ကစားသမားတစ်ဦးတည်းအတွက် ပေါင်သန်း ၁၀၀ ဘယ်တော့မှမသုံးဘူးလို့ ပြောခဲ့ဖူးတဲ့ ကလော့ပ်

လီဗာပူးနည်းပြ ကလော့ပ်ဟာ ဘင်ဖီကာ

တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ယူရိုသန်း ၁၀၀နဲ့
ခေါ်ယူနိုင်တော့မှာဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်က
သူ့ရဲ့မှတ်ချက်အရ သူ့အနေနဲ့ ကစားသမားတစ်ဦးအတွက်
ဘယ်တော့မှ ပေါင်သန်း ၁၀၀ သုံးစွဲမှာမဟုတ်ပါဘူး။
၂၀၁၅ မှာ အသင်းကို စရောက်ကတည်းက

ကလော့ပ်ရဲ့အရေးပါမှုက အထူးထင်ရှားပေါ်လွင်ခဲ့ပြီး
လီဗာပူးက ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်း
ဖြစ်လာသလို ယခုရာသီမှာ ဖလား ၄လုံးမျှော်လင့်ချက်
ရှိတဲ့အထိ အခြေအနေကောင်းခဲ့တဲ့အနက် ဖလား ၂လုံး ရယူနိုင်ခဲ့ပါတယ်။
ကလော့ပ်ဟာ သူ့နည်းစနစ်မှာ အံဝင်နိုင်မယ့်

ကစားသမားသစ်တွေလည်း အကောင်းဆုံးခေါ်ယူနိုင်ခဲ့ပြီး
တစ်ခါတလေ ပြိုင်ဘက်အသင်းတွေထက်တောင်
အသုံးစရိတ် ပိုနည်းပါးခဲ့ပါတယ်။
ဒါပေမဲ့ လီဗာပူးဟာ ရက်ပိုင်းအတွင်း
ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ နူနက်ဇ်ကို

ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ လီဗာပူးဟာ
နူနက်ဇ်အတွက် ကနဦး ယူရိုသန်း ၈၀
ပေးချေရမှာဖြစ်ပြီး အပိုဆုကြေး ယူရိုသန်း ၂၀
ပေးရမှာဖြစ်ရာ အသင်းရဲ့လက်ရှိအပြောင်းအရွှေ့စံချိန်ရှင်

နောက်ခံလူ ဗန်ဒိုက်ထက် ပေါင် ၁၀သန်းဝန်းကျင်
ပိုများသွားမှာဖြစ်ပါတယ်။
ကလော့ပ်အတွက်တော့ မြင့်မားတဲ့ကုန်ကျစရိတ်ဖြစ်ပြီး
အထူးသဖြင့် ၂၀၁၆ ခုနှစ်က ပေါ့ဂ်ဘာကို
ယူနိုက်တက်အသင်း ယူရို ၁၀၅သန်းနဲ့ မခေါ်ခင်

ကလော့ပ်က သူ့အနေနဲ့ ကစားသမားတစ်ဦးအတွက်
ပေါင်သန်း ၁၀၀ သုံးစွဲမှုအပေါ် ဆန့်ကျင်တယ်လို့
လူသိရှင်ကြား ပြောခဲ့ဖူးပါတယ်။
”ကစားသမားတစ်ယောက်ကို ပေါင်သန်း ၁၀၀နဲ့
ခေါ်ပြီး ဒဏ်ရာသာရသွားမယ်ဆိုရင်

အားလုံးက မီးခိုးခေါင်းတိုင်ထဲ ရောက်သွားပါလိမ့်မယ်။
အဲဒီလိုနေ့မျိုး ဘောလုံးလောကမှာ
ရှိလာတဲ့အချိန် ကျွန်တော်လည်း
ဒီအလုပ်မှာ ရှိတော့မှာမဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးပွဲဆိုတာ

စုပေါင်းကစားရတဲ့ကစားနည်းမို့လို့ပါ။
ဒါက ဘောလုံးအားကစားကို
အကုန်လုံး လက်ခံနားလည်ထားတဲ့အရာဖြစ်ပြီး
အကောင်းဆုံးအရာဖြစ်ချင်တာ မှန်ပေမယ့်
အောင်မြင်မှုရရေးအတွက် အစုအဖွဲ့

တည်ဆောက်ဖို့လည်း လိုအပ်ပါတယ်။
တခြားကလပ်တွေက ပိုက်ဆံတွေ
အများကြီးပိုသုံးပြီး ထိပ်တန်းကစားသမားတွေကို
ခေါ်ယူစုဆောင်းနိုင်ပါတယ်။
ကျွန်တော်ကတော့ အဲဒီလိုမျိုးမလုပ်ချင်ပါဘူး။

