ကစားသမားတွေဘက်က တောင်းဆိုလို့ ဝတ်စုံအပြည့်နဲ့ တက်ရမယ့် ရာသီသိမ်းအခမ်းအနားကို ယူနိုက်တက်ဖျက်သိမ်း

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းသားတွေက

ရာသီအကုန်မှာ ပုံမှန်ကျင်းပလေ့ရှိတဲ့ ရာသီသိမ်းဆုပေးပွဲအခမ်းအနားကို
တက်ရောက်ဖို့ ဆန္ဒမရှိတာကြောင့် အသင်းဘက်က
အဆိုပါအခမ်းအနားကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။
ဒီရာသီက ယူနိုက်တက်ကတော့ အမြန်ဆုံး
မေ့ဖျောက်ရမယ့်ရာသီတစ်ခုဖြစ်နေပြီး

ရာသီကုန်ဖို့ ၁ပွဲပဲ လိုတော့ချိန်မှာ အသင်းက
အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး
အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၃၂ မှတ်တောင် ကွာဟနေပါတယ်။
ပရီးမီးယားလိဂ်မှာ ၁၁ပွဲအထိ အရေးနိမ့်ခဲ့ရတဲ့ ယူနိုက်တက်ဟာ
ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ရသလို အသင်းသမိုင်းတစ်လျှောက်

ပရီးမီးယားလိဂ်မှာ ရမှတ်အနည်းဆုံးရာသီအဖြစ်လည်း စံချိန်ဆိုးတင်ရတော့မှာဖြစ်ပါတယ်။
ရလဒ်ဆိုးတွေကြောင့် နိုဝင်ဘာလမှာ နည်းပြဆိုးလ်ရှားကို
ရာထူးကနေ ထုတ်ပယ်လိုက်ပေမယ့် ယူနိုက်တက်ရဲ့ရလဒ်ဆိုးတွေက
ရပ်တန့်မသွားဘဲ ယာယီနည်းပြ ရန်းနစ်ရဲ့လက်ထက်မှာလည်း
ဆက်လက်ရုန်းကန်နေရပြီး အသင်းပရိသတ်တွေက

ဒီရာသီကို မြန်မြန်ကုန်ပါစေတော့လို့တောင် ဆုတောင်းနေရပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီမှာ စံချိန်ဆိုးတွေ
အမျိုးမျိုးတင်နေပြီး အသင်းသမိုင်းတစ်လျှောက်
ရမှတ်အနည်းဆုံးရရှိမှု၊ အသင်းသမိုင်းတစ်လျှောက်
ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ပေးဂိုးအများဆုံး၊

ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်း
၅ပွဲဆက် အရေးနိမ့်မှု၊ ယခုရာသီပရီးမီးယားလိဂ်မှာ
ခံစစ်အကောင်းဆုံးစာရင်းမှာ အဆင့် ၁၆ နေရာ ရောက်နေပါတယ်။
ဒီလိုရလဒ်ဆိုးတွေကြောင့်ပဲ ယူနိုက်တက်အသင်းရဲ့
စီနီယာကစားသမားတွေဟာ ရာသီအကုန်မှာ ပုံမှန်

ကျင်းပလေ့ရှိတဲ့ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ဖို့
ရှက်ရွံ့နေပြီး အသင်းတာဝန်ရှိသူတွေကလည်း အဲဒါကို နားလည်လို့
အခမ်းအနားကို ဖျက်သိမ်းလိုက်တယ်လို့ The Mirror သတင်းဌာနက ရေးသားပါတယ်။
အဲဒီသတင်းဌာနကပဲ အသင်းတာဝန်ရှိသူတွေက
အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရွေးချယ်ချီးမြှင့်ဖို့

အွန်လိုင်းကနေပဲ ပရိသတ်တွေဆီကနေ မဲပေးတောင်းဆိုဖွယ်ရှိနေပါတယ်။
အဲဒီဆုပေးပွဲအခမ်းအနားကို ပုံမှန်အားဖြင့်
ရာသီပိတ် နောက်ဆုံး ၂ပွဲအလိုမှာ ကျင်းပလေ့ရှိပြီး
ကိုဗစ်ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ ၂ရာသီဆက် မကျင်းပနိုင်ခဲ့ပါဘူး။

Zawgyi

ကစားသမားေတြဘက္က ေတာင္းဆိုလို႔ ၀တ္စုံအျပည့္နဲ႔ တက္ရမယ့္ ရာသီသိမ္းအခမ္းအနားကို ယူႏုိက္တက္ဖ်က္သိမ္း
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းသားေတြက
ရာသီအကုန္မွာ ပုံမွန္က်င္းပေလ့ရွိတ့ဲ ရာသီသိမ္းဆုေပးပြဲအခမ္းအနားကို

