
အက်စ်တွန်ဗီလာအသင်းဟာ ဘာစီလိုနာတောင်ပံကစားသမား ကော်တင်ဟိုကို
ရာသီကုန်ချိန်အထိအငှားစာချုပ်နဲ့ခေါ်ယူလိုက်ပြီဖြစ်ကြောင်း
အတည်ပြုလိုက်ပါတယ်။
ဘရာဇီးသားဖြစ်တဲ့ ကော်တင်ဟို ဟာ ၂၀၁၈ ကလီဗာပူးကနေ
ဘာစီလိုနာအသင်းဆီ ပေါင် ၁၄၅ သန်းနဲ့ရောက်ရှိသွားခဲ့သူဖြစ်ပေမယ့်
ခြေစွမ်းမပြနိုင်လို့ ဘိုင်ယန်မြူးနစ်မှာ ၂ ရာသီအငှားကစားခဲ့ရတဲ့အပြင်
ဘာစီလိုနာကိုပြန်ရောက်တော့လည်း ပုံမှန်နေရာမရဘဲရုန်းကန်ခဲ့ရတာပါ။
ဒီရာသီမှာလည်း ကော်တင်ဟို ဟာဘာကာအတွက် ၁၆ ပွဲကစားပြီး
၂ ဂိုးသာသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာဟာ
သူ့ကိုပေါင် ၁၆ သန်းနဲ့တင်ရောင်းဖို့ကြိုးစားခဲ့ပေမယ့် မဖြစ်ခဲ့ဘဲ
ဗီလာဆီ အငှားရောက်ရှိသွားတာပါ။
ဒီလိုရောက်သွားတဲ့အတွက်လည်း ကော်တင်ဟို ဟာ
သူ့ရဲ့လီဗာပူး ကစားဖော်ဟောင်းဖြစ်တဲ့ဂျရတ်နဲ့ပြန်ဆုံတွေ့ရတော့မှာဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိတဲ့ ကော်တင်ဟို ကိုအာဆင်နယ်၊ စပါး၊ အဲဗာတန်နဲ့
နယူးကာဆယ်တို့ကပါခေါ်ယူလိုခဲ့ပေမယ့် ဂျရတ်နည်းပြနေတဲ့
ဗီလာကိုဘဲသူရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒီလိုရွေးချယ်ရာမှာလည်း ဂျရတ်ကအဓိကကျသူဖြစ်ခဲ့ပြီး
သူတို့နှစ်ဦးဆွေးနွေးပြီးနောက် ဗီလာက သူ့အတွက်သင့်လျော်တဲ့နေရာဖြစ်တယ်လို့
ဒီဘရာဇီးသားက ယုံကြည်ခဲ့တာလို့ဆိုပါတယ်။
ဂျရတ်ဟာ လီဗာပူးမှာရှိနေကတည်းက ကော်တင်ဟို ကို
အကြိုက်တွေ့ခဲ့တာြဖစ်ပြီး သိပ်ကိုအံ့အားသင့်စရာကောင်းတဲ့
ကစားသမားလို့ တင်စားခဲ့ဘူးပါတယ်။
ဗီလာက ကော်တင်ဟိုကိုခေါ်ယူတော့မယ်ဆိုတာ
ဒီကနေ့မှာအတည်ပြုခဲ့ပြီး ဆေးစစ်ဖို့နဲ့အလုပ်ပါမစ် ကိစ္စတွေပြီးရင်
တရားဝင်ကစားသမားဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။
ဗီလာဟာလက်ရှိပရီးမီးယားလိဂ်မှာအဆင့် ၁၃ မှာသာရပ်တည်နေပေမယ့်
ဂျရတ်ကိုခန့်အပ်ပြီးနောက် လမ်းကြောင်းမှန်ပေါ်
ပြန်ရောက်လာတဲ့အသင်းဖြစ်ပါတယ်။
ကော်တင်ဟိုကိုအငှားချနိုင်ခဲ့တဲ့အတွက် ဘာစီလိုနာလည်းအဆင်ပြေသွားပြီး
ဖာရန်တောရက်စ်ကို မှတ်ပုံတင်နိုင်တော့မှာပါ။
ကော်တင်ဟို ကို ၂၀၁၃ ကအင်တာမီလန်ကနေ အဲဒီတုန်းက
လီဗာပူးနည်းပြ ဘရန်ဒန်ရော်ဂျာက ခေါ်ယူခဲ့တာဖြစ်ပါတယ်။
