
အက်သလက်တီကိုအသင်းတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ
သူ့အတွက်လက်ရှိဇန်နဝါရီဈေးကွက်ထဲမှာ ကမ်းလှမ်းလာမှု
အချို့ကိုပယ်ချပြီး ကစားဖော်ဟောင်းဖြစ်တဲ့
ဂျရတ်နဲ့ပြန်ဆုံဆည်းဖို့မျှော်လင့်နေတယ်လို့ သိရပါတယ်။
အက်စ်တွန်ဗီလာနည်းပြဖြစ်နေတဲ့ စတီဗင်ဂျရတ်ဟာ
မကြာသေးခင်ကသူနဲ့ လီဗာပူးအသင်းကစားဖော်ဟောင်းဖြစ်ခဲ့တဲ့
ကော်တင်ဟိုကိုခေါ်ယူပြီးနောက် ဆွာရက်ဇ်ကိုပါ
ထပ်မံခေါ်ယူအားဖြည့်ဖို့ ကြံစည်နေတာပါ။
ဥရုဂွေးလက်ရွေးစင်ဖြစ်တဲ့ ဆွာရက်ဇ်ဟာ လီဗာပူးမှာ
ဂျရတ်နဲ့ ၃ နှစ်ခွဲကြာတွဲကစားခဲ့သူဖြစ်ပါတယ်။
ဘာစီလိုနာကနေ ရာသီကုန်ချိန်အထိစာချုပ်နဲ့အငှားခေါ်ထားတဲ့
ကော်တင်ဟိုဟာ ဗီလာအတွက်ပထမဆုံးပွဲမှာတင်ခြေစွမ်းပြခဲ့ပြီး
မန်ယူနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ အဖိုးတန်ချေပဂိုးကိုသွင်းယူခဲ့ကာ
သူ့ကိုခေါ်ယူမှုအလကားမဖြစ်ကြောင်း ပြသသွားခဲ့သူဖြစ်ပါတယ်။
ကော်တင်ဟို ဟာလည်းဆွာရက်ဇ်နဲ့ လီဗာပူးမှာတွဲကစားခဲ့သေးသူဖြစ်ပြီး
သူတို့တွေတိုက်စစ်ပိုင်းမှာအတွဲညီခဲ့ကြတာဖြစ်လို့
ဒီဥရုဂွေးသား ဗီလာကိုရောက်လာဖို့ မျှော်လင့်နေပါတယ်။
စပိန်သတင်းထောက်တစ်ဦးဖြစ်တဲ့ ဂျရတ်ရိုမီယို ကဆွာရက်ဇ်ဟာ
ဘရာဇီးကလပ်တွေဖြစ်တဲ့ ပါးမီးရက်စ်၊ ကော်ရင်သီယန်နဲ့
အက်သလက်တီကိုမင်နဲရိုး အသင်းတို့ရဲ့ကမ်းလှမ်းမှုကို
ငြင်းပယ်ခဲ့တဲ့အပြင် ဆော်ဒီကလပ်တစ်ခုရဲ့ကမ်းလှမ်းမှုကိုပါ ပယ်ချခဲ့ပြီး
ဗီလာကိုပြောင်းဖို့ဘဲ စောင့်ဆိုင်းနေတယ်လို့ သတင်းရေးသားဖော်ပြခဲ့ပါသေးတယ်။
ဒါကြောင့်ဆွာရက်ဇ် ဗီလာရောက်ဖို့အများကြီးဖြစ်နိုင်ခြေရှိနေပါတယ်။
ဆွာရက်ဇ်ရဲ့ အက်သလက်တီကိုနဲ့လက်ရှိစာချုပ်ဟာ
လာမယ့်နွေရာသီမှာသက်တမ်းကုန်မှာဖြစ်လို့
လက်ရှိအချိန်ခေါ်ယူလိုတယ်ဆိုရင်တော့
တန်ကြေးတစ်ရပ်ပေးရမှာဖြစ်ပါတယ်။
ဂျရတ် ဟာ ၂၀၁၅ တုန်းက ဆွာရက်ဇ်နဲ့ပတ်သက်လို့
ဂုဏ်ပြုစကားဆိုခဲ့ဘူးပြီး သူနဲ့တွဲကစားတဲ့သူတွေထဲမှာ
အကောင်းဆုံးကစားသမားလို့ ဆိုခဲ့ပါတယ်။
သူက” ဆွာရက်ဇ်နဲ့ ရင်ဆိုင်ဖို့ဘယ်သူကမှ စိတ်လိုလက်ရရှိမှာမဟုတ်ပါဘူး။
သူဟာအံ့အားသင့်စရာကောင်းတဲ့ အရည်အသွေးရှိပြီး
အန္တရာယ်အပေးနိုင်ဆုံးသောသူဖြစ်ပါတယ်။
ကျွန်တော့်အတွက်လည်း တကယ်လက်လန်ရတဲ့ကစားဖော်ပါဘဲ။
တွဲကစားခဲ့တဲ့သူတွေထဲမှာ အကောင်းဆုံးသောသူလည်းဖြစ်နိုင်ပါတယ်” လို့ပြောခဲ့တာပါ။
zawgyi
ကစားေဖာ္ေဟာင္းဂ်ရတ္နဲ႔ ျပန္ဆုံဆည္းဖို႔ေမွ်ာ္လင့္ေနတဲ့ ဆြာရက္ဇ္
