
အာဖရိကချန်ပီယံကင်မရွန်းဟာ ဂိုးသမားအိုနာနာ အပါအဝင် ချူပိုမိုတင်း၊ အီကမ်ဘီ၊ အမ်ဘူမို၊ အန်ဂွစ်ဆာတို့လို ထိပ်တန်းကစားသမားတွေနဲ့ပွဲထွက်ခဲ့တာဖြစ်တယ်။





ဥရောပရဲ့ဆွစ်ဇာလန်ကတော့ မိုချင်ဂလက်ဘတ်လက်ထွက်တွေလို့ဆိုရမယ့် ဆွန်မာ၊ ရှာကာ၊ အယ်လ်ဗီဒီ၊ အကန်ဂျီ၊ ရိုကာဒိုရိုဒရီဂွက်ဇ်၊





ဝစ်မာတို့လိုကစားသမားတွေကိုပွဲထွက်စာရင်းမှာသုံးခဲ့တာဖြစ်တယ်။ ပွဲအပိုင်းမှာနှစ်သင်းစလုံးထိန်းကစားခဲ့ကြပြီး ကင်မရွန်းဟာ အီကမ်ဘီ၊
ချူပိုမိုတင်း၊ အမ်ဘူမိုတို့ရဲ့တန်ပြန်တိုက်စစ်တွေနဲ့ ပြိုင်ဘက်ကိုအလုပ်ပေးနိုင်ခဲ့ပါတယ်။ ရှာကွီရီ၊ အမ်ဘိုလိုတို့ရဲ့ဆွစ်ဇာလန်တိုက်စစ်ကတော့အနည်းငယ်ရုန်းကန်နေခဲ့ရတယ်။
ပထမပိုင်းပြီးခါနီးမှာ အကန်ဂျီရဲ့ အပိုင်ခေါင်းတိုက်ချက်လွဲချော်ခဲ့တာက ဆွစ်ဇာလန်ကိုနစ်နာစေခဲ့သလို နှစ်သင်းစလုံးဂိုးပေါက်တည့်ကန်ချက် ၈ကြိမ်ရှိခဲ့ပါတယ်။





ပထမပိုင်းအတွင်း သွင်းဂိုးတစ်ဂိုးမြင်ရဖို့လုံလောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေရှိခဲ့ပေမဲ့ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။ ၄၈ မိနစ်မှာတော့ ရှာကွီရီရဲ့ ပေးပို့မှုကို





အမ်ဘိုလိုကအပိုင်ပိတ်သွင်းပြီး ဆွစ်ဇာလန် အတွက်ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ကင်မရွန်းဖွား တိုက်စစ်မှူးအမ်ဘိုလိုက ဆွစ်ဇာလန်အတွက်တိုက်တိုက်ဆိုင်ဆိုင်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး
ကစားသမားဟာသွင်းဂိုးအတွက်အောင်ပွဲမခံခဲ့ပါဘူး။ ၅၆ မိနစ်မှာ ချူပိုမိုတင်းအခွင့်ကောင်းတစ်ကြိမ်ဖန်တီးနိုင်ခဲ့ပေမဲ့ ဂိုးသမားဆွန်မာကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ကိုအဖွင့်ဂိုးစပေးရတဲ့နောက်ဆုံး
၄ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ ကင်မရွန်းအတွက်အနိုင်ရလဒ်ကအလွန်ခက်ခဲသွားခဲ့ပါတယ်။ ရီဂိုဘက်ဆောင်းရဲ့အသင်းဟာ ချေပဂိုးရဖို့အားတင်းရုန်းကန်နိုင်ခြင်းမရှိသလို ပွဲပြီးခါနီးမှာ





ဆီဇာရိုဗစ်ရဲ့အပိုင်ကန်ချက်ဂိုးဝင်ရင် ဆွစ်ဇာလန် ၂ဂိုးပြတ်ဖို့တောင်ရှိခဲ့တာပါ။
(Zawgyi)





