ကက်စ်မီရိုကို ပွဲထွက်ခွင့်မပေးခဲ့တဲ့ အကြောင်းအရင်းကို တန်ဟတ်ဖွင့်ဟ

ကက်စ်မီရိုရဲ့ ပွဲဦးထွက်ကိုမြင်ခွင့်ရဖို့ စိန့်မေရီကို အပြေးအလွှားရောက်လာတဲ့ မန်ယူပရိသတ်တွေရဲ့မျှော်လင့်ချက် ဟာ တစ်ပိုင်းတစ်စသာဖြစ်ခဲ့ရပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ နည်းပြတန်ဟတ်ဟာ မန်ယူပွဲထွက်စာရင်းကို လီဗာပူးနဲ့ပွဲကအတိုင်း ထုတ်သုံးသွားခဲ့တာဖြစ်ပါတယ်။

ပေါင်သန်း ၇၀ နဲ့ရောက်လာတဲ့ ကက်စ်မီရိုကို ပွဲထွက်ခွင့် မပေးခဲ့သလို စီရော်နယ်ဒိုကိုလည်း အရန်ခုံမှာသာ ဆက်ထိုင်ခိုင်းထားခဲ့တာပါ။ နည်းပြတန်ဟတ်ရဲ့ဆုံးချက်ဟာ မန်ယူပရိသတ်တွေအတွက် မေးခွန်းထုတ်စရာဖြစ်ခဲ့တာတော့အမှန်ပါပဲ။ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး

ပွဲမတိုင်ခင် BT Sport ရဲ့ဘောလုံးပွဲသုံးသပ်သူတွေဖြစ်တဲ့ မန်ယူကစားသမားဟောင် ဖာဒီနန်၊ ပေါလ်စခိုးနဲ့ လီဗာပူးကစားသမားဟောင်း ပီတာခရော့တို့ကလည်း မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။ တန်ဟတ်ကတော့ သူ့အနေနဲ့ တစ်ယောက်ချင်းအရည်အသွေးထက်

အသင်းလိုက်စွမ်းဆောင်ရည်ဟာ အမြဲတမ်းဦးစားပေးဖြစ် တယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ရှိဖို့လိုပြီး တစ်ဦး တစ်ယောက်ထက် အသင်းကသာ ဦးစားပေးဖြစ်တယ်လို့လည်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ကက်စ်မီရိုအနေနဲ့ ပရီးမီးယားလိဂ်နဲ့အသားကျဖို့ လိုနေသေးတာကြောင့် ပွဲထွက်ခွင့်မပေးတာလို့လည်း တန်ဟတ်ကပြောခဲ့ပါတယ်။ ကက်စ်မီရိုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို မိနစ် ၉၀ ပြည့်မကစားဖူးသေးတဲ့ ကစားသမားဖြစ်တာကြောင့်လည်း

သူ့အနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်မျိုးကို ချခဲ့ရတာလို့ရှင်းလင်းသွားခဲ့ပါတယ်။ မန်ယူနဲ့အပြောင်းအရွှေ့ သတင်း တွေမပြတ်သေးတဲ့ စီရော်နယ်ဒိုနဲ့ပတ်သက်လို့ ဘာမှတ်ချက်မှမပေးခဲ့တာကိုလည်းတွေ့ရပါတယ်။

နည်းပြ တန်ဟတ်ရဲ့ ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်လို့ပဲပြောရမလား ဖာနန်ဒက်စ်ရဲ့သွင်းဂိုးနဲ့တော့ မန်ယူနိုင်ပွဲဆက်သွား နိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ပရိသတ်တွေမျှော်နေတဲ့ စီရော်နယ်ဒိုနဲ့ ကက်စ်မီရိုတို့အတွဲကိုတော့ မိနစ် ၆၀ကျော်မှ ထုတ်သုံးသွားခဲ့တာဖြစ်ပါတယ်။

(zawgyi)

