
ရီးဒင်းကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ယူနိုက်တက်အတွက်





၂ဂိုးသွင်းပေးခဲ့တဲ့ ကက်စ်မီရိုဟာ သရဲနီဂန္တဝင်ဟောင်းတွေဖြစ်တဲ့
ရွိုင်ကိန်းနဲ့ ဘရိုင်ယန်ရော့ဘ်ဆင်တို့လို အံ့ဖွယ်ကစားသမားလို့





ပြိုင်ဘက်နည်းပြပေါလ်အင့်စ်က ချီးကျူးသွားပါတယ်။
ဘရာဇီးသားဟာ ပွဲချိန် ၅၄ မိနစ်နဲ့ ၅၈ မိနစ်မှာ သရဲနီတွေအတွက်
၂ဂိုးဆက်သွင်းပေးခဲ့တာဖြစ်ပြီး ဒီရာသီမှာ ယူနိုက်တက်အတွက်





၄ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီဖြစ်တယ်။ အိုးလ်ထရက်ဖို့ဒ်မှာ
ကစားသမားဘဝနဲ့ ၆နှစ်ကြာပါဝင်ပေးခဲ့တဲ့ ပေါလ်အင့်စ်





တစ်ယောက် ရီးဒင်းနည်းပြအဖြစ် တကျော့ပြန်ရောက်ရှိလာချိန်မှာ
ယူနိုက်တက်ပရိသတ်တွေကနွေးထွေးစွာကြိုဆိုခဲ့သလို
ကွင်းလယ်လူဟောင်းကလည်း ဘရာဇီးကြယ်ပွင့်ကို





ချီးကျူးစကားပြောသွားခဲ့ပါတယ်။ “ကက်စ်မီရိုက ချန်ပီယံလိဂ်
အနိုင်ရသူ၊ ထူးချွန်တဲ့ကစားသမား၊ ကြီးကျယ်တဲ့ကစားသမားဖြစ်တယ်။





ရီးဒင်း၊ လက်စတာ၊ ဆောက်သမ်တန်တို့နဲ့တွေ့ဆုံမှုမျိုးမှာ
လုပ်ပြတာနဲ့မသက်ဆိုင်ပါဘူး၊ အာဆင်နယ်၊ မန်စီးတီးတို့နဲ့
ဆုဖလားတွေအတွက်ယှဉ်ပြိုင်မှုအပေါ်အခြေခံပြီးပြောတာပါ။





အဲဒါကတော့ ကိန်းနဲ့ ရော့ဘ်ဆင်တို့မှာဘာတွေရှိခဲ့လဲ။
ငါတို့ဘက်ကိုတော့ ဂိုးသွင်းခဲ့တာလောက်ပါပဲ၊





သိပ်ပြီးအရေးမကြီးပါဘူး။ မင်းမှာ ဒီနေ့သူလုပ်ပြနေသလိုမျိုး
လက်နက်ကြီးတွေကိုတွန်းလှန်နိုင်သူတစ်ယောက်ရှိဖို့အရေးကြီးဆုံးပါ” လို့
ပေါလ်အင့်စ်က ချီးကျူးခဲ့ပါတယ်။ ဆက်လက်ပြီး ပေါလ်အင့်စ်က





ယူနိုက်တက်နဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာ တိုက်စစ်မှူးကာရိုးလ်ကို
၂ဝါတစ်နီ နဲ့ထုတ်ပယ်ခဲ့တဲ့ကွင်းလယ်ဒိုင် ဒါရင်းရဲ့ဆုံးဖြတ်ချက်က





အားနည်းလွန်းခဲ့တယ်လို့ပြစ်တင်သွားခဲ့ပါတယ်။
zawgyi
ကက္စ္မီ႐ိုကို လက္နက္ႀကီးတြန္းလွန္ႏိုင္သူလို႔ တံဆိပ္ကပ္ၿပီး ယူႏိုက္တက္ဂႏၲဝင္ႏွစ္ဦးနဲ႔ ေပါလ္အင့္စ္ ခိုင္းႏႈိင္းခ်ီးက်ဴးသြား





