ဘရာဇီးသား ကက်စ်မီရိုဟာ ဒီရာမှာ ယူနိုက်တက်နဲ့အတူအကောင်းဆုံး
ပုံစံပြသနေပေမဲ့ အပတ်စဉ်တိုင်းအတွက်ဆိုရင်တော့ ပေါလ်စခိုးလ်ကိုသာ
ရွေးချယ်မယ်လို့ တိုက်စစ်မှူးဟောင်းဒွိုက်ယော့ခ်က ပြောဆိုခဲ့ပါတယ်။
ရီးရဲလ်ကနေ ပေါင်သန်း ၇၀ နဲ့ရောက်လာတဲ့ ကက်စ်မီရိုဟာ
အိုးလ်ထရက်ဖို့ဒ်မှာချက်ချင်းအထိုင်ကျခဲ့သလို အသင်းရဲ့အရေးအပါဆုံး
ကစားသမားအဖြစ်ရပ်တည်လာနိုင်တာဖြစ်တယ်။ လိဒ်နဲ့ ၂ဂိုးစီ
သရေကျခဲ့တဲ့ပွဲစဉ်မှာ ဘရာဇီးကြယ်ပွင့်ပွဲပယ်ကြောင့်မပါဝင်နိုင်ခဲ့တဲ့
ယူနိုက်တက်ကွင်းလယ်ဟာ အားနည်းတဲ့ပုံစံရှိခဲ့ပါတယ်။
အသက် ၃၀ အရွယ်ကစားသမားရဲ့ တည်ငြိမ်မှုနဲ့ အတွေ့အကြုံကောင်းတွေဟာ
ယူနိုက်တက်ကိုအသစ်တဖန်တည်ဆောက်နေတဲ့ တန်ဟတ်ရဲ့
လုပ်ဆောင်ချက်တွေမှာလွန်စွာအရေးပါနေတာဖြစ်တယ်။
ဒါပေမဲ့ သရဲနီတိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်ကတော့ ဘရာဇီးသားဟာ
ပေါလ်စခိုးလ်ရဲ့အဆင့်နဲ့မနီးစပ်ဘူးလို့ယုံကြည်နေပါတယ်။
ထရီနီဒက်ကြယ်ပွင့်ဟောင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၄နှစ်ကြာ
ကစားခဲ့စဉ်အတွင်း ပရီးမီးယားလိဂ်ဆုဖလား ၃ကြိမ်နဲ့ ချန်ပီယံလိဂ်
ဆုဖလားတစ်ကြိမ်ရရှိခဲ့သူဖြစ်ပြီး အဲ့ဒီအောင်မြင်မှုတွေတိုင်းမှာ
ပေါလ်စခိုးလ်ပါဝင်နေခဲ့တာဖြစ်တယ်။ “ကစားသမားတစ်ယောက်အဖြစ်နဲ့
ကက်စ်မီရိုရဲ့ကိုယ်ရေးအကျဉ်းကိုကြည့်လိုက်ရင် သူအကုန်လုံးပြီးသွားပါပြီ။
ဒါပေမဲ့ သူကပေါလ်စခိုးလ်လိုထူးချွန်သလား။ မဖြစ်နိုင်ပါဘူး။
သူ့ရဲ့ဘောလုံးပေးပို့နိုင်စွမ်းက ပေါလ်စခိုးလ်ရဲ့အတိုင်းအတာလောက်အထိ
ကောင်းမွန်လား။ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သူက ယူနိုက်တက်ရဲ့စွမ်းအင်ကို
မြှင့်တင်ပေးခဲ့တယ်။ ကက်စ်မီရိုကကြီးကျယ်တဲ့ကစားသမားအဖြစ်
ရောက်လာလို့ အခုသူလုပ်ပြနေတာတွေက အံ့အားသင့်စရာကောင်းလို့လား။
ငါ့အတွက်တော့ အံ့အားသင့်စရာမရှိပါဘူး။ ကျွန်တော်ကတော့
အပတ်စဉ်တိုင်းနဲ့ နေ့ရက်တိုင်းအတွက် ပေါလ်စခိုးလ်ကိုပဲရွေးချင်တယ်၊
သူဟာ မကြာသေးခင်ကမှရောက်လာသူဖြစ်တာကြောင့် စခိုးလ်နဲ့တူညီတဲ့
လိဂ်အဆင့်မျိုးမှာမရှိပါဘူး။ ကက်စ်မီရိုအတွက် ကျွန်တော်တို့ရဲ့
၉၉ ဖလား ၃လုံးချန်ပီယံတွေထဲက ကဘယ်သူနဲ့မှအလဲအလှယ်
မလုပ်နိုင်ပါဘူး” လို့ ဒွိုက်ယော့ခ်က ပြောဆိုသွားခဲ့ပါတယ်။
zawgyi
ကက်စ်မီရိုထက် ပေါလ်စခိုးလ်သာသလို ၉၉ ဖလား၃လုံးချန်ပီယံအသင်းသားတွေထဲက ဘယ်သူနဲ့မှအလဲအလှယ်မလုပ်နိုင်ဘူးလို့ ဒွိုက်ယော့ခ် ပြောဆို