ဘောလုံးရာသီကုန်သွားပေမဲ့ ကာစီနိုဂိမ်းတွေ၀န်ဆောင်မှုပေးနေတဲ့ M Cash-24

June 28, 2022 Yan Pyay Phyo 0

ဘောလုံးရာသီကကုန်ဆုံးသွားပြီဆိုတော့ ပရိသတ်‌တွေကို စိတ်လှုပ်ရှား‌မှုတွေပေးနိုင်တာ မရှိတော့တာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့ သတင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ အွန်လိုင်းဂိမ်းလောက ကျယ်ပြန့်လာတာနဲ့အမျှ Mobile Game ကစားသူတွေ၊ Game Streamer လောကတွေမှာပါ ထဲထဲဝင်ဝင် အချိန်အတိုင်းအတာတစ်ခုထိ ဆော့ကစားလာကြတဲ့ဂိမ်းတစ်မျိုးကို တွေ့ရှိရပါတယ်။ Live Casino ဟာဆိုရင် […]

ဘရာဇီးကြယ်ပွင့်ကို ပေါင်သန်း ၄၀နဲ့ ခေါ်ယူနိုင်ဖို့ ယူနိုက်တက် နီးစပ်နေဟုဆို

June 21, 2022 authorphyo 0

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ အေဂျက်စ်တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပြီး အဆိုပါဘရာဇီးသားအနေနဲ့ အိုးထရက်ဖို့ဒ်မှာ အေဂျက်စ်နည်းပြဟောင်း တန်ဟတ်နဲ့ ပြန်လည်လက်တွဲနိုင်တော့မှာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိ အန်တိုနီဟာ တန်ဟတ်လက်ထက် အေဂျက်စ်မှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် စုစုပေါင်း ၇၉ပွဲမှာ ၂၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် […]

လူကာကူအထွက်နဲ့အတူ စတင်မယ့် ချဲလ်ဆီးရီဗော်လူးရှင်း

June 20, 2022 authorphyo 0

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ ဒီတစ်ပတ်ထဲမှာပဲ အသင်းဟောင်း အင်တာကို ပြန်ရောက်တော့မှာဖြစ်ပြီး လူကာကူရဲ့ထွက်ခွာမှုနဲ့ အသင်းရဲ့နွေရာသီ ရီဗော်လူးရှင်းလည်း စတင်တော့မှာဖြစ်ပါတယ်။ အင်တာက လူကာကူကို အငှားခေါ်ယူမှုအတွက် ငှားရမ်းခ ပေါင် ၆သန်းကနေ ပေါင် ၈.၅သန်းအထိ တိုးမြှင့်ကမ်းလှမ်းလိုက်ပြီးနောက် နှစ်သင်းကြား သဘောတူညီမှုရဖို့ ပိုမိုနီးစပ်လာပြီး ဒီနေ့မှာ အပြီးသတ်ဆွေးနွေးမှာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ […]

လူငယ်ကြယ်ပွင့် ရမ်ဆေးကို လီဗာပူး ခေါ်ယူ

June 19, 2022 authorphyo 0

လီဗာပူးဟာ စကော့တလန်ကလပ် အဘာဒင်းအသင်းကနေ လူငယ်ညာနောက်ခံလူ ကယ်လ်ဗင်ရမ်ဆေးကို ပေါင် ၆.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာပါတယ်။ အသက် ၁၈ နှစ်အရွယ် ရမ်ဆေးဟာ ပြီးခဲ့တဲ့ရာသီက အထူးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် စကော့တလန်အမှတ်ပေးပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး စကော့တလန် ယူ၂၁ အသင်းအတွက် ၃ပွဲကစားထားပြီးဖြစ်ကာ မကြာခင် […]

ရာသီသစ်မှာ အွန်နရီလက်သစ်အဖြစ် အန်ကီတီးယားကို မြင်တွေ့ရတော့မှာလား

June 19, 2022 authorphyo 0

အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး အန်ကီတီးယားကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိ အန်ကီတီးယားဟာ ဒီလအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် အာဆင်နယ်အသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်က The Sun သတင်းစာရဲ့ ဖော်ပြချက်အရ အန်ကီတီးယားဟာ စာချုပ်သစ်အရ တစ်ပတ်လုပ်ခလစာ […]