zawgyi
ကစားေဖာ္ေဟာင္း ဂ်ရတ္ဆီ ေကာ္တင္ဟို အငွားနဲ႔ေရာက္ရွိ
အက္စ္တြန္ဗီလာအသင္းဟာ ဘာစီလိုနာေတာင္ပံကစားသမား ေကာ္တင္ဟိုကို
ရာသီကုန္ခ်ိန္အထိအငွားစာခ်ဳပ္နဲ႔ေခၚယူလိုက္ၿပီျဖစ္ေၾကာင္း
အတည္ျပဳလိုက္ပါတယ္။
ဘရာဇီးသားျဖစ္တဲ့ ေကာ္တင္ဟို ဟာ ၂၀၁၈ ကလီဗာပူးကေန
ဘာစီလိုနာအသင္းဆီ ေပါင္ ၁၄၅ သန္းနဲ႔ေရာက္ရွိသြားခဲ့သူျဖစ္ေပမယ့္
ေျခစြမ္းမျပႏိုင္လို႔ ဘိုင္ယန္ျမဴးနစ္မွာ ၂ ရာသီအငွားကစားခဲ့ရတဲ့အျပင္
ဘာစီလိုနာကိုျပန္ေရာက္ေတာ့လည္း ပုံမွန္ေနရာမရဘဲ႐ုန္းကန္ခဲ့ရတာပါ။
ဒီရာသီမွာလည္း ေကာ္တင္ဟို ဟာဘာကာအတြက္ ၁၆ ပြဲကစားၿပီး
၂ ဂိုးသာသြင္းႏိုင္ခဲ့သူျဖစ္ပါတယ္။ ဘာစီလိုနာဟာ
သူ႔ကိုေပါင္ ၁၆ သန္းနဲ႔တင္ေရာင္းဖို႔ႀကိဳးစားခဲ့ေပမယ့္ မျဖစ္ခဲ့ဘဲ
ဗီလာဆီ အငွားေရာက္ရွိသြားတာပါ။
ဒီလိုေရာက္သြားတဲ့အတြက္လည္း ေကာ္တင္ဟို ဟာ
သူ႔ရဲ႕လီဗာပူး ကစားေဖာ္ေဟာင္းျဖစ္တဲ့ဂ်ရတ္နဲ႔ျပန္ဆုံေတြ႕ရေတာ့မွာျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္ရွိတဲ့ ေကာ္တင္ဟို ကိုအာဆင္နယ္၊ စပါး၊ အဲဗာတန္နဲ႔
နယူးကာဆယ္တို႔ကပါေခၚယူလိုခဲ့ေပမယ့္ ဂ်ရတ္နည္းျပေနတဲ့
ဗီလာကိုဘဲသူေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
ဒီလိုေ႐ြးခ်ယ္ရာမွာလည္း ဂ်ရတ္ကအဓိကက်သူျဖစ္ခဲ့ၿပီး
သူတို႔ႏွစ္ဦးေဆြးေႏြးၿပီးေနာက္ ဗီလာက သူ႔အတြက္သင့္ေလ်ာ္တဲ့ေနရာျဖစ္တယ္လို႔
ဒီဘရာဇီးသားက ယုံၾကည္ခဲ့တာလို႔ဆိုပါတယ္။
ဂ်ရတ္ဟာ လီဗာပူးမွာရွိေနကတည္းက ေကာ္တင္ဟို ကို
အႀကိဳက္ေတြ႕ခဲ့တာျဖစ္ၿပီး သိပ္ကိုအံ့အားသင့္စရာေကာင္းတဲ့
ကစားသမားလို႔ တင္စားခဲ့ဘူးပါတယ္။
ဗီလာက ေကာ္တင္ဟိုကိုေခၚယူေတာ့မယ္ဆိုတာ
ဒီကေန႔မွာအတည္ျပဳခဲ့ၿပီး ေဆးစစ္ဖို႔နဲ႔အလုပ္ပါမစ္ ကိစၥေတြၿပီးရင္
တရားဝင္ကစားသမားျဖစ္လာမယ္လို႔ ဆိုခဲ့ပါတယ္။
ဗီလာဟာလက္ရွိပရီးမီးယားလိဂ္မွာအဆင့္ ၁၃ မွာသာရပ္တည္ေနေပမယ့္
ဂ်ရတ္ကိုခန႔္အပ္ၿပီးေနာက္ လမ္းေၾကာင္းမွန္ေပၚ
ျပန္ေရာက္လာတဲ့အသင္းျဖစ္ပါတယ္။
ေကာ္တင္ဟိုကိုအငွားခ်ႏိုင္ခဲ့တဲ့အတြက္ ဘာစီလိုနာလည္းအဆင္ေျပသြားၿပီး
ဖာရန္ေတာရက္စ္ကို မွတ္ပုံတင္ႏိုင္ေတာ့မွာပါ။
ေကာ္တင္ဟို ကို ၂၀၁၃ ကအင္တာမီလန္ကေန အဲဒီတုန္းက
လီဗာပူးနည္းျပ ဘရန္ဒန္ေရာ္ဂ်ာက ေခၚယူခဲ့တာျဖစ္ပါတယ္။