ကစားသမားဘဝနေဝင်ချိန် နီးလာချိန်မှာ အောင်မြင်မှုတွေပြန်ရှာတွေ့ပြီး  ဂရိကလပ်နဲ့ လိဂ်ပွဲ ( ၁၀၀ ) ပြည့်မြောက်သွားခဲ့တဲ့ သရဲနီစူပါကြယ်ပွင့်ဟောင်း မာချီဒါ

ဆယ်ကျော်သက်အရွယ်တုန်းက ယူနိုက်တက်မှာ ကစားခွင့်ရခဲ့တဲ့

အီတလီကစားသမား မာချီဒါဟာ သူ့ရဲ့ ဘဝအတွက် ကောင်းမွန်တဲ့

အခွင့်အရေးကောင်းတွေရဖို့ ရှိခဲ့ပေမယ့် ဖာဂူဆန် ရဲ့ အကြံပေးမှုကိုနားမထောင်ခဲ့ပဲ

အသင်းပြောင်းရွှေ့မှု အမှားတွေကြောင့် သူ့ရဲ့ကစားသမားဘဝ

အကောင်းဆုံး အသက်အရွယ်မှာ ဥရောပရဲ့ အသင်းငယ်အများစုမှာ

ကစားခဲ့ရင်း မထင်အရှားဘဝနဲ့ အချိန်တွေကုန်ဆုံးခဲ့ရသူပါ။

အခုအချိန်မှာတော့ သူနဲ့ သင့်တော်မယ့် အသင်းကို ရှာတွေ့ခဲ့ပြီလို့ဆိုရမှာပါပဲ။

၂၀၁၈ စက်တင်ဘာမှာ မာချီဒါဟာ နိုဗာရာအသင်းကနေ ဂရိကလပ်

ပါနာတီနာကော့ခ်ဆီကို ပြောင်းရွှေ့ကစားခဲ့ပြီး

ခြေစွမ်းတွေပြသလာနိုင်ခဲ့သလို အသင်းရဲ့

အဓိကကစားသမားတစ်ဦးလည်းဖြစ်လာပါတယ်။

အခုအချိန်မှာ သူဟာ ဂရိကလပ် ပါနာတီနာကော့ခ်နဲ့ သွင်းဂိုး

(၄၀)ပြည့်သွားခဲ့တဲ့ အပြင် လိဂ်ပွဲ ( ၁၀၀ ) ပြည့်မြောက်သွားခဲ့ပါပြီ။

( ၂၀၀၉ )ခုနှစ်က မန်ချက်စတာ ယူနိုက်တက်အသင်းအတွက်

အက်စတွန်ဗီလာဘက်ကို သွင်းယူခဲ့တဲ့ ဖက်ဒရီကို မာချီဒါရဲ့ ဂိုးဟာ

တကယ်ပဲ မမေ့နိုင်စရာ အခိုက်အတန့်ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သွင်းဂိုး ( ၂ ) ဂိုးနဲ့အတူ မာချီဒါရဲ့ အနိုင်ဂိုးကြောင့်

ယူနိုက်တက်က ( ၃-၂ ) ရလာဒ် ပိုင်ဆိုင်ခဲ့ပြီး အမှတ်ပေးချန်ပီယံဆု

ပြိုင်ပွဲကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အီတလီဆယ်ကျော်သက်ကစားသမားဟာ နောက်ထပ်တစ်ပတ်အကြာမှာ

