြီး ကစားနေနိုင်မယ်လို့ မထင်ပါဘူး’’ လို့

မက်ဆီက ပြော ဆိုခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ အဆုံးစွန်အထိ အောင် မြင်မှုရခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ပြီး တစ်နှစ်တာအကောင်း ဆုံး ဘောလုံးသမားဆုကို

အများဆုံး (၇ ကြိမ်) ဆွတ်ခူးထားနိုင်တဲ့ ကစား သမားဖြစ်ပါတယ်။ နောက်ပြီး သူဟာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၁၀ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၇ ကြိမ်

ရယူနိုင်ခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး တစ်ယောက် ဖြစ်ခဲ့ပါတယ်။

(Zawgyi)

ကစားသမားဘ၀ မီးစာကုန္ ဆီခန္းေတာ့မယ့္အေရး ေျပးျမင္မိေနတဲ့ မက္ဆီ

အာဂ်င္တီးနား တိုက္စစ္မႉး မက္ဆီဟာ သူ႔ရဲ႕ ကစားသမားဘဝနဲ႔ ပတ္သက္ လို႔ မီးစာကုန္ၿပီး ဆီခန္းေတာ့မယ့္ အေရးကို ႀကိဳတင္သိရွိေနပုံရၿပီး လက္ရွိ ေျခစြမ္းမ်ိဳးနဲ႔ အခ်ိန္အၾကာႀကီး

ေနာက္ထပ္ ကစားေပးႏိုင္ေတာ့မယ္ မထင္ဘူးလို႔ ဖြင့္ဟသြားခဲ့ပါတယ္။ ဘာစီလိုနာ တိုက္စစ္မႉးေဟာင္းဟာ လက္ရွိမွာ အသက္ ၃၅ ႏွစ္အထိ ရွိေနၿပီး သူ႔ရဲ႕ ကမာၻ႔အေကာင္းဆုံး

ကစားသမားဘဝရဲ႕ ဆည္းဆာ ေနဝင္ခ်ိန္ကို တျဖည္းျဖည္း ေရာက္ရွိလာေနၿပီျဖစ္ပါ တယ္။ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ဟာ လက္ရွိရာသီမွာေတာ့ ပီ အက္စ္ဂ်ီနဲ႔အတူ ၿပိဳင္ပြဲစုံ ၁၉ ပြဲမွာ

၁၂ ဂိုး သြင္းထားၿပီး ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ အထိ ျပဳလုပ္ေပးထားပါတယ္။ လာမယ့္ ေႏြရာသီေဈးကြက္မွာ စာခ်ဳပ္သက္ တမ္း ကုန္ဆုံးေတာ့မယ့္ မက္ဆီနဲ႔ ပတ္သက္ၿပီး သတင္းေတြက မ်ိဳးစုံ ထြက္ ေပၚေနသလို

ျပင္သစ္ကလပ္နဲ႔လည္း ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတိုးခြင့္ ရွိတာေၾကာင့္ လက္ရွိအသင္းမွာပဲ ဆက္ၿပီး ျမင္ေတြ႕ရဦးမယ္လို႔ ေမွ်ာ္လင့္ ေနၾကသူေတြလည္း ရွိပါတယ္။

မက္ဆီရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး လက္ရွိ အေျခအေနအရ ျဖစ္ႏိုင္ေျခလမ္းေၾကာင္း ၃ ခုက ျပင္သစ္မွာ ဆက္ရွိေနတာ ရယ္၊ အသင္းေဟာင္း ဘာစီလိုနာကို ျပန္သြားတာရယ္နဲ႔

ေမဂ်ာလိဂ္ကလပ္ အင္တာမိုင္ယာမီကို ေျပာင္းသြားတာရယ္တို႔ပဲ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း သူ႔အေနနဲ႔ အခုလို ေျခစြမ္းမ်ိဳးနဲ႔ အၾကာႀကီး ကစားေပးႏိုင္ေတာ့မွာ မဟုတ္ ဘူးလို႔

မက္ဆီက ေျပာဆိုခဲ့တဲ့အေၾကာင္း Sportkeeda ဝက္ဘ္ဆိုက္က ေရး သားေဖာ္ျပပါတယ္။ ‘’ကြၽန္ေတာ္ ေဘာလုံးကို ခ်စ္တယ္ဆိုတာ ေသခ်ာတာ ေပါ့။ ေဘာလုံးနဲ႔ ပတ္သက္ဆက္ႏႊယ္ေနတဲ့

တစ္ခုခုကိုေတာ့ ကြၽန္ေတာ္ လုပ္ မွာပါ။ ကြၽန္ေတာ့္ရဲ႕ ကစားသမားဘက အားလုံး ၿပီးသြားၿပီေလ။ ကြၽန္ေတာ္ အၾကာႀကီး ဆက္ၿပီး ကစားေနႏိုင္မယ္လို႔ မထင္ပါဘူး’’ လို႔

မက္ဆီက ေျပာ ဆိုခဲ့ပါတယ္။ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔အတူ အဆုံးစြန္အထိ ေအာင္ ျမင္မႈရခဲ့တဲ့ ကမာၻ႔အေကာင္းဆုံး ကစားသမားျဖစ္ၿပီး တစ္ႏွစ္တာအေကာင္း ဆုံး ေဘာလုံးသမားဆုကို

အမ်ားဆုံး (၇ ႀကိမ္) ဆြတ္ခူးထားႏိုင္တဲ့ ကစား သမားျဖစ္ပါတယ္။ ေနာက္ၿပီး သူဟာ ဘာစီလိုနာနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္၊ လာလီဂါဖလား ၁၀

ႀကိမ္နဲ႔ စပိန္ဘုရင့္ဖလား ၇ ႀကိမ္ ရယူႏိုင္ခဲ့တဲ့ ဝါရင့္ တိုက္စစ္မႉး တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။