အက္သလက္တီကိုအသင္းတိုက္စစ္မႉး လူးဝစ္ဆြာရက္ဇ္ဟာ
သူ႔အတြက္လက္ရွိဇန္နဝါရီေဈးကြက္ထဲမွာ ကမ္းလွမ္းလာမႈ
အခ်ိဳ႕ကိုပယ္ခ်ၿပီး ကစားေဖာ္ေဟာင္းျဖစ္တဲ့
ဂ်ရတ္နဲ႔ျပန္ဆုံဆည္းဖို႔ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။
အက္စ္တြန္ဗီလာနည္းျပျဖစ္ေနတဲ့ စတီဗင္ဂ်ရတ္ဟာ
မၾကာေသးခင္ကသူနဲ႔ လီဗာပူးအသင္းကစားေဖာ္ေဟာင္းျဖစ္ခဲ့တဲ့
ေကာ္တင္ဟိုကိုေခၚယူၿပီးေနာက္ ဆြာရက္ဇ္ကိုပါ
ထပ္မံေခၚယူအားျဖည့္ဖို႔ ႀကံစည္ေနတာပါ။
ဥ႐ုေဂြးလက္ေ႐ြးစင္ျဖစ္တဲ့ ဆြာရက္ဇ္ဟာ လီဗာပူးမွာ
ဂ်ရတ္နဲ႔ ၃ ႏွစ္ခြဲၾကာတြဲကစားခဲ့သူျဖစ္ပါတယ္။
ဘာစီလိုနာကေန ရာသီကုန္ခ်ိန္အထိစာခ်ဳပ္နဲ႔အငွားေခၚထားတဲ့
ေကာ္တင္ဟိုဟာ ဗီလာအတြက္ပထမဆုံးပြဲမွာတင္ေျခစြမ္းျပခဲ့ၿပီး
မန္ယူနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲမွာ အဖိုးတန္ေခ်ပဂိုးကိုသြင္းယူခဲ့ကာ
သူ႔ကိုေခၚယူမႈအလကားမျဖစ္ေၾကာင္း ျပသသြားခဲ့သူျဖစ္ပါတယ္။
ေကာ္တင္ဟို ဟာလည္းဆြာရက္ဇ္နဲ႔ လီဗာပူးမွာတြဲကစားခဲ့ေသးသူျဖစ္ၿပီး
သူတို႔ေတြတိုက္စစ္ပိုင္းမွာအတြဲညီခဲ့ၾကတာျဖစ္လို႔
ဒီဥ႐ုေဂြးသား ဗီလာကိုေရာက္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။
စပိန္သတင္းေထာက္တစ္ဦးျဖစ္တဲ့ ဂ်ရတ္႐ိုမီယို ကဆြာရက္ဇ္ဟာ
ဘရာဇီးကလပ္ေတြျဖစ္တဲ့ ပါးမီးရက္စ္၊ ေကာ္ရင္သီယန္နဲ႔
အက္သလက္တီကိုမင္နဲ႐ိုး အသင္းတို႔ရဲ႕ကမ္းလွမ္းမႈကို
ျငင္းပယ္ခဲ့တဲ့အျပင္ ေဆာ္ဒီကလပ္တစ္ခုရဲ႕ကမ္းလွမ္းမႈကိုပါ ပယ္ခ်ခဲ့ၿပီး
ဗီလာကိုေျပာင္းဖို႔ဘဲ ေစာင့္ဆိုင္းေနတယ္လို႔ သတင္းေရးသားေဖာ္ျပခဲ့ပါေသးတယ္။
ဒါေၾကာင့္ဆြာရက္ဇ္ ဗီလာေရာက္ဖို႔အမ်ားႀကီးျဖစ္ႏိုင္ေျခရွိေနပါတယ္။
ဆြာရက္ဇ္ရဲ႕ အက္သလက္တီကိုနဲ႔လက္ရွိစာခ်ဳပ္ဟာ
လာမယ့္ေႏြရာသီမွာသက္တမ္းကုန္မွာျဖစ္လို႔
လက္ရွိအခ်ိန္ေခၚယူလိုတယ္ဆိုရင္ေတာ့
တန္ေၾကးတစ္ရပ္ေပးရမွာျဖစ္ပါတယ္။
ဂ်ရတ္ ဟာ ၂၀၁၅ တုန္းက ဆြာရက္ဇ္နဲ႔ပတ္သက္လို႔
ဂုဏ္ျပဳစကားဆိုခဲ့ဘူးၿပီး သူနဲ႔တြဲကစားတဲ့သူေတြထဲမွာ
အေကာင္းဆုံးကစားသမားလို႔ ဆိုခဲ့ပါတယ္။
သူက” ဆြာရက္ဇ္နဲ႔ ရင္ဆိုင္ဖို႔ဘယ္သူကမွ စိတ္လိုလက္ရရွိမွာမဟုတ္ပါဘူး။
သူဟာအံ့အားသင့္စရာေကာင္းတဲ့ အရည္အေသြးရွိၿပီး
အႏၲရာယ္အေပးႏိုင္ဆုံးေသာသူျဖစ္ပါတယ္။
ကြၽန္ေတာ့္အတြက္လည္း တကယ္လက္လန္ရတဲ့ကစားေဖာ္ပါဘဲ။
တြဲကစားခဲ့တဲ့သူေတြထဲမွာ အေကာင္းဆုံးေသာသူလည္းျဖစ္ႏိုင္ပါတယ္” လို႔ေျပာခဲ့တာပါ။