ဆန်ဒါးလန်းအသင်းဘက်ကို သွင်းဂိုးတစ်ဂိုး ထပ်မံရယူနိုင်ခဲ့ပြန်ပါတယ်။

ဒါက လူငယ်တိုက်စစ်မှူးတစ်ဦးအတွက် ကျေနပ်စရာဖြစ်ပါတယ်။

မာချီဒါက ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပဲ

အငှားပြောင်း‌ရွေ့မှုတွေ ( ၅ ) ကြိမ်တိုင်ပြုလုပ်ပြီးနောက် ( ၂၀၁၄ ) မှာ

အိုးထရတ်ဖို့ဒ်ကို အပြီးတိုင်စွန့်ခွာသွားခဲ့ပါတယ်။

မာချီဒါက လက်ရှိမှာ ဘောလုံးကစားနေဆဲဖြစ်ပြီး အသက် ( ၃၀ ) အရွယ် ရှိနေပါပြီ။

သူရဲ့ အလားအလာနဲ့ ကိုက်ညီတဲ့ အောင်မြင်မှုမရခဲ့ပေမယ့် နောက်ဆုံးမှာတော့

သူ့ကို ပျော်ရွှင်မှုပေးနိုင်တဲ့ နေရပ်တစ်ခု ရှာဖွေတွေ့ရှိသွားပုံရပါတယ်။

တိုက်စစ်မှူးက သူ ( ၃၆ ) ဂိုး သွင်းယူပေးထားတဲ့ ဂရိကလပ် Panathinaikos နဲ့

လိဂ်ပွဲစဉ် ( ၁၀၀ ) ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

မာချီဒါက Panathinaikos မှာ အောင်မြင်မှုမရခင် ဂျာမနီကလပ် စတုဂတ် နှင့်

ဝေးလ်ကလပ် ကာဒစ်တို့မှာ ရုန်းကန်ခဲ့ရပါတယ်။

( ၂၀၁၄ ) ခုနှစ်မှာ အိုလေ ဂန်းနား ဆိုးရှားက ကာဒစ် စီးတီးအတွက်

သူ့ကို ခေါ်ယူခဲ့ပေမယ့် အောင်မြင်တဲ့ အပြောင်းအရွေ့ မဟုတ်ခဲ့ပဲ

နော်တင်ဟမ် ဖောရက်စ်ထံ ပြန်လည်အငှားချခြင်း ခံခဲ့ရပါတယ်။

အဲ့ဒီမှာလည်း ( ၃ ) ပွဲသာ ကစားခွင့်ရခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ဆမ်ဒိုရီးယား ၊ ကျူပီအာ ၊ စတုဂတ် ၊ ဒိုကတ်စတာ ရိုဗာ ၊ ဘာမင်ဟမ် ၊ ကာဒစ် နှင့်

ဖောရက်စ်အသင်းတွေမှာ ( ၆ ) နှစ်တာ ကျင်လည်ခဲ့ပြီး‌နောက်

စုစုပေါင်း ( ၁၉ ) ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့်

ပျမ်းမျှ ( ၁ ) ရာသီ ( ၃ ) ဂိုးဝန်ကျင်သာ ရယူနိုင်ခဲ့တာတွေ့ရပါတယ်။

အဲ့ဒီနောက် မာချီဒါက အီတလီကို ပြောင်းရွေ့ခဲ့ပြီး စီးရီးဘီကလပ်

နိုဗာရာအသင်းမှာ ( ၂ ) ရာသီအတွင်း ပွဲ ( ၅၀) ကစားခွင့်ရခဲ့ပြီး ( ၁၁ ) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Panathinaikos ကို ပြောင်းရွေ့သွားခဲ့ပါတယ်။

မာချီဒါက လက်ရှိ ဂရိစူပါလိဂ်ကလပ်မှာ ( ၄ ) ရာသီမြောက် ကစားနေပြီး

ဒီရာသီ ( ၁၁ ) ဂိုး အပါအဝင် ပြိုင်ပွဲစုံ စုစုပေါင်း ဂိုး ( ၄၀ ) သွင်းယူပေးထားပါတယ်။

မာချီဒါက တည်ငြိမ်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ဖို့ အတော်လေး

အချိန်ယူခဲ့ရပြီး အရှုံးမပေးတဲ့သူရဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးသင့်ပါတယ်။

zawgyi

ကစားသမားဘဝေနဝင္ခ်ိန္ နီးလာခ်ိန္မွာ ေအာင္ျမင္မႈေတြျပန္ရွာေတြ႕ၿပီး  ဂရိကလပ္နဲ႔ လိဂ္ပြဲ ( ၁၀၀ ) ျပည့္ေျမာက္သြားခဲ့တဲ့ သရဲနီစူပါၾကယ္ပြင့္ေဟာင္း မာခ်ီဒါ