တက္ေရာက္ဖို႔ ဆႏၵမရွိတာေၾကာင့္ အသင္းဘက္က
အဆုိပါအခမ္းအနားကို ဖ်က္သိမ္းလုိက္တယ္လို႔ သိရပါတယ္။
ဒီရာသီက ယူႏုိက္တက္ကေတာ့ အျမန္ဆုံး
ေမ့ေဖ်ာက္ရမယ့္ရာသီတစ္ခုျဖစ္ေနၿပီး
ရာသီကုန္ဖို႔ ၁ပြဲပဲ လိုေတာ့ခ်ိန္မွာ အသင္းက

အဆင့္ ၆ ေနရာမွာ ရပ္တည္ေနၿပီး
အမွတ္ေပးဇယားထိပ္ဆုံးက မန္စီးတီးနဲ႔ ၃၂ မွတ္ေတာင္ ကြာဟေနပါတယ္။
ပရီးမီးယားလိဂ္မွာ ၁၁ပြဲအထိ အေရးနိမ့္ခဲ့ရတဲ့ ယူႏိုက္တက္ဟာ
ခ်န္ပီယံလိဂ္၀င္ခြင့္ လြဲေခ်ာ္ခဲ့ရသလို အသင္းသမုိင္းတစ္ေလွ်ာက္
ပရီးမီးယားလိဂ္မွာ ရမွတ္အနည္းဆုံးရာသီအျဖစ္လည္း စံခ်ိန္ဆုိးတင္ရေတာ့မွာျဖစ္ပါတယ္။

ရလဒ္ဆုိးေတြေၾကာင့္ ႏို၀င္ဘာလမွာ နည္းျပဆုိးလ္ရွားကို
ရာထူးကေန ထုတ္ပယ္လုိက္ေပမယ့္ ယူႏုိက္တက္ရဲ႕ရလဒ္ဆုိးေတြက
ရပ္တန္႔မသြားဘဲ ယာယီနည္းျပ ရန္းနစ္ရဲ႕လက္ထက္မွာလည္း
ဆက္လက္ရုန္းကန္ေနရၿပီး အသင္းပရိသတ္ေတြက
ဒီရာသီကို ျမန္ျမန္ကုန္ပါေစေတာ့လို႔ေတာင္ ဆုေတာင္းေနရပါတယ္။

ယူႏုိက္တက္ဟာ ယခုရာသီမွာ စံခ်ိန္ဆုိးေတြ
အမ်ိဳးမ်ိဳးတင္ေနၿပီး အသင္းသမုိင္းတစ္ေလွ်ာက္
ရမွတ္အနည္းဆုံးရရွိမႈ၊ အသင္းသမုိင္းတစ္ေလွ်ာက္
ပရီးမီးယားလိဂ္တစ္ရာသီအတြင္း ေပးဂိုးအမ်ားဆုံး၊
ပရီးမီးယားလိဂ္မွာ ပထမဆုံးအႀကိမ္အျဖစ္ အေ၀းကြင္း

၅ပြဲဆက္ အေရးနိမ့္မႈ၊ ယခုရာသီပရီးမီးယားလိဂ္မွာ
ခံစစ္အေကာင္းဆုံးစာရင္းမွာ အဆင့္ ၁၆ ေနရာ ေရာက္ေနပါတယ္။
ဒီလိုရလဒ္ဆုိးေတြေၾကာင့္ပဲ ယူႏုိက္တက္အသင္းရဲ႕
စီနီယာကစားသမားေတြဟာ ရာသီအကုန္မွာ ပုံမွန္
က်င္းပေလ့ရွိတဲ့ ဆုေပးပြဲအခမ္းအနားကို တက္ေရာက္ဖို႔

ရွက္ရြံ႕ေနၿပီး အသင္းတာ၀န္ရွိသူေတြကလည္း အဲဒါကို နားလည္လုိ႔
အခမ္းအနားကို ဖ်က္သိမ္းလုိက္တယ္လုိ႔ The Mirror သတင္းဌာနက ေရးသားပါတယ္။
အဲဒီသတင္းဌာနကပဲ အသင္းတာ၀န္ရွိသူေတြက
အသင္းရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု ေရြးခ်ယ္ခ်ီးျမႇင့္ဖို႔
အြန္လုိင္းကေနပဲ ပရိသတ္ေတြဆီကေန မဲေပးေတာင္းဆုိဖြယ္ရွိေနပါတယ္။

အဲဒီဆုေပးပြဲအခမ္းအနားကို ပုံမွန္အားျဖင့္
ရာသီပိတ္ ေနာက္ဆုံး ၂ပြဲအလုိမွာ က်င္းပေလ့ရွိၿပီး
ကိုဗစ္ကပ္ေဘးေၾကာင့္ ၿပီးခဲ့တဲ့ ၂ရာသီဆက္ မက်င္းပႏုိင္ခဲ့ပါဘူး။