ကင္မ႐ြန္းနဲ႔ေတြ႕ဆုံမႈမွာ ကင္မ႐ြန္းသားအမ္ဘိုလိုရဲ႕သြင္းဂိုးနဲ႔ ဆြစ္ဇာလန္အမွတ္ျပည့္ရခဲ့တယ္
အာဖရိကခ်န္ပီယံကင္မ႐ြန္းဟာ ဂိုးသမားအိုနာနာ အပါအဝင္ ခ်ဴပိုမိုတင္း၊ အီကမ္ဘီ၊ အမ္ဘူမို၊ အန္ဂြစ္ဆာတို႔လို ထိပ္တန္းကစားသမားေတြနဲ႔ပြဲထြက္ခဲ့တာျဖစ္တယ္။ ဥေရာပရဲ႕ဆြစ္ဇာလန္ကေတာ့
မိုခ်င္ဂလက္ဘတ္လက္ထြက္ေတြလို႔ဆိုရမယ့္ ဆြန္မာ၊ ရွာကာ၊ အယ္လ္ဗီဒီ၊ အကန္ဂ်ီ၊ ႐ိုကာဒို႐ိုဒရီဂြက္ဇ္၊ ဝစ္မာတို႔လိုကစားသမားေတြကိုပြဲထြက္စာရင္းမွာသုံးခဲ့တာျဖစ္တယ္။ ပြဲအပိုင္းမွာႏွစ္သင္းစလုံးထိန္းကစားခဲ့ၾကၿပီး





ကင္မ႐ြန္းဟာ အီကမ္ဘီ၊ ခ်ဴပိုမိုတင္း၊ အမ္ဘူမိုတို႔ရဲ႕တန္ျပန္တိုက္စစ္ေတြနဲ႔ ၿပိဳင္ဘက္ကိုအလုပ္ေပးႏိုင္ခဲ့ပါတယ္။ ရွာကြီရီ၊ အမ္ဘိုလိုတို႔ရဲ႕ဆြစ္ဇာလန္တိုက္စစ္ကေတာ့အနည္းငယ္႐ုန္းကန္ေနခဲ့ရတယ္။
ပထမပိုင္းၿပီးခါနီးမွာ အကန္ဂ်ီရဲ႕အပိုင္ေခါင္းတိုက္ခ်က္လြဲေခ်ာ္ခဲ့တာက ဆြစ္ဇာလန္ကိုနစ္နာေစခဲ့သလို ႏွစ္သင္းစလုံးဂိုးေပါက္တည့္ကန္ခ်က္ ၈ႀကိမ္ရွိခဲ့ပါတယ္။ ပထမပိုင္းအတြင္း





သြင္းဂိုးတစ္ဂိုးျမင္ရဖို႔လုံေလာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြရွိခဲ့ေပမဲ့ ဂိုးမရွိသေရရလဒ္သာထြက္ေပၚေနခဲ့ပါတယ္။ ၄၈ မိနစ္မွာေတာ့ ရွာကြီရီရဲ႕ ေပးပို႔မႈကို အမ္ဘိုလိုကအပိုင္ပိတ္သြင္းၿပီး
ဆြစ္ဇာလန္အတြက္ဦးေဆာင္ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။ ကင္မ႐ြန္းဖြားတိုက္စစ္မႉးအမ္ဘိုလိုက ဆြစ္ဇာလန္အတြက္တိုက္တိုက္ဆိုင္ဆိုင္ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ကစားသမားဟာသြင္းဂိုးအတြက္ေအာင္ပြဲမခံခဲ့ပါဘူး။
၅၆ မိနစ္မွာ ခ်ဴပိုမိုတင္းအခြင့္ေကာင္းတစ္ႀကိမ္ဖန္တီးႏိုင္ခဲ့ေပမဲ့ ဂိုးသမားဆြန္မာကာကြယ္သြားႏိုင္ခဲ့ပါတယ္။ ၿပိဳင္ဘက္ကိုအဖြင့္ဂိုးစေပးရတဲ့ေနာက္ဆုံး ၄ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားတဲ့





ကင္မ႐ြန္းအတြက္အႏိုင္ရလဒ္ကအလြန္ခက္ခဲသြားခဲ့ပါတယ္။ ရီဂိုဘက္ေဆာင္းရဲ႕အသင္းဟာ ေခ်ပဂိုးရဖို႔အားတင္း႐ုန္းကန္ႏိုင္ျခင္းမရွိသလို ပြဲၿပီးခါနီးမွာ
ဆီဇာ႐ိုဗစ္ရဲ႕အပိုင္ကန္ခ်က္ဂိုးဝင္ရင္ ဆြစ္ဇာလန္ ၂ဂိုးျပတ္ဖို႔ေတာင္ရွိခဲ့တာပါ။