နော်တင်ဟမ်ကို ၃ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာတော့ သရဲနီပရိသတ်တွေဟာ
သူတို့ရဲ့ကွင်းလယ်အင်ဂျင် ကက်စ်မီရိုကို ထုံးစံအတိုင်းချီးကျူးမှုတွေ
ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့ဖလားအပြီး ပထမဆုံးပရီးမီးယားလိဂ်
ပွဲစဉ်မှာ ယူနိုက်တက်က ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဖရက်ဒ်တို့ရဲ့
သွင်းဂိုးတွေနဲ့ နော်တင်ဟမ်ကိုအနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်တယ်။
ဒီပွဲမှာတော့ နည်းပြတန်ဟတ်ဟာ လုခ်ရှောကိုပုံမှန်မဟုတ်တဲ့
ဗဟိုခံစစ်နေရာမှာထားခဲ့ပြီး ကာရာဘောင်းဖလားမှာ
ဗဟိုခံစစ်ခင်းကစားပေးခဲ့တဲ့ ကက်စ်မီရိုကိုတော့ကွင်းလယ်မှာ
အထိုင်ပြန်ချခဲ့ပါတယ်။ ကက်စ်မီရိုကွင်းလယ်ပြန်တက်ကစားခဲ့တဲ့
ပွဲစဉ်မှာတော့ နော်တင်ဟမ်ဟာ ဘရာဇီးကြယ်ပွင့်ရဲ့ဦးဆောင်မှုကို
ဘယ်လိုမှမလှန်နိုင်ခဲ့တာဖြစ်တယ်။ တစ်ပွဲလုံးအနေအထား
ဘောလုံးယှဉ်လုရာမှာ ကက်စ်မီရိုက ၇ကြိမ်အထိအနိုင်ရခဲ့ပြီး
လျှောထိုးဖျက်ထုတ်မှု ၅ ကြိမ်အထိအနိုင်ရခဲ့တာတွေ့ရပါတယ်။
ဘရာဇီးသားဟာ အဲရစ်ဆင်နဲ့ပေါင်းပြီး ပြိုင်ဘက်ကွင်းလယ်ကို
အပိုင်ချုပ်ကစားခဲ့တာဖြစ်တယ်။ “ကက်စ်မီရိုဟာ မယုံနိုင်လောက်အောင်
စော်ကားနေတာကို ရိုးရိုးသားသားဖော်ပြဖို့အတွက် စကားလုံးတောင်
မရှိပါဘူး” လို့ သရဲနီပရိသတ်တစ်ယောက်က ချီးကျူးလိုက်ပါတယ်။
ဒုတိယတစ်ယောက်ကတော့ “ကက်စ်မီရိုရဲ့ monsterclass ကတော့
ကျွန်တော်တို့ကိုအမှန်တကယ်လှုံ့ဆော်ပေးနေပါတယ်” လို့ချီးကျူးခဲ့ပြီး
တတိယတစ်ယောက်ကတော့ “ကက်စ်မီရိုဟာ ကမ္ဘာကျော်တစ်ယောက်ပါ။
သူကစားပုံဟာ ကျောင်းတက်စဉ်တုန်းက မိုးရေထဲ၊ ရွံ့ထဲမှာ
ကစားနေသလိုပါပဲ၊ ၁၁ နှစ်သားလေးလိုပဲ” လို့ တက်ကြွလွန်းပုံကို
မြင်သာအောင်မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့
“ဒီကောင်လေးမျိုးမွေးထုတ်နိုင်တဲ့နည်းလမ်းရှိလား။
သူက လူအစစ်မဟုတ်ဘူး” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
zawgyi
ကက်စ်မီရိုရဲ့ခြေစွမ်းအတွက်ဖော်ပြဖို့တောင် စကားလုံးမရှိဘူးလို့ သရဲနီ ပရိသတ်တွေ ချီးကျူးနေ