ကက္စ္မီ႐ိုရဲ႕ ပြဲဦးထြက္ကိုျမင္ခြင့္ရဖို႔ စိန႔္ေမရီကို အေျပးအလႊားေရာက္လာတဲ့ မန္ယူပရိသတ္ေတြရဲ႕ေမွ်ာ္လင့္ခ်က္ ဟာ တစ္ပိုင္းတစ္စသာျဖစ္ခဲ့ရပါတယ္။ ေဆာက္သမ္တန္နဲ႔ပြဲမွာ နည္းျပတန္ဟတ္ဟာ မန္ယူပြဲထြက္စာရင္းကို လီဗာပူးနဲ႔ပြဲကအတိုင္း ထုတ္သုံးသြားခဲ့တာျဖစ္ပါတယ္။

ေပါင္သန္း ၇၀ နဲ႔ေရာက္လာတဲ့ ကက္စ္မီ႐ိုကို ပြဲထြက္ခြင့္ မေပးခဲ့သလို စီေရာ္နယ္ဒိုကိုလည္း အရန္ခုံမွာသာ ဆက္ထိုင္ခိုင္းထားခဲ့တာပါ။ နည္းျပတန္ဟတ္ရဲ႕ဆုံးခ်က္ဟာ မန္ယူပရိသတ္ေတြအတြက္ ေမးခြန္းထုတ္စရာျဖစ္ခဲ့တာေတာ့အမွန္ပါပဲ။ သူ႔ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး

ပြဲမတိုင္ခင္ BT Sport ရဲ႕ေဘာလုံးပြဲသုံးသပ္သူေတြျဖစ္တဲ့ မန္ယူကစားသမားေဟာင္ ဖာဒီနန္၊ ေပါလ္စခိုးနဲ႔ လီဗာပူးကစားသမားေဟာင္း ပီတာခေရာ့တို႔ကလည္း ေမးခြန္းထုတ္ခဲ့ၾကတာျဖစ္ပါတယ္။ တန္ဟတ္ကေတာ့ သူ႔အေနနဲ႔ တစ္ေယာက္ခ်င္းအရည္အေသြးထက္

အသင္းလိုက္စြမ္းေဆာင္ရည္ဟာ အၿမဲတမ္းဦးစားေပးျဖစ္ တယ္လို႔ တုံ႔ျပန္သြားခဲ့ပါတယ္။ နည္းျပတစ္ေယာက္အေနနဲ႔ ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ရွိဖို႔လိုၿပီး တစ္ဦး တစ္ေယာက္ထက္ အသင္းကသာ ဦးစားေပးျဖစ္တယ္လို႔လည္းဆိုခဲ့ပါတယ္။

ဒါ့အျပင္ ကက္စ္မီ႐ိုအေနနဲ႔ ပရီးမီးယားလိဂ္နဲ႔အသားက်ဖို႔ လိုေနေသးတာေၾကာင့္ ပြဲထြက္ခြင့္မေပးတာလို႔လည္း တန္ဟတ္ကေျပာခဲ့ပါတယ္။ ကက္စ္မီ႐ိုဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို မိနစ္ ၉၀ ျပည့္မကစားဖူးေသးတဲ့ ကစားသမားျဖစ္တာေၾကာင့္လည္း

သူ႔အေနနဲ႔ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္မ်ိဳးကို ခ်ခဲ့ရတာလို႔ရွင္းလင္းသြားခဲ့ပါတယ္။ မန္ယူနဲ႔အေျပာင္းအေ႐ႊ႕ သတင္း ေတြမျပတ္ေသးတဲ့ စီေရာ္နယ္ဒိုနဲ႔ပတ္သက္လို႔ ဘာမွတ္ခ်က္မွမေပးခဲ့တာကိုလည္းေတြ႕ရပါတယ္။

နည္းျပ တန္ဟတ္ရဲ႕ ဆုံးျဖတ္ခ်က္မွန္ကန္ခဲ့တယ္လို႔ပဲေျပာရမလား ဖာနန္ဒက္စ္ရဲ႕သြင္းဂိုးနဲ႔ေတာ့ မန္ယူႏိုင္ပြဲဆက္သြား ႏိုင္ခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ ပရိသတ္ေတြေမွ်ာ္ေနတဲ့ စီေရာ္နယ္ဒိုနဲ႔ ကက္စ္မီ႐ိုတို႔အတြဲကိုေတာ့ မိနစ္ ၆၀ေက်ာ္မွ ထုတ္သုံးသြားခဲ့တာျဖစ္ပါတယ္။