ကက်စ်မီရိုကိုတွဲဖက်အဖြစ်ရွေးချင်ပေမဲ့ တုတ်ကြီးနဲ့ပြိုင်ဆိုင်ရမှာကိုတော့ ကျွတ်ကျဲဟန်ပြခဲ့တဲ့ ဖရက်ဒ်

စပါးနဲ့ပွဲစဉ်မှာ အနိုင်ဂိုး ၂ဂိုးစလုံးကိုပါဝင်ပတ်သတ်နိုင်ခဲ့တဲ့ ဖရက်ဒ်က ဘရာဇီးအသင်း ဖော်ကက်စ်မီရိုနဲ့နောက်ထပ်တွဲကစားခွင့်ရဖို့မျှော်လင့်နေပြီး အန်တိုနီကိုလည်းချီးကျူးခဲ့ပါတယ်။

ကက်စ်မီရိုလိုပါဝါကောင်းပြီး ပွဲအပေါ်ဖတ်နိုင်တဲ့ကစားသမားနဲ့ တွဲဖက်ခွင့်ရတာဟာ ဖရက်ဒ်အတွက်တော့ ဆုလာဘ်တစ်ခုလိုဖြစ်နေပြီး ကွင်းလယ်တစ်နေရာစာ အပိုင်ရဖို့အတွက်ကိုတော့ တွမ်မီနေးနဲ့ရေရှည်ဆက်ပြိုင်ရဦးမှာပါ။

ကက်စ်မီရိုကို ချီးကျူးရာမှာ တွမ်မီနေးလ်အကြောင်းထည့်ပြောနေတဲ့ ဖရက်ဒ်ဟာ စကော့တလန်သားတုတ်ကြီးကိုလေးစားတဲ့သဘောရှိနေပါတယ်။ “ကက်စ်မီရိုနဲ့တွဲ ကစားရတာပျော်ဖို့ကောင်းပါတယ်။

သူဟာဘရာဇီးအသင်းရဲ့အဓိကကျတဲ့ကစားသ မားဖြစ်ပြီး လက်ရွေးစင်အသင်းမှာကျွန်တော်တို့အချိန်အကြာကြီးတွဲကစားခဲ့ပြီးပါပြီ။

သူ့အနားမှာတွဲဖက်ကစားခွင့်ရတာဟာ ကျွန်တော့်ကစားပုံကိုတိုးတက်ဖို့အ ထောက်အပံ့ဖြစ်စေပါတယ်။

ကက်စ်မီရိုလိုကစားသမားနဲ့တွဲဖက်နိုင်ပြီး တွမ်မီနေးကလည်းထိပ်တန်းအဆင့်ရှိပါတယ်။ သူတို့နှစ်ယောက်စလုံးအရေးကြီးသူ တွေပါ။

ကက်စ်မီရိုနဲ့ပတ်သတ်ပြီး ကျွန်တော်ဘာမှပြောနေစရာမလိုပါဘူး။ အားလုံး ကသူ့အရည်အချင်းကိုသိပြီးသားဖြစ်သလို တွမ်မီနေးကလည်းအရမ်းကောင်းတဲ့ ကစားသမားပါ။

အသင်းမှာပွဲကြီးပွဲကောင်းတွေ ကစားနိုင်တဲ့ထိပ်တန်းကွင်းလယ်လူ တွေရှိနေပါတယ်။ ကျွန်တော်တို့အသင်းကို အချိန်တိုင်းအကောင်းဆုံးကူညီနိုင်ဖို့က အရေးကြီးပါတယ်” လို့ ဖရက်ဒ်က ရင်ဖွင့်ထားပါတယ်။

ဆက်လက်ပြီးဖရက်ဒ်က နောက်ထပ်ဘရာဇီးအသင်းဖော်အန်တိုနီရဲ့သွင်းဂိုးတွေကို ဆက်တိုက်မြင်တွေ့ရဖို့ရှိ နေတယ်လို့ ပြိုင်ဘက်တွေကို သတိပေးပြောဆိုခဲ့ပါတယ်။

(Zawgyi)

ကက္စ္မီ႐ိုကိုတြဲဖက္အျဖစ္ေ႐ြးခ်င္ေပမဲ့ တုတ္ႀကီးနဲ႔ၿပိဳင္ဆိုင္ရမွာကိုေတာ့ ကြၽတ္က်ဲဟန္ျပခဲ့တဲ့ ဖရက္ဒ္