ရီးဒင္းကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ ယူႏိုက္တက္အတြက္
၂ဂိုးသြင္းေပးခဲ့တဲ့ ကက္စ္မီ႐ိုဟာ သရဲနီဂႏၲဝင္ေဟာင္းေတြျဖစ္တဲ့





႐ြိဳင္ကိန္းနဲ႔ ဘ႐ိုင္ယန္ေရာ့ဘ္ဆင္တို႔လို အံ့ဖြယ္ကစားသမားလို႔
ၿပိဳင္ဘက္နည္းျပေပါလ္အင့္စ္က ခ်ီးက်ဴးသြားပါတယ္။
ဘရာဇီးသားဟာ ပြဲခ်ိန္ ၅၄ မိနစ္နဲ႔ ၅၈ မိနစ္မွာ သရဲနီေတြအတြက္





၂ဂိုးဆက္သြင္းေပးခဲ့တာျဖစ္ၿပီး ဒီရာသီမွာ ယူႏိုက္တက္အတြက္
၄ဂိုးအထိသြင္းယူေပးႏိုင္ခဲ့ၿပီျဖစ္တယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ





ကစားသမားဘဝနဲ႔ ၆ႏွစ္ၾကာပါဝင္ေပးခဲ့တဲ့ ေပါလ္အင့္စ္
တစ္ေယာက္ ရီးဒင္းနည္းျပအျဖစ္ တေက်ာ့ျပန္ေရာက္ရွိလာခ်ိန္မွာ
ယူႏိုက္တက္ပရိသတ္ေတြကေႏြးေထြးစြာႀကိဳဆိုခဲ့သလို





ကြင္းလယ္လူေဟာင္းကလည္း ဘရာဇီးၾကယ္ပြင့္ကို
ခ်ီးက်ဴးစကားေျပာသြားခဲ့ပါတယ္။ “ကက္စ္မီ႐ိုက ခ်န္ပီယံလိဂ္





အႏိုင္ရသူ၊ ထူးခြၽန္တဲ့ကစားသမား၊ ႀကီးက်ယ္တဲ့ကစားသမားျဖစ္တယ္။
ရီးဒင္း၊ လက္စတာ၊ ေဆာက္သမ္တန္တို႔နဲ႔ေတြ႕ဆုံမႈမ်ိဳးမွာ
လုပ္ျပတာနဲ႔မသက္ဆိုင္ပါဘူး၊ အာဆင္နယ္၊ မန္စီးတီးတို႔နဲ႔





ဆုဖလားေတြအတြက္ယွဥ္ၿပိဳင္မႈအေပၚအေျခခံၿပီးေျပာတာပါ။
အဲဒါကေတာ့ ကိန္းနဲ႔ ေရာ့ဘ္ဆင္တို႔မွာဘာေတြရွိခဲ့လဲ။





ငါတို႔ဘက္ကိုေတာ့ ဂိုးသြင္းခဲ့တာေလာက္ပါပဲ၊
သိပ္ၿပီးအေရးမႀကီးပါဘူး။ မင္းမွာ ဒီေန႔သူလုပ္ျပေနသလိုမ်ိဳး
လက္နက္ႀကီးေတြကိုတြန္းလွန္ႏိုင္သူတစ္ေယာက္ရွိဖို႔အေရးႀကီးဆုံးပါ” လို႔





ေပါလ္အင့္စ္က ခ်ီးက်ဴးခဲ့ပါတယ္။ ဆက္လက္ၿပီး ေပါလ္အင့္စ္က
ယူႏိုက္တက္နဲ႔ေတြ႕ဆုံတဲ့ပြဲစဥ္မွာ တိုက္စစ္မႉးကာ႐ိုးလ္ကို





၂ဝါတစ္နီ နဲ႔ထုတ္ပယ္ခဲ့တဲ့ကြင္းလယ္ဒိုင္ ဒါရင္းရဲ႕ဆုံးျဖတ္ခ်က္က
အားနည္းလြန္းခဲ့တယ္လို႔ျပစ္တင္သြားခဲ့ပါတယ္။