တကယ်လို့ အဲဒီပိုက်ဆံတွေသုံးရရင်
ကျွန်တော် မတူညီတာမျိုးတောင် လုပ်ဖြစ်နိုင်ပါတယ်”လို့
ကလော့ပ်က ၂၀၁၆ မှာ ပြောခဲ့ဖူးပါတယ်။
ပေါ့ဂ်ဘာရဲ့ပြောင်းရွှေ့ကြေးက နူနက်ဇ်ထက် ပိုများပြီး
အသက် ၂၂နှစ်အရွယ်ရှိ နူနက်ဇ်အနေနဲ့

ဂရီးလစ်ချ်၊ လူကာကူနဲ့ ပေ့ါဂ်ဘာတို့ပြီးနောက်
ပရီးမီးယားလိဂ်ရဲ့ပြောင်းရွှေ့ကြေးအများဆုံး
ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။
လီဗာပူးဟာ မန်စီးတီး၊ ယူနိုက်တက်၊ ချဲလ်ဆီးတို့နဲ့ယှဉ်ရင်
ပြောင်းရွှေ့ကြေး အသားတင်သုံးစွဲမှု

ပိုနည်းတာမှန်ပေမယ့် ကလော့ပ်အနေနဲ့
သမိုင်းတစ်လျှောက် ဒုတိယပြောင်းရွှေ့ကြေး
အများဆုံးနောက်ခံလူ ဗန်ဒိုက်ရှိထားပြီးဖြစ်သလို
ဗန်ဒိုက်ကို ခေါ်တုန်းက ဈေးအများဆုံး
နောက်ခံလူဖြစ်ခဲ့တာပါ။

ဒီလိုပဲ ဂိုးသမား အယ်လီဆန်ကို
ရိုးမားကနေ ခေါ်ယူတုန်းကလည်း
သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအများဆုံး
ဂိုးသမားဖြစ်ခဲ့ပြီး နောက်ပိုင်းကျမှ
ချဲလ်ဆီးက ကီပါကို ခေါ်ယူလိုက်ချိန်မှာ

အယ်လီဆန်ရဲ့မှတ်တမ်း ကျိုးပျက်သွားတာပါ။

Zawgyi

ကစားသမားတစ္ဦးတည္းအတြက္ ေပါင္သန္း ၁၀၀ ဘယ္ေတာ့မွမသုံးဘူးလုိ႔ ေျပာခဲ့ဖူးတဲ့ ကေလာ့ပ္

လီဗာပူးနည္းျပ ကေလာ့ပ္ဟာ ဘင္ဖီကာ
တုိက္စစ္မွဴး ဒါ၀င္ႏူနက္ဇ္ကို ယူရိုသန္း ၁၀၀နဲ႔
ေခၚယူႏုိင္ေတာ့မွာျဖစ္ေပမယ့္ လြန္ခဲ့တဲ့ ၆ ႏွစ္က
သူ႕ရဲ႕မွတ္ခ်က္အရ သူ႕အေနနဲ႔ ကစားသမားတစ္ဦးအတြက္
ဘယ္ေတာ့မွ ေပါင္သန္း ၁၀၀ သုံးစြဲမွာမဟုတ္ပါဘူး။

၂၀၁၅ မွာ အသင္းကို စေရာက္ကတည္းက
ကေလာ့ပ္ရဲ႕အေရးပါမႈက အထူးထင္ရွားေပၚလြင္ခဲ့ၿပီး
လီဗာပူးက ကမၻာ့အေကာင္းဆုံးအသင္းတစ္သင္း
ျဖစ္လာသလုိ ယခုရာသီမွာ ဖလား ၄လုံးေမွ်ာ္လင့္ခ်က္
ရွိတဲ့အထိ အေျခအေနေကာင္းခဲ့တဲ့အနက္ ဖလား ၂လုံး ရယူႏိုင္ခဲ့ပါတယ္။

ကေလာ့ပ္ဟာ သူ႕နည္းစနစ္မွာ အံ၀င္ႏိုင္မယ့္
ကစားသမားသစ္ေတြလည္း အေကာင္းဆုံးေခၚယူႏုိင္ခဲ့ၿပီး
တစ္ခါတေလ ၿပိဳင္ဘက္အသင္းေတြထက္ေတာင္
အသုံးစရိတ္ ပိုနည္းပါးခဲ့ပါတယ္။
ဒါေပမဲ့ လီဗာပူးဟာ ရက္ပိုင္းအတြင္း

ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ႏူနက္ဇ္ကို
ေခၚယူႏုိင္ေတာ့မွာျဖစ္ပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ လီဗာပူးဟာ
ႏူနက္ဇ္အတြက္ ကနဦး ယူရိုသန္း ၈၀
ေပးေခ်ရမွာျဖစ္ၿပီး အပိုဆုေၾကး ယူရိုသန္း ၂၀

ေပးရမွာျဖစ္ရာ အသင္းရဲ႕လက္ရွိအေျပာင္းအေရႊ႕စံခ်ိန္ရွင္
ေနာက္ခံလူ ဗန္ဒိုက္ထက္ ေပါင္ ၁၀သန္း၀န္းက်င္
ပိုမ်ားသြားမွာျဖစ္ပါတယ္။
ကေလာ့ပ္အတြက္ေတာ့ ျမင့္မားတဲ့ကုန္က်စရိတ္ျဖစ္ၿပီး
အထူးသျဖင့္ ၂၀၁၆ ခုႏွစ္က ေပါ့ဂ္ဘာကို