စပါးနဲ႔ပြဲစဥ္အႏိုင္ဂိုး ၂ဂိုးစလုံးကိုပါဝင္ပတ္သတ္ႏိုင္ခဲ့တဲ့ ဖရက္ဒ္က ဘရာဇီးအသင္း ေဖာ္ကက္စ္မီ႐ိုနဲ႔ေနာက္ထပ္တြဲကစားခြင့္ရဖို႔ေမွ်ာ္လင့္ေနၿပီး အန္တိုနီကိုလည္းခ်ီးက်ဴးခဲ့ပါတယ္။

ကက္စ္မီ႐ိုလိုပါဝါေကာင္းၿပီး ပြဲအေပၚဖတ္ႏိုင္တဲ့ကစားသမားနဲ႔ တြဲဖက္ခြင့္ရတာဟာ ဖရက္ဒ္အတြက္ေတာ့ဆုလာဘ္တစ္ခုလိုျဖစ္ေနၿပီး ကြင္းလယ္တစ္ေနရာစာ အပိုင္ရဖို႔အတြက္ကိုေတာ့ တြမ္မီေနးလ္နဲ႔ေရရွည္ဆက္ၿပိဳင္ရဦးမွာပါ။

ကက္စ္မီ႐ိုကို ခ်ီးက်ဴးရာမွာ တြမ္မီေနးလ္အေၾကာင္းထည့္ေျပာေနတဲ့ ဖရက္ဒ္ဟာ စေကာ့တလန္သားတုတ္ႀကီးကိုေလးစားတဲ့သေဘာရွိေနပါတယ္။

“ကက္စ္မီ႐ိုနဲ႔တြဲ ကစားရတာေပ်ာ္ဖို႔ေကာင္းပါတယ္။ သူဟာဘရာဇီးအသင္းရဲ႕အဓိကက်တဲ့ကစားသ မားျဖစ္ၿပီး လက္ေ႐ြးစင္အသင္းမွာကြၽန္ေတာ္တို႔အခ်ိန္အၾကာႀကီးတြဲကစားခဲ့ၿပီးပါၿပီ။

သူ႔အနားမွာတြဲဖက္ကစားခြင့္ရတာဟာ ကြၽန္ေတာ့္ကစားပုံကိုတိုးတက္ဖို႔အ ေထာက္အပံ့ျဖစ္ေစပါတယ္။ ကက္စ္မီ႐ိုလိုကစားသမားနဲ႔တြဲဖက္ႏိုင္ၿပီး တြမ္မီေနးကလည္းထိပ္တန္းအဆင့္ရွိပါတယ္။

သူတို႔ႏွစ္ေယာက္စလုံးအေရးႀကီးသူ ေတြပါ။ ကက္စ္မီ႐ိုနဲ႔ပတ္သတ္ၿပီး ကြၽန္ေတာ္ဘာမွေျပာေနစရာမလိုပါဘူး။ အားလုံး ကသူ႔အရည္အခ်င္းကိုသိၿပီးသားျဖစ္သလို တြမ္မီေနးလ္ကလည္းအရမ္းေကာင္းတဲ့ ကစားသမားပါ။

အသင္းမွာပြဲႀကီးပြဲေကာင္းေတြ ကစားႏိုင္တဲ့ထိပ္တန္းကြင္းလယ္လူ ေတြရွိေနပါတယ္။

ကြၽန္ေတာ္တို႔အသင္းကို အခ်ိန္တိုင္းအေကာင္းဆုံးကူညီႏိုင္ဖို႔က အေရးႀကီးပါတယ္” လို႔ ဖရက္ဒ္က ရင္ဖြင့္ထားပါတယ္။

ဆက္လက္ၿပီးဖရက္ဒ္က ေနာက္ထပ္ဘရာဇီးအသင္းေဖာ္အန္တိုနီရဲ႕သြင္းဂိုးေတြကို ဆက္တိုက္ျမင္ေတြ႕ရဖို႔ရွိ ေနတယ္လို႔ ၿပိဳင္ဘက္ေတြကို သတိေပးေျပာဆိုခဲ့ပါတယ္။