
ဘရူနိုဂွီမာရေ့စ်အတွက် နယူးကာဆယ်အသင်းက ပေါင်သန်း ၃၀ နဲ့ ကမ်လှမ်းမှု
လုပ်ခဲ့ပါတယ်။ အဲ ဒီကစားသမားဟာ အာဆင်နယ်က စောင့်ကြည့်နေတဲ့
ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ခေါ်ယူဖို့အတွက် ပြင်ဆင်နေချိန်မှာပဲ
တန်းဆင်းဇုန်တိုက်ပွဲနွှဲရတော့မယ့် နယူးကာဆယ်က လက်ဦးမှုရယူခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ကွင်းလယ်လူဟာ ဘရာဇီးကလပ်အက်သလက်တီကိုကနေ
လိုင်ယွန်ကို ပြီးခဲ့တဲ့ ၂ နှစ်က ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းပြသမှုတွေကြောင့်
အာဆင်နယ်က စိတ်ဝင်စားခဲ့ပေမယ့် နောက်ဆုံးမှာ နယူးကာဆယ်က လိုင်ယွန်
ငြင်းဆန်မရနိုင်တဲ့ ငွေကြေးပမာဏကို ပေးချေကာ ခေါ်ယူခဲ့ပြီး ဒီသတင်းက
အာဆင်နယ်ပရိသတ်တွေကို အမျက်ဒေါသထွက်စေခဲ့ပါတယ်။
“ငါတို့အသင်းက ဈေးကွက်ထဲမှာ အရှက်သိက္ခာကိုမရှိတော့ပါဘူး”
” ကစားသမားတိုင်းကို ငါတို့အသင်းက စိတ်ဝင်စားခဲ့ပြီး ဘရူနို၊ လိုကာတယ်လီ၊
အိုင်ဆက်တို့ တစ်ယောက်မှရောက်မလာခဲ့ဘူး၊ အသင်းနာမည်ကို Interested FC လို့တောင်
နာမည်ပြောင်းသင့်နေပြီ” “စနစ်တကျနဲ့လည်ပတ်မှုကောင်းတဲ့ အသင်းတစ်သင်းက
ဇန်နဝါရီမှာဆိုရင် ဘာလုပ်ရမလဲဆိုတာကို ဒီဇင်ဘာလကတည်းက တွက်ဆနေပြီ၊
ဒါကြောင့်လည်း ဇန်နဝါရီစတာနဲ့ ကောင်းမွန်တဲ့ခေါ်ယူမှုတွေ သူတို့လုပ်ပြီးနေပြီ၊
နောက်တစ်ပွဲကန်ဖို့အတွက် ၁၈ ရက်အချိန်ရတယ်၊ အဲဒါက ကစားသမားသစ်တချို့ကို
မိတ်ဆက်ပေးနိုင်ဖို့ လုံလောက်တဲ့အချိန်ပါ၊ ဒါပေမယ့် ကျွန်တော်တို့တော့ စိတ်ညစ်နေပြီ”ဆိုပြီး
အာကြီး ပရိသတ်တွေက တွစ်တာပေါ်မှာ ရေးသားပြောဆိုနေကြတာဖြစ်ပါတယ်။
Zawgyi
ကစားသမားေခၚယူရာမွာ နယူးကာဆယ္ကိုေတာင္ မေက်ာ္နိုင္လို့ တင္းေနတဲ့ အာႀကီးဖန္မ်ား
ဘ႐ူႏိုဂြီမာေရ႕စ္အတြက္ နယူးကာဆယ္အသင္းက ေပါင္သန္း ၃၀ နဲ႔ ကမ္လွမ္းမႈ
လုပ္ခဲ့ပါတယ္။ အဲ ဒီကစားသမားဟာ အာဆင္နယ္က ေစာင့္ၾကည့္ေနတဲ့
ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ေခၚယူဖို႔အတြက္ ျပင္ဆင္ေနခ်ိန္မွာပဲ
တန္းဆင္းဇုန္တိုက္ပြဲႏႊဲရေတာ့မယ့္ နယူးကာဆယ္က လက္ဦးမႈရယူခဲ့တာျဖစ္ပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ကြင္းလယ္လူဟာ ဘရာဇီးကလပ္အက္သလက္တီကိုကေန
လိုင္ယြန္ကို ၿပီးခဲ့တဲ့ ၂ ႏွစ္က ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။ သူ႔ရဲ႕ ေျခစြမ္းျပသမႈေတြေၾကာင့္
အာဆင္နယ္က စိတ္ဝင္စားခဲ့ေပမယ့္ ေနာက္ဆုံးမွာ နယူးကာဆယ္က လိုင္ယြန္
ျငင္းဆန္မရႏိုင္တဲ့ ေငြေၾကးပမာဏကို ေပးေခ်ကာ ေခၚယူခဲ့ၿပီး ဒီသတင္းက
အာဆင္နယ္ပရိသတ္ေတြကို အမ်က္ေဒါသထြက္ေစခဲ့ပါတယ္။
“ငါတို႔အသင္းက ေဈးကြက္ထဲမွာ အရွက္သိကၡာကိုမရွိေတာ့ပါဘူး”
” ကစားသမားတိုင္းကို ငါတို႔အသင္းက စိတ္ဝင္စားခဲ့ၿပီး ဘ႐ူႏို၊ လိုကာတယ္လီ၊
အိုင္ဆက္တို႔ တစ္ေယာက္မွေရာက္မလာခဲ့ဘူး၊ အသင္းနာမည္ကို Interested FC လို႔ေတာင္
နာမည္ေျပာင္းသင့္ေနၿပီ” “စနစ္တက်နဲ႔လည္ပတ္မႈေကာင္းတဲ့ အသင္းတစ္သင္းက
ဇန္နဝါရီမွာဆိုရင္ ဘာလုပ္ရမလဲဆိုတာကို ဒီဇင္ဘာလကတည္းက တြက္ဆေနၿပီ၊
ဒါေၾကာင့္လည္း ဇန္နဝါရီစတာနဲ႔ ေကာင္းမြန္တဲ့ေခၚယူမႈေတြ သူတို႔လုပ္ၿပီးေနၿပီ၊
ေနာက္တစ္ပြဲကန္ဖို႔အတြက္ ၁၈ ရက္အခ်ိန္ရတယ္၊ အဲဒါက ကစားသမားသစ္တခ်ိဳ႕ကို
မိတ္ဆက္ေပးႏိုင္ဖို႔ လုံေလာက္တဲ့အခ်ိန္ပါ၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ေတာ့ စိတ္ညစ္ေနၿပီ”ဆိုၿပီး
အာႀကီး ပရိသတ္ေတြက တြစ္တာေပၚမွာ ေရးသားေျပာဆိုေနၾကတာျဖစ္ပါတယ္။