
မန်စီးတီးဂန္ထဝင်တိုက်စစ်မှူးဟာနှလုံးခုန်နှုန်းမမှန်မှုကြောင့်ကစားသမားဘဝမှ
စောစောစီးစီးအနားယူခဲ့ရပြီးနောက် အခုအချိန်မှာ မိသားစုကို အချိန်ပိုပေးဖြစ်နေပါတယ်။
အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းများအရအဂူရိုဟာ
မန်စီးတီးအသင်းရဲ့ကမ်းလှမ်းမှုအပါအဝင်အလုပ်လေးခုကမ်းလှမ်းမှု
ခံထားရကြောင်းသိရပါတယ်။
မန်စီးတီးကသူ့ကိုတစ်ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ်
ကမ်းလှမ်းထားသလိုအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကလည်း
အသင်းကြီးမန်နေဂျာအဖြစ်လည်းကောင်း၊လူငယ်အသင်းနည်းပြအဖြစ်လည်းကောင်း၊
ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူအလုပ်တို့အတွက်ကမ်းလှမ်းမှုခံထားရပါတယ်။
အဂူရိုဟာ ကစားသမားဘ၀ အနားယူကြောင်း ကြေညာအပြီး ၃ရက်အကြာမှာ
မိသားစုနဲ့ ခရစ္စမတ်ကာလကို ဖြတ်သန်းဖို့ အာဂျင်တီးနားကို ပြန်သွားခဲ့ပါတယ်။
၃၃နှစ်သားဟာ စနေနေ့နံနက်က ဘူနို အေးရီးစ်ကို ရောက်လာပြီး
ဆယ်ကျော်သက် သားငယ် ဘင်ဂျီအပါအဝင် ချစ်ရသူတွေနဲ့
BBQတွေလုပ်စားနေတာကို မြင်တွေ့ခဲ့ရပါတယ်။
ဘူနို အေးရီးစ်ကို ရောက်လာပြီးနောက် အဂူရိုက “ကျွန်တော် အဆင်ပြေပါတယ်။
ကျွန်တော် ဒီကို အားလပ်ရက်အတွက် လာတာဖြစ်ပြီး
ကိုယ်တိုင်လည်း ပျော်ပျော်နေမှာ ဖြစ်ကာ မိသားစုနဲ့ ခရစ္စမတ်ကာလ
ဖြတ်သန်းသွားမှာပါ။ အဲဒါပြီးရင်တော့ ဘာလုပ်နိုင်မလဲ ကြည့်ရမှာ ဖြစ်ပေမဲ့
အခုအချိန်မှာတော့ ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး။
အဲဒါက အမှန်တရားပါ”လို့ ပြောခဲ့ပါတယ်။
zawgyi
ကစားသမားဘဝမွ အနားယူခဲ့ရၿပီးေနာက္ မိသားစုကို အခ်ိန္ပိုေပးျဖစ္ေနတဲ့ အဂူ႐ို
မန္စီးတီးဂႏၴဝင္တိုက္စစ္မႉးဟာႏွလုံးခုန္ႏႈန္းမမွန္မႈေၾကာင့္ကစားသမားဘဝမွ
ေစာေစာစီးစီးအနားယူခဲ့ရၿပီးေနာက္ အခုအခ်ိန္မွာ မိသားစုကို အခ်ိန္ပိုေပးျဖစ္ေနပါတယ္။
အေစာပိုင္းတုန္းကထြက္ေပၚခဲ့တဲ့သတင္းမ်ားအရအဂူ႐ိုဟာ
မန္စီးတီးအသင္းရဲ႕ကမ္းလွမ္းမႈအပါအဝင္အလုပ္ေလးခုကမ္းလွမ္းမႈ
ခံထားရေၾကာင္းသိရပါတယ္။မန္စီးတီးကသူ႔ကိုတစ္ကမာၻလုံးဆိုင္ရာ
သံတမန္အျဖစ္ကမ္းလွမ္းထားသလိုအာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္း
အသင္းႀကီးမန္ေနဂ်ာအျဖစ္လည္းေကာင္း၊လူငယ္အသင္းနည္းျပအျဖစ္လည္းေကာင္း၊
႐ုပ္သံေဘာလုံးေဝဖန္သုံးသပ္သူအလုပ္တို႔အတြက္ကမ္းလွမ္းမႈခံထားရပါတယ္။
အဂူ႐ိုဟာ ကစားသမားဘ၀ အနားယူေၾကာင္း ေၾကညာအၿပီး ၃ရက္အၾကာမွာ
မိသားစုနဲ႔ ခရစၥမတ္ကာလကို ျဖတ္သန္းဖို႔ အာဂ်င္တီးနားကို ျပန္သြားခဲ့ပါတယ္။
၃၃ႏွစ္သားဟာ စေနေန႔နံနက္က ဘူႏို ေအးရီးစ္ကို ေရာက္လာၿပီး
ဆယ္ေက်ာ္သက္ သားငယ္ ဘင္ဂ်ီအပါအဝင္ ခ်စ္ရသူေတြနဲ႔
BBQေတြလုပ္စားေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။
ဘူႏို ေအးရီးစ္ကို ေရာက္လာၿပီးေနာက္ အဂူ႐ိုက “ကြၽန္ေတာ္ အဆင္ေျပပါတယ္။
ကြၽန္ေတာ္ ဒီကို အားလပ္ရက္အတြက္ လာတာျဖစ္ၿပီး
ကိုယ္တိုင္လည္း ေပ်ာ္ေပ်ာ္ေနမွာ ျဖစ္ကာ မိသားစုနဲ႔ ခရစၥမတ္ကာလ
ျဖတ္သန္းသြားမွာပါ။ အဲဒါၿပီးရင္ေတာ့ ဘာလုပ္ႏိုင္မလဲ ၾကည့္ရမွာ ျဖစ္ေပမဲ့
အခုအခ်ိန္မွာေတာ့ ဘာဆုံးျဖတ္ခ်က္မွ မခ်ရေသးပါဘူး။
အဲဒါက အမွန္တရားပါ”လို႔ ေျပာခဲ့ပါတယ္။