စတာလင်းကို ပေါင် ၃၅သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ ချဲလ်ဆီး ယုံကြည်ထား

June 19, 2022 authorphyo 0

သတင်းတွေရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာ မန်စီးတီးကြယ်ပွင့် စတာလင်းကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကတည်းက အသက် ၂၇ နှစ်အရွယ်ရှိ စတာလင်းကို ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့တာဖြစ်ပြီး အသင်းအနေနဲ့ ၂၀၁၇ နောက်ပိုင်း ပထမဆုံးလိဂ်အမှတ်ပေးချန်ပီယံဖြစ်ရေးအတွက် ယခုနွေရာသီမှာ အင်အားဖြည့်တင်းလိုနေပါတယ်။ ချဲလ်ဆီးဟာ ဘာစီလိုနာမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် […]

ဒီယွန်းအတွက် ဘာစီလိုနာဘက်က ပြောင်းရွှေ့ကြေး လျှော့ချပေးလိမ့်မယ်လို့ ယူနိုက်တက် ယုံကြည်နေ

June 18, 2022 authorphyo 0

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ဖရန်ကီဒီယွန်းအတွက် ဒုတိယမြောက် ကမ်းလှမ်းမှုမပြုလုပ်ခင် သူ့ရဲ့ကလပ် ဘာစီလိုနာက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပေးလိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် နယ်သာလန်လက်ရွေးစင် ဒီယွန်းကို ရောင်းချဖို့ တွေဝေနေပြီး အနာဂတ်နဲ့ပတ်သက်လို့ မသေမချာဖြစ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ […]

ရော်နယ်ဒိုကို အတုယူကြိုးစားနေတဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီးဘောလုံးသမားလေး

June 18, 2022 authorphyo 0

ကမ္ဘာ့အလှဆုံး အမျိုးသမီးဘောလုံးသမားဖြစ်တဲ့ အန်နာမာရီယာမာကိုဗစ်က ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုကို အားကျအတုယူကြိုးစားခဲ့ပြီးနောက် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတယ်လို့ ပြောပါတယ်။ ဆွစ်ဇာလန်ကလပ် ဂရက်ဟော့ပါးအသင်းမှာ ကစားနေတဲ့ အသက် ၂၂ နှစ်အရွယ်ရှိ မာကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်က ခရိုအေးရှား အမျိုးသမီးလက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတာပါ။ ဆွစ်ဇာလန်ဖွား ခရိုအေးရှားလက်ရွေးစင်ဖြစ်တဲ့ မာကိုဗစ်က သူ့အနေနဲ့ […]

ရောမမှာ မော်ရင်ညိုနဲ့ ရော်နယ်ဒိုတို့ ပြန်လည်လက်တွဲတော့မှာလား

June 17, 2022 authorphyo 0

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ နည်းပြသစ် တန်ဟတ်ရဲ့စီမံကိန်းမှာ သူပါဝင်တယ်လို့ မခံစားရတာကြောင့် ယခုနွေရာသီအတွင်း အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကို ပြန်ရောက်လာပြီးနောက် အသင်းအတွက် ၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် အေဂျက်စ်နည်းပြဟောင်း တန်ဟတ် ရောက်လာတာက […]

ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ဆာလာကို ကောင်းကောင်းကြီး Trolled လိုက်တဲ့ မိုဒရစ်

June 17, 2022 authorphyo 0

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးကို ရီးရဲလ်အသင်း အနိုင်ရခဲ့ပြီးနောက် ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်က လီဗာပူးတိုက်စစ်မှူး ဆာလာကို နောက်တစ်ကြိမ် ထပ်ကြိုးစားပါဦးလို့ ပြောလိုက်ပါတယ်။ ရီးရဲလ်ဟာ ဗင်နီစီးယပ်စ်ရဲ့ ဒုတိယပိုင်းသွင်းဂိုးကြောင့် လီဗာပူးကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားလည်း ဖြစ်လာခဲ့ပါတယ်။ ဗိုလ်လုပွဲမတိုင်ခင် ဆာလာက ၂၀၁၈ […]