မန်စီးတီးကွင်းလယ်လူဒီဘရိုင်းက အသင်းဖော်ဟာလန်းရဲ့
ပရော်ဖက်ရှင်နယ်ပီသမှုကိုချီးကျူးခဲ့ပြီး ကစားသမားဘဝ
ကြံ့ခိုင်မှုကောင်းကို ထိန်းသိမ်းနိုင်မယ်ဆိုရင် ဂိုး ၈၀၀ လောက်
သွင်းနိုင်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့နွေဈေးကွက်မှာ
အီတီဟတ်ကိုပြောင်းရွှေ့လာတဲ့ ဟာလန်းဟာ မန်စီးတီးအတွက်
၂၄ ဂိုး အထိသွင်းထားနိုင်သလို ဒီဘရိုင်းရဲ့ဖန်တီးမှုစွမ်းရည်တွေကလည်း
နော်ဝေသားရောက်လာခြင်းနဲ့အတူသက်ရောက်မှုအား
ပိုကောင်းလာပါတယ်။ လီဗာပူးကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့
ကာရာဘောင်းဖလားပွဲစဉ်မှာလည်း ဒီဘရိုင်း-ဟာလန်း
အတွဲအဖက်ကနေ ဟာလန်းအဖွင့်ဂိုးသွင်းနိုင်ခဲ့တာဖြစ်တယ်။
“ဟာလန်းကို လူအတော်များများနဲ့ခြားနားတယ်ဆိုတာမျိုး
မမြင်ပါဘူး။ သူက တစ်ခြားလူတွေလိုပဲသာမန်ဘောလုံးသမား
တစ်ယောက်ပါ၊ ပြီးတော့ သူ့ကိုယ်သူသိပ်ပြီးအလေးအနက်
မထားပါဘူး။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေ
ဒါမှမဟုတ် ပရော်ဖက်ရှင်နယ်အားကစားသမားတွေအကြောင်း
ပြောကြတဲ့အခါ လူတိုင်းမှာဒီလိုအနားသတ်လေးတွေရှိကြပါတယ်။
မင်းကိုမင်း ဗားရှင်းမြှင့်တင်ဖို့အတွက် ဒီလိုအသေးအမွှားလေးတွေမရှိရင်
ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်လာလိမ့်မယ်မထင်ဘူး။
သူဟာ ငယ်ရွယ်စွာနဲ့သူ့ဘဝသူပျော်မွေ့နေသလို ဘောလုံးကို
အရမ်းအလေးထားပါတယ်။ သူ့မှာအထူးခြားဆုံးကတော့
ဂိုးတွေသွင်းရတာကိုနှစ်သက်တဲ့အချက်ပါပဲ။ တခြားတိုက်စစ်မှူးတွေနဲ့
ခိုင်းနှိုင်းဖို့ခက်ခဲသလို လုံးဝကွဲပြားခြားနားနေပါတယ်။
တိုက်စစ်မှူးတွေဟာ တူညီတဲ့နေရာမှာကစားကြပေမဲ့
တချို့ကရုပ်ပိုင်းဆိုင်ရာအားပြုသလို တချို့ကမြန်နှုန်းမြှင့်ကစားပြီး
သူတို့အားလုံးအပျော်သဘောနဲ့ ဂိုးတွေသွင်းနိုင်ကြတယ်။
ဟာလန်းက သူ့အသက်အရွယ်ကြောင့်မဟုတ်ပါဘူး၊
သူတို့တွေအားလုံး ဂိုး၃၀၀၊ ၄၀၀ လောက်သွင်းနိုင်ကြပါတယ်။
ဟာလန်းကတော့ သွင်းဂိုးတွေကိုအလွန်အမင်းစွဲလမ်းနေပြီး
ဒီထက်ကျော်လွန်သွားနိုင်ပါတယ်။ သူ့သွင်းဂိုးက ၂၀၀ လောက်
ရှိနေပြီဖြစ်လို့ ကြံ့ခိုင်မှုအပြည့်နဲ့အရာအားလုံးဆက်လုပ်
နိုင်မယ်ဆိုရင် ၆၀၀၊ ၇၀၀ ဒါမှမဟုတ် ၈၀၀ လောက်အထိ
သွားနိုင်ပါတယ်” လို့ ဒီဘရိုင်းက သုံးသပ်သွားခဲ့ပါတယ်။
zawgyi
ကစားသမားဘ၀ ဂိုး ၈၀၀ လောက်အထိ ဟာလန်းသွင်းနိုင်လိမ့်မယ်လို့ ဒီဘရိုင်း ခန့်မှန်းလိုက်