ဆယ္ေက်ာ္သက္အ႐ြယ္တုန္းက ယူႏိုက္တက္မွာ ကစားခြင့္ရခဲ့တဲ့

အီတလီကစားသမား မာခ်ီဒါဟာ သူ႔ရဲ႕ ဘဝအတြက္ ေကာင္းမြန္တဲ့

အခြင့္အေရးေကာင္းေတြရဖို႔ ရွိခဲ့ေပမယ့္ ဖာဂူဆန္ ရဲ႕ အႀကံေပးမႈကိုနားမေထာင္ခဲ့ပဲ

အသင္းေျပာင္းေ႐ႊ႕မႈ အမွားေတြေၾကာင့္ သူ႔ရဲ႕ကစားသမားဘဝ

အေကာင္းဆုံး အသက္အ႐ြယ္မွာ ဥေရာပရဲ႕ အသင္းငယ္အမ်ားစုမွာ

ကစားခဲ့ရင္း မထင္အရွားဘဝနဲ႔ အခ်ိန္ေတြကုန္ဆုံးခဲ့ရသူပါ။

အခုအခ်ိန္မွာေတာ့ သူနဲ႔ သင့္ေတာ္မယ့္ အသင္းကို ရွာေတြ႕ခဲ့ၿပီလို႔ဆိုရမွာပါပဲ။

၂၀၁၈ စက္တင္ဘာမွာ မာခ်ီဒါဟာ ႏိုဗာရာအသင္းကေန ဂရိကလပ္

ပါနာတီနာေကာ့ခ္ဆီကို ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး

ေျခစြမ္းေတြျပသလာႏိုင္ခဲ့သလို အသင္းရဲ႕

အဓိကကစားသမားတစ္ဦးလည္းျဖစ္လာပါတယ္။

အခုအခ်ိန္မွာ သူဟာ ဂရိကလပ္ ပါနာတီနာေကာ့ခ္နဲ႔ သြင္းဂိုး

(၄၀)ျပည့္သြားခဲ့တဲ့ အျပင္ လိဂ္ပြဲ ( ၁၀၀ ) ျပည့္ေျမာက္သြားခဲ့ပါၿပီ။

( ၂၀၀၉ )ခုႏွစ္က မန္ခ်က္စတာ ယူႏိုက္တက္အသင္းအတြက္

အက္စတြန္ဗီလာဘက္ကို သြင္းယူခဲ့တဲ့ ဖက္ဒရီကို မာခ်ီဒါရဲ႕ ဂိုးဟာ

တကယ္ပဲ မေမ့ႏိုင္စရာ အခိုက္အတန႔္ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ သြင္းဂိုး ( ၂ ) ဂိုးနဲ႔အတူ မာခ်ီဒါရဲ႕ အႏိုင္ဂိုးေၾကာင့္

ယူႏိုက္တက္က ( ၃-၂ ) ရလာဒ္ ပိုင္ဆိုင္ခဲ့ၿပီး အမွတ္ေပးခ်န္ပီယံဆု

ၿပိဳင္ပြဲကို ဆက္လက္ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

အီတလီဆယ္ေက်ာ္သက္ကစားသမားဟာ ေနာက္ထပ္တစ္ပတ္အၾကာမွာ

ဆန္ဒါးလန္းအသင္းဘက္ကို သြင္းဂိုးတစ္ဂိုး ထပ္မံရယူႏိုင္ခဲ့ျပန္ပါတယ္။

ဒါက လူငယ္တိုက္စစ္မႉးတစ္ဦးအတြက္ ေက်နပ္စရာျဖစ္ပါတယ္။

မာခ်ီဒါက ယူႏိုက္တက္မွာ ပုံမွန္ကစားခြင့္ရေအာင္ စြမ္းေဆာင္ႏိုင္ျခင္း မရွိခဲ့ပဲ

အငွားေျပာင္း‌ေ႐ြ႕မႈေတြ ( ၅ ) ႀကိမ္တိုင္ျပဳလုပ္ၿပီးေနာက္ ( ၂၀၁၄ ) မွာ

အိုးထရတ္ဖို႔ဒ္ကို အၿပီးတိုင္စြန႔္ခြာသြားခဲ့ပါတယ္။

မာခ်ီဒါက လက္ရွိမွာ ေဘာလုံးကစားေနဆဲျဖစ္ၿပီး အသက္ ( ၃၀ ) အ႐ြယ္ ရွိေနပါၿပီ။

သူရဲ႕ အလားအလာနဲ႔ ကိုက္ညီတဲ့ ေအာင္ျမင္မႈမရခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့