ယူႏုိက္တက္အသင္း ယူရို ၁၀၅သန္းနဲ႔ မေခၚခင္
ကေလာ့ပ္က သူ႕အေနနဲ႔ ကစားသမားတစ္ဦးအတြက္
ေပါင္သန္း ၁၀၀ သုံးစဲြမႈအေပၚ ဆန္႔က်င္တယ္လုိ႔
လူသိရွင္ၾကား ေျပာခဲ့ဖူးပါတယ္။
”ကစားသမားတစ္ေယာက္ကို ေပါင္သန္း ၁၀၀နဲ႔

ေခၚၿပီး ဒဏ္ရာသာရသြားမယ္ဆုိရင္
အားလုံးက မီးခိုးေခါင္းတိုင္ထဲ ေရာက္သြားပါလိမ့္မယ္။
အဲဒီလုိေန႔မ်ိဳး ေဘာလုံးေလာကမွာ
ရွိလာတဲ့အခ်ိန္ ကၽြန္ေတာ္လည္း
ဒီအလုပ္မွာ ရွိေတာ့မွာမဟုတ္ပါဘူး။

ဘာျဖစ္လုိ႔လဲဆုိေတာ့ ေဘာလုံးပြဲဆိုတာ
စုေပါင္းကစားရတဲ့ကစားနည္းမို႔လို႔ပါ။
ဒါက ေဘာလုံးအားကစားကို
အကုန္လုံး လက္ခံနားလည္ထားတဲ့အရာျဖစ္ၿပီး
အေကာင္းဆုံးအရာျဖစ္ခ်င္တာ မွန္ေပမယ့္

ေအာင္ျမင္မႈရေရးအတြက္ အစုအဖြဲ႕
တည္ေဆာက္ဖို႔လည္း လုိအပ္ပါတယ္။
တျခားကလပ္ေတြက ပိုက္ဆံေတြ
အမ်ားႀကီးပိုသုံးၿပီး ထိပ္တန္းကစားသမားေတြကို
ေခၚယူစုေဆာင္းႏိုင္ပါတယ္။

ကၽြန္ေတာ္ကေတာ့ အဲဒီလုိမ်ိဳးမလုပ္ခ်င္ပါဘူး။
တကယ္လုိ႔ အဲဒီပိုက္ဆံေတြသုံးရရင္
ကၽြန္ေတာ္ မတူညီတာမ်ိဳးေတာင္ လုပ္ျဖစ္ႏိုင္ပါတယ္”လုိ႔
ကေလာ့ပ္က ၂၀၁၆ မွာ ေျပာခဲ့ဖူးပါတယ္။
ေပါ့ဂ္ဘာရဲ႕ေျပာင္းေရႊ႕ေၾကးက ႏူနက္ဇ္ထက္ ပိုမ်ားၿပီး

အသက္ ၂၂ႏွစ္အရြယ္ရွိ ႏူနက္ဇ္အေနနဲ႔
ဂရီးလစ္ခ်္၊ လူကာကူနဲ႔ ေပ့ါဂ္ဘာတုိ႔ၿပီးေနာက္
ပရီးမီးယားလိဂ္ရဲ႕ေျပာင္းေရႊ႕ေၾကးအမ်ားဆုံး
ကစားသမားျဖစ္လာမွာျဖစ္ပါတယ္။
လီဗာပူးဟာ မန္စီးတီး၊ ယူႏိုက္တက္၊ ခ်ဲလ္ဆီးတို႔နဲ႔ယွဥ္ရင္

ေျပာင္းေရႊ႕ေၾကး အသားတင္သုံးစြဲမႈ
ပိုနည္းတာမွန္ေပမယ့္ ကေလာ့ပ္အေနနဲ႔
သမုိင္းတစ္ေလွ်ာက္ ဒုတိယေျပာင္းေရႊ႕ေၾကး
အမ်ားဆုံးေနာက္ခံလူ ဗန္ဒိုက္ရွိထားၿပီးျဖစ္သလုိ
ဗန္ဒိုက္ကို ေခၚတုန္းက ေစ်းအမ်ားဆုံး

ေနာက္ခံလူျဖစ္ခဲ့တာပါ။
ဒီလုိပဲ ဂိုးသမား အယ္လီဆန္ကို
ရိုးမားကေန ေခၚယူတုန္းကလည္း
သမုိင္းတစ္ေလွ်ာက္ ေျပာင္းေရႊ႕ေၾကးအမ်ားဆုံး
ဂိုးသမားျဖစ္ခဲ့ၿပီး ေနာက္ပို္င္းက်မွ

ခ်ဲလ္ဆီးက ကီပါကို ေခၚယူလုိက္ခ်ိန္မွာ
အယ္လီဆန္ရဲ႕မွတ္တမ္း က်ိဳးပ်က္သြားတာပါ။