သူ႔ကို ေပ်ာ္႐ႊင္မႈေပးႏိုင္တဲ့ ေနရပ္တစ္ခု ရွာေဖြေတြ႕ရွိသြားပုံရပါတယ္။

တိုက္စစ္မႉးက သူ ( ၃၆ ) ဂိုး သြင္းယူေပးထားတဲ့ ဂရိကလပ္ Panathinaikos နဲ႔

လိဂ္ပြဲစဥ္ ( ၁၀၀ ) ျပည့္ေျမာက္သြားခဲ့ၿပီျဖစ္ပါတယ္။

မာခ်ီဒါက Panathinaikos မွာ ေအာင္ျမင္မႈမရခင္ ဂ်ာမနီကလပ္ စတုဂတ္ ႏွင့္

ေဝးလ္ကလပ္ ကာဒစ္တို႔မွာ ႐ုန္းကန္ခဲ့ရပါတယ္။

( ၂၀၁၄ ) ခုႏွစ္မွာ အိုေလ ဂန္းနား ဆိုးရွားက ကာဒစ္ စီးတီးအတြက္

သူ႔ကို ေခၚယူခဲ့ေပမယ့္ ေအာင္ျမင္တဲ့ အေျပာင္းအေ႐ြ႕ မဟုတ္ခဲ့ပဲ

ေနာ္တင္ဟမ္ ေဖာရက္စ္ထံ ျပန္လည္အငွားခ်ျခင္း ခံခဲ့ရပါတယ္။

အဲ့ဒီမွာလည္း ( ၃ ) ပြဲသာ ကစားခြင့္ရခဲ့ၿပီး ဂိုးသြင္းယူႏိုင္ခဲ့ျခင္း မရွိပါဘူး။

ဆမ္ဒိုရီးယား ၊ က်ဴပီအာ ၊ စတုဂတ္ ၊ ဒိုကတ္စတာ ႐ိုဗာ ၊ ဘာမင္ဟမ္ ၊ ကာဒစ္ ႏွင့္

ေဖာရက္စ္အသင္းေတြမွာ ( ၆ ) ႏွစ္တာ က်င္လည္ခဲ့ၿပီး‌ေနာက္

စုစုေပါင္း ( ၁၉ ) ဂိုးသာ သြင္းယူႏိုင္ခဲ့တာေၾကာင့္

ပ်မ္းမွ် ( ၁ ) ရာသီ ( ၃ ) ဂိုးဝန္က်င္သာ ရယူႏိုင္ခဲ့တာေတြ႕ရပါတယ္။

အဲ့ဒီေနာက္ မာခ်ီဒါက အီတလီကို ေျပာင္းေ႐ြ႕ခဲ့ၿပီး စီးရီးဘီကလပ္

ႏိုဗာရာအသင္းမွာ ( ၂ ) ရာသီအတြင္း ပြဲ ( ၅၀) ကစားခြင့္ရခဲ့ၿပီး ( ၁၁ ) ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ Panathinaikos ကို ေျပာင္းေ႐ြ႕သြားခဲ့ပါတယ္။

မာခ်ီဒါက လက္ရွိ ဂရိစူပါလိဂ္ကလပ္မွာ ( ၄ ) ရာသီေျမာက္ ကစားေနၿပီး

ဒီရာသီ ( ၁၁ ) ဂိုး အပါအဝင္ ၿပိဳင္ပြဲစုံ စုစုေပါင္း ဂိုး ( ၄၀ ) သြင္းယူေပးထားပါတယ္။

မာခ်ီဒါက တည္ၿငိမ္တဲ့ ကစားသမားဘဝကို ပိုင္ဆိုင္ဖို႔ အေတာ္ေလး

အခ်ိန္ယူခဲ့ရၿပီး အရႈံးမေပးတဲ့သူရဲ႕ စိတ္ဓာတ္ကိုေတာ့ ခ်ီးက်ဴးသင့္ပါတယ္။